ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ တအာင်းတပ်မတော် TNLA တည်ရှိရာကို အကြမ်းဖက်စစ်ကောင်စီတပ် ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ (၉)ရက် မနေ့က မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ် ထိုးစစ်ဆင်လာတာကြောင့် ပိန္နဲကုန်းနဲ့ ကန်ကြီးကျေးရွာကြား TNLA နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လက်နက်ကြီး (၂၇)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၈)ရက်ကလည်း နောင်ချိုမြို့နယ်ရှိ ရှောက်ခြံကျေးရွာ၊ ကန်ကြီးကျေးရွာနဲ့ လက်ပန်ကုန်းကျေးရွာတို့မှာ စစ်ကောင်စီတပ် ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA က ဆိုပါတယ်။

တိုက်ပွဲအတွင်း အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး (၁၂)လုံး၊ လက်နက်ကြီး (၁၈)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ (၇)ရက်ကလည်း တအာင်းတပ်မတော် TNLA တည်ရှိရာ ကန်ကြီးကျေးရွာ၊ ညောင်တောနဲ့ နောင်ချိုကြီးကျေးရွာတို့ဘက်မှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၄)ရက်ကလည်း စစ်ကောင်စီတပ်က နောင်ချိုမြို့အတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား (၂) ယောက်နဲ့ အမျိုးသမီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂)လုံးနဲ့ ဘုန်းကြီးကျောင်း (၁)ကျောင်း ဗုံးစထိမှန်ပျက်စီးခဲ့သေးတယ်။

ဇွန်လကုန်အထိ ဟန်ပြအပစ်ရပ် ကြေညာထားတဲ့ စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့နယ်အတွင်း ထိုးစစ်ဆင်ခြင်း၊ စစ်အင်အား ဖြည့်တင်းခြင်း၊ ဒရုန်းနဲ့ ဗုံးကြဲချခြင်း၊ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခြင်းတွေ လုပ်ဆောင်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်မှာ ၂ ငါးလုံးအထိမ်းအမှတ်အဖြစ် “ငုံ့မခံနဲ့တုံ့ပြန်၊အံတုတွန်းလှန် ဖက်ဆစ်ဒဏ်”စာသားကို ကိုင်ဆောင်ပြီး လမ်းလယ်ခေါင်မှာ ဆန္ဒထုတ်ဖော်…

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့တစ်နေရာမှာ ၂ ငါးလုံးနေ့ အထိမ်းအမှတ်အဖြစ် “ငုံ့မခံနဲ့တုံ့ပြန်၊အံတုတွန်းလှန် ဖက်ဆစ်ဒဏ်” စာသားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ရန်ကုန်တော်လှန်လူငယ်တွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လားရှိုးနဲ့ သိန္နီက စစ်ရှောင်တွေအတွက် ရိက္ခာ နဲ့ အသုံးအဆောင်တွေ ထောက်ပံ့ (ဓာတ်ပုံသတင်း)

လားရှိုးမြို့နယ်နဲ့ သိန္နီမြို့နယ်တို့က စစ်ရှောင်ပြည်သူတွေအတွက် Lashio F.Y.O ပရဟိတအဖွဲ့က စားနပ်ရိက္ခာနဲ့ အသုံးဆောင်ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တယ်လို့ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲအတွင်း လာရောက်ပစ်ခတ်တဲ့ အကြမ်းဖက်စစ်ကော်မရှင်၏ လေယာဉ်ကို KNU တပ်ဖွဲ့က ပစ်ခတ်မှု လေယာဉ်ထိမှန်သွားဟု ဆို…

တနင်္သာရီတိုင်း ၊ တနင်္သာရီမြို့နယ်ရှိ သိန်းခွန်းကျေးရွာအနီးနားမှာ အကြမ်းဖက်စစ်ကော်မရှင်တပ် နဲ့ KNU ပူးပေါင်းတပ်တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်တပ်ရဲ့ လေယာဥ်ကို ထိမှန်အောင်ပစ်ခတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပေါက်မှ ပခုက္ကူသို့ ပြန်လာသည့် အကြမ်းဖက်စစ်ကြောင်း ရွာ ၃ ရွာအား မီးရှို့ဖျက်ဆီး၊ ဂျက်ဖိုက်တာဖြင့် အကြောင်းမဲ့ ဗုံးကြဲသည့်အတွက် အရပ်သား ၂ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ အင်အားအလုံးအရင်းသုံး ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းက ကျေးရွာ ၃ ရွာကို မီးရှို့ဖျက်ဆီးရင်း လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၂ ယောက် သေဆုံးခဲ့ကြောင်း အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

ကြို့ပင်ကောက်မှာ စစ်မှုထမ်းကြေး တစ်အိမ်ထောင် ၃သိန်း ငွေညှစ်နေတဲ့ ရာအိမ်မှူး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ်မှာ တစ်အိမ်ထောင် စစ်မှုထမ်းကြေး ၃သိန်း တောင်းခံနေတဲ့ ကြို့ပင်စခန်းအုပ်စု ရာအိမ်မှူးသိန်းဦးကို နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းပြီး လေသေနတ် ၁လက်ကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ တာဝန်ခံ ကိုတေဇမင်းက မောင်းကိုပြောပါတယ်
Read More

သရက်ချောင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ် ကလေးအပါ ပြည်သူ (၄) ဦး ထိခိုက်ဒဏ်ရာရ၊ ပြည်သူ‌နေအိမ် (၂) လုံး ထိခိုက်ပျက်စီး

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။