မကွေးတိုင်း၊ နတ်မောက်မြို့နယ်ဘက်ကနေ လေယာဉ်ဆီဘောက်ဆာကား မောင်းလာတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Aung San’s Land Natmauk တပ်ဖွဲ့ဆီက သိရပါတယ်။

ဇွန်လ ၈ ရက် မနက်ပိုင်းလောက်မှာ အဆိုပါ ဆီဘောက်ဆာကားဟာ ရန်ကုန် -မန္တလေး အမြန်လမ်း မိုင်တိုင်၂၆၂ အရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ် ။

“လမ်းပိုင်းလုံခြုံရေးဆောင်ရွက်နေချိန်မှာ သတင်းရရှိခဲ့တာပါ၊ အဲ့မှာဖမ်းဆီးခဲ့တာပါ၊ ဖမ်းဆီးတဲ့အခါမှာလည်း ပြန်လည်ခုခံတာမျိုးမရှိပါဘူး။ သူတို့ဆီကနေ ဆီအပြည့်နဲ့ သက်သေခံစာရွက်စာတန်းများသာရရှိခဲ့တယ် ” လို့ အောင်ဆန်းမြေ တိုက်ခိုက်ရေးအဖွဲ့ခေါင်းဆောင် ဘာမထီ က မောင်း ကိုပြောပါတယ် ။

အဆိုပါ လေယာဉ်ဆီကို နမ့်စန်လေတပ်အတွက်သယ်ဆောင်လာတာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဆီတွေကို လေယာဉ်၊ ရဟတ်ယာဉ်၊ စစ်ဆင်ရေးနဲ့ လေ့ကျင့်ပျံသန်းရေး၊ အုပ်ချုပ်မှုသုံးမော်တော်ယာဉ်တွေနဲ့ အစရှိတဲ့နေရာတွေမှာ အသုံးပြုဖို့အတွက် လေတပ်စခန်းဌာနချုပ်ကို ပို့ဆောင်ရခြင်းဖြစ်ကြောင်း သိမ်းဆည်းရရှိထားတဲ့ စာရွက်စာတမ်းထဲမှာ ရေးသားထားပါတယ်။

ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ဟာ အရာခံဗိုလ် မင်းထွဋ်ရဲ့ တပ်ဖွဲ့ဝင်တွေဖြစ်ပြီး သူတို့ ၂ ယောက်ရဲ့ အခြေအနေ‌ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် Aung San’s Land Natmauk ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

0 Shares:
You May Also Like
Read More

ယင်းမာပင်မှာ သပိတ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ် ပူးပေါင်းပြီး တော်လှန်ရုပ်ရှင်ပြပွဲ ပြုလုပ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း တစ်နေရာမှာ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး( BLDF)၊ စစ်ဒေသ (၁)နဲ့ လက်ပံတောင်းတောင်ပင်မ သပိတ်တို့ ပူးပေါင်းပြီး တော်လှန်ရုပ်ရှင်ပြပွဲ ကို စက်တင်ဘာ ၂၅ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အာဏာရှင်သန်းရွှေ တည်ဆောက်ခဲ့သည့် နေပြည်တော်ကို အာဏာရှင် မင်းအောင်လှိုင်က အကွက်ချပြီး မြို့သစ်ပြန်တည်မည်…

စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးမှုတွေ ရှိခဲ့တဲ့ နေပြည်တော်ကို အကြမ်းဖက် မင်းအောင်လှိုင်က အကွက်ချပြီး မြို့သစ်ပြန်တည်မယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။
Read More

ယူကေရောက် တိုင်းရင်းသားတွေ ပင်လုံစာချုပ် (၇၉) နှစ်မြောက် အခမ်းအနား ကျင်းပ (ဓာတ်ပုံသတင်း)

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ ယူကေရောက် ပြည်ထောင်စုဖွားတိုင်းရင်းသားတွေက ပင်လုံစာချုပ်ချုပ်ဆိုခြင်း(၇၉) နှစ်မြောက် အခမ်းအနားကို ဖေဖော်ဝါရီလ ၈ ရက် မနေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

ရေကြီးမြေပြိုမှုတွေကြောင့် တစ်နိုင်ငံလုံးမှာ လူဦးရေ ၃၈၀ ကျော် သေဆုံးခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

အထူးသဖြင့် တိုင်းနဲ့ ပြည်နယ် ၉ ခု၊ မြို့နယ်ပေါင်း ၅၄ မြို့နယ်မှာ ရေကြီးရေလျှံခဲ့ပြီး နေပြည်တော်၊ ကရင်၊ ပဲခူး၊ မန္တလေး၊ ရှမ်း၊ ဧရာဝတီ စတဲ့ တိုင်းနဲ့ပြည်နယ်တွေက လူပေါင်း ၃၈၄ ယောက် သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။
Read More

သဲကုန်းမှာ ပျူစောထီးအဖွဲ့ဝင် ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ နွယ်ကောက်ရွာမှာ နေထိုင်တဲ့ ပျူစောထီးအဖွဲ့ဝင်တစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သဲကုန်းမြို့နယ်ပကဖထံက သိရပါတယ်။
Read More

သရက်ချောင်းမြို့နယ် ကျေးရွာ ၂ ရွာရှိ နေအိမ် ၄၀ ဝန်းကျင်ကို စစ်ကော်မရှင်တပ် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာ ၂ရွာက နေအိမ်တွေကို အကြမ်းဖက် စစ်ကော်မရှင်တပ်က မီးရှို့ဖျက်ဆီးသွားတယ်လို့ Democracy Movement Strike Sommittee – Dawei ထံက သိရပါတယ်။