စစ်ကိုင်းတိုင်း မုံရွာကနေ ကြေးနီနဲ့ ကျောက်စိမ်းတင်လာတဲ့ စစ်ကောင်စီရေယာဉ် ၁၉ စီးကို စက်တင် ဘာ ၂၁ ရက် မနက်ပိုင်းက ရှေ့ထွက်ပြောင်းတိုက် ၇ ပွိုင့် ၁၄ လုံးနဲ့ ၂ ကြိမ်ခွဲပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Brave Heart Army – BHA အဖွဲ့ထံက သိရပါတယ်။
တိုက်ခိုက်မှုကြောင့် ရေယာဉ်ပေါ်က အကြမ်းဖက်စစ်တပ်ဗိုလ် ၁ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။ ရေယာဉ်ပေါ်ကနေ လက်နက်ကြီး၊ စက်လက် တွေနဲ့ ပြန်လည်ပစ်ခတ်ပေမယ့် ပြည်သူ့ရဲဘော်တွေ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီစစ်ဆင်ရေးကို Chindwin Fighter Group(C.F.G) ၊ ဗန္ဓုလနှင့်အဖွဲ့သားများ၊ Brave Heart Army(BHA)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ခရီးသည် ၁၇၉ ဦး လိုက်ပါလာတဲ့ American Airlines လေယာဥ်မီးလောင်၊ ခရီးသည်တွေကို အရေးပေါ်ကယ်ဆယ်နိုင်ခဲ့

အမေရိကန် Denver အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ American Airlines လေကြောင်း လေယာဉ်တစ်စင်းဟာ မထွက်ခွာမီ လေယာဉ်ဘီးချို့ယွင်းမှုကတဆင့် မီးလောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

မုံရွာ-အရာတော်လမ်းပိုင်းမှာ အကြမ်းဖက်စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ပြီး ဓားစာခံပြည်သူတွေကို ကယ်ထုတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းပိုင်းမှာ စက်တင်ဘာ ၄ ရက်ကနေ စက်တင်ဘာ ၉ ရက်အထိ ရက်ရှည်ကင်းပုန်းဝပ်ပြီး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ၃ ကြိမ်တိုင် ပြောက်ကျားတိုက်ခိုက်ခဲ့တယ်လို့ MPDF – DEMO တပ်ခွဲထံက သိရပါတယ်။
Read More

နွားထိုးကြီးမြို့ပေါ်ရှိ ထွေအုပ်ရုံးမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း နွားထိုးကြီးမြို့ပေါ်ရှိ ထွေအုပ်ရုံးမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီလက် အောက်ခံတွေကို နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက Shar Htoo Waw နည်းပညာနဲ့ Fixed Wings ဒရုန်းနဲ့ ဗုံးသီး ၄ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence (မြင်းခြံခရိုင်အမှတ် -၄တပ်ရင်း)ထံက သိရပါတယ်။
Read More

စစ်တောင်းမြစ်အရှေ့ဘက်ကမ်း တိုက်ပွဲတွင် ဗိုလ် ၄ ယောက် အပါအဝင် စစ်သားအများအပြားသေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းကျေးရွာတွေဆီ အင်အားအလုံး အရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး ဗိုလ် ၄ ယောက် အပါအဝင် စစ်သားအများအပြား သေဆုံးခဲ့တယ်လို့ Nay Pyi Taw PDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောကျီးကန်း ၇ ကောင် တပ်ရင်းက ပထမဆုံးအကြိမ်အဖြစ် ရဲဘော် ၂ ယောက်ကျဆုံးခဲ့ရ (ရုပ်/သံ)

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် ရေဖြူကန်ကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို စက်တင်ဘာ ၂၇ ရက် ညပိုင်းက တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရင်း တောကျီးကန်း ၇ ကောင် တပ်ရင်းက ရဲဘော် ၂ ယောက်ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
Read More

BIMSTEC ကျင်းပရာ ဟော်တယ်အတွင်း ကျောင်းသားတစ်ဦး စစ်ခေါင်းဆောင်ကို မင်းအောင်လှိုင်ကို သွားရောက်ဆန္ဒပြ

ယနေ့ မတ်လ ၄ ရက် ညနေ ၄ နာရီခွဲခန့်က   “ပုန်း" (အမည်လွှဲ) လို့အမည်ရတဲ့ တက္ကသိုလ် ပထမနှစ်ကျောင်းသားတစ်ဦးဟာ BIMSTEC အစည်းအဝေး တက်ရောက်ဖို့ ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်နေတဲ့ ဘန်ကောက်မြို့၊ ရှန်ဂရီလာဟိုတယ်မှာ သွားရောက်ဆန္ဒပြခဲ့ပါတယ်။