အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် လက်ထဲကို နျူကလီးယားစွမ်းအင်သုံးလက်နက် တစုံတရာ ရောက်ရှိသွားရင် ဒေသတွင်းနိုင်ငံတွေအတွက် မတွေးဝံ့စရာ အခြေအနေတစ်ခု ဖြစ်လာနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ် – ၁၂/၂၀၂၅” မှာ ပြောကြားလိုက်ပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ နျူကလီးယားနည်းပညာရရှိရေး အရှိန်မြှင့် ကြိုးပမ်းလာမှုကို NUG အစိုးရအနေနဲ့ အလေးအနက် စိုးရိမ်ပူပန်မိပြီး မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေအတွက်သာမက အာဆီယံဒေသတွင်း ပြည်သူတွေအားလုံးရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ ကိစ္စဖြစ်တယ်လို့ ဆိုပါတယ်။

“လက်ရှိအချိန်မှာ တိုင်းပြည်ဘဏ္ဍာနဲ့ ဝယ်ယူထားတဲ့ စစ်လက်နက်ပစ္စည်းတွေကို စိတ်တိုင်းကျအသုံးပြုပြီး မြန်မာပြည်သူလူထုကို နေ့စဉ်ရက်ဆက် တိုက်ခိုက်သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လက်ထဲကို နျူကလီးယားစွမ်းအင်သုံး လက်နက် တစုံတရာ ရောက်ရှိသွားမယ်ဆိုရင် ဒါဟာ ဒေသတွင်း နိုင်ငံတွေအတွက်ပါ မတွေးဝံ့စရာ အခြေအနေတခု ဖြစ်သွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ နျူကလီးယား စွမ်းအင်ရရှိရေး အစီအစဉ်တွေ ဆောင်ရွက်နေမှုကို အထူးအလေးအနက်ထား စဉ်းစားပြီး လိုအပ်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ လုပ်ကြဖို့ တိုက်တွန်းလိုပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံဟာ အရပ်သားအစိုးရ လက်ထက် ၂၀၁၆ ခုနှစ်မှာ နျူကလီးယားဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ကွန်ဗင်းရှင်းနဲ့ နျူကလီးယားပစ္စည်းတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ကာကွယ်မှု ကွန်ဗင်းရှင်းတို့ကို အတည်ပြု လက်မှတ်ရေးထိုးခဲ့သလို နျူကလီးယားလက်နက် စမ်းသပ်မှုများ အလုံးစုံတားမြစ်ရေးစာချုပ် (CTBT) ကိုလည်း ၂၀၁၇ ခုနှစ်မှာ အတည်ပြု လက်မှတ်ရေးထိုးခဲ့ကာ နျူကလီးယား လက်နက်များတားမြစ်ရေးစာချုပ် (TPNW) ကိုလည်း ၂၀၁၈ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

“နျူကလီးယား နည်းပညာကို ပိုင်ဆိုင်ပြီး စစ်ရေးအတွက် အသုံးချဖို့ဟာ စစ်အာဏာရှင်အဆက်ဆက်တို့ရဲ့ နိုင်ငံ့အာဏာကို ထာဝရစိုးမိုးထိန်းချုပ်နိုင်ရေးအတွက် အစဉ်တစိုက် ကြိုးစားခဲ့တဲ့ အိပ်မက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံအကြား နျူကလီးယားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဟာ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၀၇ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး ဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ်မှာ ရုရှကုမ္ပဏီ ROSATOM နဲ့ ပထမဆုံး နားလည်မှုစာချွန်လွှာ ထိုးခဲ့ပေမယ့် NLD အစိုးရလက်ထက်တွင် ရပ်တန့်ခဲ့ပါတယ်။ အဲဒီ့နောက် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အဲဒီ့ နျူကလီးယားအိပ်မက်ကို ပြန်လည် အသက်သွင်းလာတာဖြစ်တယ်” လို့ ဦးနေဘုန်းလတ်က ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ရွာငံတွင် ထွေအုပ်ဝန်ထမ်းများ ဖမ်းခံရမှုကြောင့် အရှေ့မြင်အနောက်မြင် တောင်တန်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မှာ ထွေအုပ်ဝန်ထမ်းတွေ ဖမ်းဆီးခံရမှုနဲ့အတူ စစ်ကောင်စီက မြဧတီကျေးရွာကို အကြမ်းဖက်စီးနင်း ရှာဖွေခဲ့တယ်လို့ ရွာငံဒေသခံ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

သာဂရမြို့ဟောင်းက မြို့ရိုးတွေ ဖြိုချနေမှုမှာ ဗထူးတပ်မတော် ပါဝင်ပတ်သက်နေတယ်လို့ ပြောဆိုမှုတွေရှိနေ၊ စွပ်စွဲမှုတွေအပေါ် ဗထူးတပ်မတော် ငြင်းဆို

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်က နှစ် တစ်ထောင် သက်တမ်းရှိ ထားဝယ်ရှေးဟောင်းအမွေအနှစ် သာဂရမြို့ဟောင်း၊ မြို့ရိုးတွေကို စက်ယန္တရားသုံးဖြိုချနေတဲ့ အပေါ် ဝေဖန်ပြောဆိုမှုတွေ မြင့်တက်နေပါတယ်။
Read More

ကျုံဒိုးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး နေအိမ် (၁) လုံးနဲ့ ကွမ်းခြံတစ်ခြံ ထိခိုက်ပျက်စီးခဲ့…

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ် အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး နေအိမ် (၁) လုံးနဲ့ ကွမ်းခြံတစ်ခြံ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ချင်းမိုင်မှာ ထိုင်းအာဏာပိုင်များ နေအိမ်များကို ဝင်ရောက်စစ်ဆေးစဉ် အထောက်အထားမဲ့ မြန်မာများကို မူးယစ်ဆေးဝါးတွေနှင့်အတူ ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အထောက်အထားမဲ့ မြန်မာ နိုင်ငံသား ၈ ယောက် ဖမ်းဆီးရမိပြီး ၆ ယောက်ကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ သေဒဏ်ချထားတဲ့ CDM ရေတပ်သား ကိုပြည့်စုံဦး အင်းစိန်ထောင်ထဲမှာပဲ ကွယ်လွန်

ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်မှာ သေဒဏ်ကျခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုပြည့်စုံဦးဟာ အကျဉ်းထောင်ထဲမှာပဲ ကွယ်လွန်သွားပြီဖြစ်ကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက လူငယ်တွေကို အပျော်အပါးနဲ့ ဖျက်ဆီးကာ စစ်မှုထမ်းဖို့ ဆွဲဆောင်နေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်မှာ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ်တွေကို စစ်ကောင်စီက ပျော်ပါးခွင့် အပြည့်ပေးထားကာ စစ်မှုထမ်းဖို့ ဆွဲဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။