ဂျပန်နိုင်ငံရှိ မြို့တော် တိုကျိုအပါအဝင် မြို့ကြီး ၄ မြို့မှာ အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံကူညီနေတာတွေ ရပ်တန့်ဖို့နဲ့ မြန်မာ့အရေး ဝင်ရောက်မစွက်ဖက်ဖို့ တရုတ်အစိုးရကို ချီတက်ဆန္ဒပြခဲ့တယ်လို့ NUG Support Team Japan က မနေ့က ထုတ်ပြန်ပါတယ်။

ဂျပန်နိုင်ငံရှိ တိုကျို၊ အိုဆာကာ၊ နာဂိုယာနဲ့ ရှီဇူအိုကာမြို့တွေမှာ ဂျပန်ရောက်မြန်မာတွေက မြန်မာပြည်သူတွေကို အကြမ်းဖက်နေတဲ့ စစ်ကောင်စီကို ထောက်ခံကာ မြန်မာ့ပြည်တွင်းရေးကို ဗြောင်ကျကျ ဝင်ရောက်စွက်ဖက်နေတဲ့ တရုတ်အစိုးရရဲ့ လုပ်ရပ်တွေ ချက်ချင်းရပ်တန့်ဖို့နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAO) တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေကို အလွန်အကျွံ ဖိအားပေးနေတာတွေကို ရပ်တန့်ဖို့ လမ်းလျှောက်ဆန္ဒပြခဲ့တယ်လို့ ဆိုပါတယ်။

‌ဆန္ဒပြသူတွေဟာ မြန်မာပြည်သူတွေရဲ ဆန္ဒကိုအလေးထားဖို့ ၊ မြန်မာ့အရေး ဝင်မပါဖို့ ၊ ငါတို့အနာဂတ် ငါတို့ဆုံးဖြတ်မယ်၊ အကြမ်းဖက်အဖွဲ့ မြန်မာစစ်တပ်ကို ထောက်ခံမှုတွေ ရပ် စတဲ့ စာသားတွေ ပါဝင်တဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင် ဆန္ဒထုတ်​ဖော်ခဲ့တယ်လို့ သိရပါတယ်။

တရုတ်အစိုးရအနေနဲ့ မြန်မာပြည်သူတွေရဲ့ သဘောထားဆန္ဒတွေကို မျက်ကွက်ပြုပြီး အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံနေတာဟာ ဘန်ဒေါင်းသဘောတူညီချက်ကို ချိုးဖောက်နေတာဖြစ်တယ်လို့လည်း NUG Support Team Japan က ဆိုပါတယ်။

တရုတ်အစိုးရရဲ့လုပ်ရပ်တွေကို ကန့်ကွက်တဲ့ စာကိုလည်း ဂျပန်နိုင်ငံရှိ တရုတ်သံရုံးကို ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ဇွန်လ ၆ ရက်မှာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ NUG Support Team Japan)

0 Shares:
You May Also Like
Read More

AA ခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်ပေးရန် အာဂျင်တီးနားတရားရုံးထံ ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့အစည်း တောင်းဆို

အာရက္ခတပ်တော် (AA) ရဲ့ ခေါင်း‌ဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်နဲ့ အမိန့်ပေးကွပ်ကဲမှုတွေမှာ ပါဝင်သူတွေကို ဖမ်းဝရမ်းထုတ်ပေးဖို့ ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့အစည်း (BROUK) က အာဂျင်တီးနား ဖက်ဒရယ်တရားရုံးကို တောင်းဆိုလိုက်တယ်လို့ စက်တင်ဘာ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ထိုင်းနိုင်ငံတွင် ငွေလိမ်ဂိုဏ်းကို ဝင်ရောက်ဖမ်းဆီးရာ မြန်မာနိုင်ငံသား ၃ဦးနှင့် ဘတ်ငွေ ၄၆သန်းကျော် ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ နယ်စပ်ဖြတ်ကျော် ငွေကြေးလိမ်လည်မှု လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၃ယောက်ကို ထိုင်းဘတ်ငွေ ၄၆ သန်းကျော်နဲ့အတူ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

ငွေလိမ်ဂိုဏ်းပြဿနာများအတွက် တရုတ်သမ္မတနှင့် ထိုင်းဝန်ကြးချုပ် တွေ့ဆုံ

ထိုင်းနိုင်ငံရဲ့ မြန်မာနဲ့ ကမ္ဘောဒီးယားနယ်စပ်တလျှောက် ကြီးထွားလာနေတဲ့ ငွေလိမ်ဂိုဏ်းပြဿနာတွေအတွက် ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ်ထရာက ဖေဖော်ဝါရီလ ၆ ရက်မှာ တရုတ်သမ္မတရှီကျင့်ပင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
Read More

လားရှိုးမြို့ထဲ စစ်ကောင်စီတပ်များကို ခေါ်သွင်းလာသည့် တရုတ်က မြန်မာ့အရေး ဝင်မစွက်ဖက်ဟု ဆို

၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA ကိုးကန့်တပ်မတော် ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို တရုတ်ရဲ့ ကြားဝင်စွက်ဖက်မှုနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ ပြန်လည် ဝင်ရောက်လာခဲ့ပေမယ့် မြန်မာ့အရေးမှာ တရုတ်က ကြားဝင်စွက်ဖက်မှုမရှိဘူးလို့ တရုတ်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ဧပြီလ ၂၁ ရက် မနေ့က ပြုလုပ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
Read More

မြန်မာနိုင်ငံဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိုင်းနိုင်ငံဘက်ခြမ်းမှာ ကျရောက်ပေါက်ကွဲခဲ့တဲ့ ရုပ်သံဖိုင်

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ကျေးရွာအတွင်းကို မြန်မာဘက်ခြမ်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့ ရုပ်သံဖိုင်ကို ထိုင်းမီဒီယာတွေ ဖော်ပြလာပါတယ်။ အဆိုပါဖြစ်ရပ်ဟာ ဒီဇင်ဘာ ၅ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ဟာ ကျေးရွာဒေသခံအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

အာဆီယံပူးပေါင်းအဖွဲ့ ငြိမ်းချမ်းရေးအတွက် လာမယ့်အပတ် မြန်မာပြည်လာမည်

အာဆီယံဥက္ကဋ္ဌ မလေးရှားက ဦးဆောင်ပြီး အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေ ပါဝင်တဲ့ အာဆီယံပူးပေါင်းကိုယ်စားလှယ်အဖွဲ့တခုဟာ ငြိမ်းချမ်းရေးနဲ့ လူမျိုးစုလူနည်းစုတွေအပေါ် ကျူးလွန်တဲ့ ရက်စက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လာမယ့်သီတင်းပတ်ထဲ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အဘရာဟင်က ပြောပါတယ်။