စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်နဲ့ ဝန်းသိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင် တပ်ရင်း ၁ – Kawlin People Defence Force က မနေ့က ထုတ်ပြန်ပါတယ်။

ဇွန်လ ၉ ရက် မနေ့ကညပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစ်စီးဟာ ကောလင်းမြို့နယ်အရှေ့ခြမ်း ဖလဲကျေးရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာက ဗုံးသီး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၁ ယောက် ထိခိုက်ဒဏ်ရာရပြီး ဗုံးသီးကျရောက်ရာ နေအိမ် ၆ လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအပြီး ၁၀ မိနစ်ခန့်အကြာမှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာက ၀န်းသိုမြို့နယ်၊ ကံကုန်းကျေးရွာတစ်နေရာကိုလည်း လေ‌ကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရေဘေးသင့် ပြည်သူတွေကို ပဲခူးခရိုင် အမှတ် ၂ တပ်ရင်းက သွားရောက်ကူညီထောက်ပံ့ခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း - 3702 (PDF) တပ်ရင်းအနေနဲ့ စိုးမိုးနယ်မြေဒေသတွေအတွင်း ရေဘေးအန္တရာယ် ကျရောက်နေတဲ့ ကျေးရွာတွေ ၊ ရေဘေးရှောင်နေကြတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေကို အားပေးစကားပြောကြားခြင်း ၊ အခြေခံစားသောက်ကုန်တွေ သွားရောက်ကူညီပေးခြင်းတွေကို တပ်ရင်း တာဝန်ရှိသူတွေနဲ့ တပ်ဖွဲ့ဝင်ရဲဘော်တွေက ကွင်းဆင်းကူညီဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Read More

ပေါင်မြို့နယ် ဇင်ယော်ရွာက လူငယ်၂၀ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်က လူငယ် ၂ဝ ယောက်ကို စစ်မှုထမ်းဖို့ စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က အသိပေးထုတ်ပြန်ပါတယ်။
Read More

တောင်သာနဲ့ နွားထိုးကြီးမှာ စစ်ကောင်စီ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၂ ယောက် သေဆုံး၊ အများအပြား ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်ထဲက တောင်သာနဲ့ နွားထိုးကြီးမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ၃ရက်ဆ​က် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ​၂ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်း သယံဇာတရေးရာကိစ္စရပ်များအတွက် NUG သယံဇာတ ဒုဝန်ကြီး ဦးဆောင်သည့်အဖွဲ့ မြေပြင်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

စစ်ကိုင်းတိုင်းအတွင်း စိုးမိုးထိန်းချုပ်နယ်မြေတွေက သယံဇာတရေးရာကိစ္စရပ်တွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဒုဝန်ကြီး ခွန်းစောဖူး ဦးဆောင်တဲ့အဖွဲ့က မြေပြင်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

US ရောက် မြန်မာတွေရဲ့ ၁၄၃ ကြိမ်မြောက် ဆန်ဖရန်စစ္စကို မြေပြင် လူထုသပိတ်တိုက်ပွဲ (ဓာတ်ပုံသတင်း)

ရွေးကောက်ပွဲအကြောင်းပြ သန်းခေါင်စာရင်းကောက်နေမှုအား နည်းမျိုးစုံနဲ့ တိုက်ဖျက်ကြ ဆိုတဲ့ ခေါင်းစဉ်နဲ့ ၁၄၃ ကြိမ်မြောက် စဉ်ဆက်မပြတ် မြေပြင်လူထုသပိတ်တိုက်ပွဲကို အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့မှာ နွေဦးတော်လှန်ရေးပြည်သူတွေက စုပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။
Read More

မိုးကုတ်ဗျူဟာနယ်မြေ၊ ၇ မိုင်ကျေးရွာတိုက်ပွဲမှာ PDF ရဲဘော် ၁၂ ဦး ကျဆုံး

မန္တလေးတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးကုတ်ဗျူဟာနယ်မြေက ၇ မိုင်ကျေးရွာတိုက်ပွဲမှာ မိုးကုတ်ဗျူဟာက PDF ရဲဘော် ၆ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။