ဗန်းမောက်နဲ့ ကချင်ပြည်နယ်အစပ်ရှိ ခေါင်းတုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့ ထိတွေ့မှုဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူထံက သိရပါတယ်။

ဇွန်လ ၉ ရက် မနက် ၅ နာရီလောက်က လေသာကုန်း နဲ့ ဘူးတောင်ကြားမှာ SNA တပ်ဖွဲ့ နဲ့ KIA ပူးပေါင်းတပ်တို့ ထိတွေ့ပစ်ခတ်မှု ၄ နာရီနီးပါးဖြစ်ပွားခဲ့ကာ SNA ဘက်က ထိခိုက်သေဆုံးသူတွေရှိသလို လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိထားတယ်လို့ ဆိုပါတယ်။

“သူတို့ SNA လူသေအလောင်းရတယ်လို့ ကြားတယ်။ လက်နက်တချို့လည်း ရတယ်လို့ပြောတယ်။ ကိုယ့်ဘက်က ရဲဘော်တွေတော့ အထိအခိုက်မရှိဘူး၊ သူတို့တွေ နန်းအော့၊ နန်းမားဘက်ကို ပြန်ဆုတ်သွားတယ်” လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူက မောင်းကိုပြောပါတယ်။

ပစ်ခတ်မှုပြီးတာနဲ့ SNA တပ်ဖွဲ့ဟာ ရွာသား ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ဖမ်းဆီးခံရတဲ့သူတွေထဲမှာ အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ SNA တပ်တွေဟာ အင်အား ၂၀၀ ဝန်းကျင်နဲ့ ဇွန်လ ၂ ရက်နေ့မှာ ဗန်းမောက်နဲ့ ကချင်ပြည်နယ်အစပ်ရှိ ခေါင်းတုန်းကျေးရွာမှာ ဝင်ရောက်အထိုင်ချကာ ရွာထဲက ကလေးတွေကို စာသင်ပေးနေတဲ့ Volenteer ဆရာ ၃ ယောက်အပါအဝင် အသက် ၆၀ ကျော်အရွယ် လူကြီးတွေကိုပါ အတင်းအဓမ္မဖမ်းဆီးထားပြီး လူသစ်စုဆောင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

SNA ထံမှ သိမ်းဆည်းရရှိသည့် စစ်လက်နက်အချို့
0 Shares:
You May Also Like
Read More

လောင်းရှည်တိုက်နယ်မှာ ဆန္ဒထုတ်ဖော်လို့ စစ်ကောင်စီ ဖမ်းဆီးထားတဲ့ အရပ်သားပြည်သူ ၅ ယောက်ရဲ့ မိသားစုဝင်တွေကို PDF က ကူညီထောက်ပံ့…

မကွေးတိုင်း၊ ဆောမြို့နယ်၊ လောင်းရှည်တိုက်နယ်မှာ ၂၀၂၁ ခုနှစ် လူထုဆန္ဒထုတ်ဖော်ချိန်ကစလို့ အခုချိန်အထိ ဆန္ဒထုတ်ဖော်လို့ အဖမ်းခံခဲ့ရတဲ့ အရပ်သားပြည်သူ ၅ ယောက်ရဲ့ မိသားစုတွေကို ဂန့်ဂေါခရိုင်အမှတ်(၆)တပ်ရင်းက ထောက်ပံ့ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ရေးမြို့နယ်က ခမရ ၅၉၁ တပ်ရင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၅၉၁ တပ်ရင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ Saw Dragon Drone Force – SDDF က ထုတ်ပြန်ထားပါတယ်။
Read More

နိုင်ငံတဝန်း ရေဘေးကြောင့် သေဆုံးရသူ ၁၁၀ ကျော်သွားပြီလို့ စစ်ကောင်စီထုတ်ပြန်၊ မြေပြင်မှာ အရေအတွက် ပိုမိုများပြားနိုင်ကြောင်း လူမှုကူညီရေးအသင်းတွေပြော

နိုင်ငံတစ်ဝန်း ရေကြီးမြေပြိုမှုတွေကြောင့် သေဆုံးသူ ၁၁၀ ကျော်သွားပြီဖြစ်ကာ ၆၄ ယောက် ပျောက်ဆုံးနေတယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးက ဒီနေ့ စက်တင်ဘာ ၁၆ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း ရာဂီအရှိန်ကြောင့် တစ်နိုင်ငံလုံးမှာ သေဆုံးသူ ၁၁၃ ယောက်ရှိပြီး ပျောက်ဆုံးသူ ၆၄ ယောက်၊ ဒဏ်ရာရရှိသူ ၁၄ ယောက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
Read More

နွေဦးတော်လှန်ရေး၏ အခြေအနေကြောင့် လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှု အရှိန်အဟုန်မြှင့်ရန်လိုအပ်ဟု ကိုနန်းလင်း တိုက်တွန်း

နွေဦးတော်လှန်ရေးရဲ့အခြေအနေတွေကြောင့် လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှုကို အရှိန်အဟုန်မြှင့်ဖို့ လိုအပ်တယ်လို့ သပိတ်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကိုနန်းလင်းက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားဆိုလိုက်ပါတယ်။ လာမယ့် ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ အပြင်မထွက်၊ အသံတိတ်သပိတ်ပြုလုပ်ပြီး လူထုလှုပ်ရှားမှုတစ်ရပ် ဆင်နွှဲကြဖို့ရှိပါတယ်။
Read More

သံဖြူဇရပ်-ရေးအမြန်လမ်းတွင် ရွေးကောက်ပွဲ သင်တန်းတက်မည့် Non-CDM ပညာရေးဝန်ထမ်းများကို ဖမ်းမိ၊ ခံဝန်ကတိ လက်မှတ်ထိုးခိုင်းကာ ပြန်လွှတ်ပေးခဲ့

မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေး အမြန်လမ်းမှာ တော်လှန်ရေးတပ်တွေ လုံခြုံရေးယူနေချိန် စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတွက် သင်တန်းတက်မယ့် Non-CDM ပညာရေးဝန်ထမ်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က သတင်းထုတ်ပြန်ပါတယ်။ 
Read More

လေ့ကေကော်မြို့သစ်အနီးက စွယ်တော်ကုန်းမှာ တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်တိုက်ဂိုထောင် မီးလောင်

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးက လေ့ကေကော်မြို့သစ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အမြှောက်ကုန်း ခေါ် စွယ်တော်ကုန်းမှာ စက်တင်ဘာ ၃၀ ရက် ဒီနေ့မနက် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်ရဲ့ ခဲယမ်းဂိုထောင်မီးလောင်ခဲ့တယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။