ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ကနေ စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂၇ ဗျူဟာက ဒီနေ့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ခမရ ၄၄၀ တပ်ရင်းကနေ စစ်သား ၂ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဇွန်လ ၈ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဗျူဟာ (၂၇) ကို ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်ဆီ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်သား ၂ ယောက်ဟာ စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းစုဆောင်းထားသူတွေဖြစ်ပြီး အပတ်စဥ် ၃ နဲ့ အပတ်စဥ် ၈ စစ်မှုထမ်းသင်တန်းဆင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဗျူဟာ (၂၇) အနေနဲ့လည်း အလင်းဝင်စစ်သား ၂ ယောက်ကို နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သဲကုန်းတွင် စစ်တပ်ထောက်တိုင် ဒလန်တစ်ဦးကို တော်လှန်ရေးရဲဘော်များ ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အတွက် စစ်မှုထမ်း စုဆောင်းပေးနေတဲ့ စစ်တပ်ထောက်တိုင် ဒလန်ဖြစ်သူကို ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ ၃၆၀၁ တပ်ရင်း၊ တပ်ခွဲ (၄) ရဲဘော်တွေ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေဘိုက ညောင်ကိုင်းကျေးရွာပျူစခန်းကို စခန်းစွန်ခွာ ထွက်ပြေးအောင် ရွှေဘို ပကဖ နည်းလမ်း မျိုးစုံ အသုံးပြု ဆောင်ရွက်နိုင်ခဲ့…

စစ်ကိုင်းတိုင်း၊ ရွှေဘို မြို့နယ်၊ ညောင်ကိုင်းကျေးရွာအတွင်း တပ်စွဲနေတဲ့ ပျူစောထီးနဲ့ အကြမ်းဖက်စစ်တပ်ကို စခန်းစွန့်ခွာ ထွက်ပြေးစေဖို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က နည်းလမ်း မျိုးစုံ အသုံးပြု ဆောင်ရွက်နိုင်ခဲ့တယ်လို့ ပကဖ အသံ သတင်းဖော်ပြထားပါတယ်။
Read More

စစ်မှုထမ်း ဥပဒေ တစ်နှစ်ပြည့်မြောက်ချိန်မှာ အပတ်စဉ် (၁၀) စစ်သင်တန်းကို စစ်ကောင်စီက စတင်ဖွင့်လှစ်

စစ်ကောင်စီက မတရားသတ်မှတ်ပြဋ္ဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေ တစ်နှစ်ပြည့်မြောက်ချိန်မှာတော့  စစ်မှုထမ်း အပတ်စဉ် (၁၀) အထိရောက်ရှိလာပြီး သင်တန်းဖွင့်ပွဲကို မနေ့က ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

KIA ရဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေပြီး ထောင်နဲ့ချီတဲ့ အရပ်သားပြည်သူတွေ မြို့တွင်းမှာပိတ်မိနေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ KIA နဲ့ စစ်ကောင်စီတို့ရဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့်  ထောင်နဲ့ချီတဲ့ အရပ်သားပြည်သူတွေ ပိတ်မိနေတယ်လို့  ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ပေါင်းတလည် အထက်တန်းကျောင်းရှေ့ အကြမ်းဖက်ဂိတ်စခန်းကို တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတလည်မြို့ရှိ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ အထက်တန်းကျောင်းရှေ့ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သား ၂ယောက် နေရာမှာတင် သေဆုံးခဲ့တယ်လို့ ၃၆၀၁ တပ်ရင်း PPDF က သတင်းထုတ်ပြန်ပါတယ်။
Read More

ပွန်ချောင်းတံတား ပြန်လည်တည်ဆောက်နေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဆီဆိုင်မြို့နယ်နဲ့ မောက်မယ်မြို့နယ်ကို ဆက်သွယ်ထားတဲ ပွန်ချောင်းတံတား ပြန်လည်တည်ဆောက်နေတဲ့ ပုံရိပ်တွေကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။