တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ရွှေဂူတောင်ပေါ်က စစ်ကောင်စီ တပ်စွဲနေထိုင်တဲ့ တောင်ပေါ်ကျောင်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (ဒူရက စစ်ကြောင်း) က သတင်းထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်၊ နေ့လည် ၁ နာရီ ဝန်းကျင်အချိန်မှာ အဆိုပါ စစ်ကောင်စီတပ်စွဲရာနေရာ တောင်ပေါ်ကျောင်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“အဲဒီမှာက တပ်စွဲထားတာ အယောက် ၃၀လောက်ရှိပါတယ်။ ၄ဦးသေတာက မျက်မြင်ပါ။ အများအပြားလည်း ထိခိုက်ဒဏ်ရာရသွားပါတယ်။ စခန်းရခါနီးမှ စစ်ကူရောက်လာတယ်” လို့ ဒူရကစစ်ကြောင်းတာဝန်ခံက မောင်းကို ပြောပါတယ်။

စစ်ကောင်စီစခန်းကို ရခါနီးအချိန်မှာ စစ်ကောင်စီရဲ့ ရေတပ်ရော ကြည်းတပ်ပါ ရောက်လာ‌တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကာ လေကြောင်းပစ်ကူတော့ မရှိခဲ့ဘူးလို့ သူကဆိုပါတယ်။

တိုက်ခိုက်မှုဟာ နေ့လည်၁နာရီကနေ ည ၇ နာရီအထိကြာမြင့်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုကိုတော့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဒူရက စစ်ကြောင်း ဦးဆောင်မှုနဲ့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) ၊ Dawei Guerrilla Revolutionary Foce (DGRF) Tavoy People Liberation Force (TPLF) က္လားသစ္ဆတ်(ကျားသစ်နက်)၊ ဘီလုံးပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းညီနောင်စစ်ကြောင်း တပ်ခွဲ (၁) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ထားဝယ်နှင့် ရေဖြူက စစ်တပ်စစ်ဆေးရေးဂိတ်တွေကို ပစ်ခတ်တိုက်ခိုက်မှု ၅ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်နဲ့ ရေဖြူမြို့က အကြမ်းဖက်စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကို ပစ်ခတ်တိုက်ခိုက်ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကလေး-ဂန့်ဂေါ လမ်းပိုင်းရှိ စစ်ကောင်စီစခန်းတွေ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တဲ့ CDF-KKG Major Operation ကို ABSDF တရားဝင်ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းနဲ့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းအစပ်မှာ Chinland Defense Force - Kalay, Kabaw, Gangaw (CDF-KKG) က Major Operation အဖြစ် ပြုလုပ်ခဲ့တဲ့ စစ်ရေးဖော်ဆောင်မှုတွေမှာ မဟာမိတ်ဖြစ်တဲ့ ချင်းအမျိုးသားတပ်မတော်(CNA) ကွပ်ကဲမှုနဲ့ ကျောင်းသားတပ်မတော် - ABSDF စစ်ကြောင်း(၃) က မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ခန္တီးတွင် စစ်တပ်ဗိုလ်ကြီး လင်းမြတ်ထွန်း ဦးဆောင်သည့် ယာဥ်တန်း တိုက်ခိုက်ခံရပြီး ၄ ဦး သေ၊ ၇ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် ဗိုလ်ကြီး လင်းမြတ်ထွန်း ဦးဆောင်လာတဲ့ ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ယုတ္တိမရှိကြောင်း ထိုင်းလွှတ်တော် အဆောက်အအုံမှာ ဆွေးနွေး

စစ်အာဏာသိမ်းမှုကြောင့် နေ့စဉ် အခြေအနေတွေ ဆိုးရွားနေတဲ့ မြန်မာ့အရေးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က လွှတ်တော်အဆောက်အအုံမှာ ၂ ရက်တာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
Read More

ဘုတလင်တွင် စက်တပ်လေထီးရော ဂျက်ဖိုက်တာဖြင့်ပါ လေကြောင်းတိုက်ခိုက်ခံရပြီး စစ်ရှောင်ကျောင်းသူအပါ ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင်ကျောင်းသူ အပါအဝင် အရပ်သား ၃ ယောက် သေဆုံးခဲ့ကြောင်း Budalin Mobile Team - BMT တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာန၊ ဆေးတပ်ဌာနခွဲရဲ့ ရှေ့တန်းစစ်မြေပြင် ဆေးတပ်သားသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန၊  ဆေးတပ်ဌာနခွဲကနေ ဦးစီးပြုလုပ်တဲ့ ရှေ့တန်းစစ်မြေပြင် ဆေးတပ်သားသင်တန်းရဲ့သင်တန်းဆင်း ပွဲအခမ်းအနားကို စက်တင်ဘာ ၂၇ရက်မှာ ပြုလုပ်ခဲ့တယ်လို့ Nay Pyi Taw PDF က ဒီနေ့မှာ သတင်းဓာတ်ပုံတွေ ထုတ်ပြန်လာပါတယ်။