မန္တလေးတိုင်း မြင်းခြံခရိုင် မြို့သာမြို့ရဲစခန်းအား တော်လှန်ရေးတပ်တွေက လက်နက်ကြီး လက် နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံမှ သတင်းထုတ်ပြန် ထားပါတယ်။

ဇွန်လ ၈ ရက် မနေ့နံနက်အစောပိုင်းက အကြမ်းဖက်စစ်သားနဲ့ ရဲ အင်အား ၅၀ ခန့်အထိုင်ချထားတဲ့ မြို့သာမြို့ ရဲစခန်းအား တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရဲစခန်းအတွင်း ၆၀ မမ လက်နက်ကြီး ၅ လုံး၊ ၄၀ မမ ၃ လုံး ပစ်ခတ်ခဲ့ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ယောက်သေ ဆုံးကာ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြင်းခြံ တိုက်နယ်(၃)နဂါးနီပြောက်ကျား ပြည့်သူ့ကာကွယ်ရေးအဖွဲ့ နှင့်အတူ Sintgaing Revolution Force-SRF ငါန်းဇွန်မြို့နယ် ပကဖ အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲများ အချိန်မရွေးဖြစ်နိုင်တဲ့အတွက် ပြည်သူများအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ ဝေးရာမှာ နေထိုင်ကြဖို့နဲ့ မန္တလေး-မြင်းခြံလမ်းပိုင်း၊ ငါးဇွန်-မြို့သာလမ်းပိုင်းအား ည ၉ နာရီမှ နံနက် ၄ နာရီ အတွင်း ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြဖို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံမှ အသိပေးထုတ်ပြန်ထားပါတယ်။

Video – နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံ

0 Shares:
You May Also Like
Read More

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ၂ ရက် ဝင်ရောက်တိုက်ခိုက်မှု စစ်သားအများအပြားသေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ၂ ရက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ YePhyu People Defence Force - YPPDF ထံက သိရပါတယ်။
Read More

နွားထိုးကြီးတွင် စစ်ကော်မရှင်ကား ပြောက်ကျားတိုက်ခိုက်ခံရပြီး စစ်သား ၃ ဦး သေ၊ သေနတ် ၄ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်သားတွေ စီးနင်းလာတဲ့ကားကို ပြောက် ကျားတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက် သေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Natogyi People Defence Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မဲဆောက်တွင် သေနတ်ပစ်ခတ်ခံရသည့် ထိုင်းရဲအရာရှိကို ကျူးလွန်သူ၏ မိသားစုနှင့် မိတ်ဆွေများက သွားရောက် တောင်းပန် (ရုပ်/သံ)

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ သေနတ်ပစ်ခတ်ခံခဲ့ရတဲ့ ထိုင်းရဲအရာရှိကို ကျူးလွန်ခဲ့သူ မြန်မာလူငယ်ရဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေက သွားရောက်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖားကန့် မှော်စီစာရှိ စက်ယန္တရားများကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီစာရှိ စက်ယန္တရားတွေကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စစ်ကောင်စီတပ်သားအင်အား ၁၀၀ ကျော်နဲ့ တပ်စွဲထားတဲ့ နတ်ရေကန်စခန်းကို လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မုံရွာ-မန္တလေးလမ်းပိုင်း ချောင်းဦးမြို့နယ် နတ်ရေကန်ကျေးရွာမှာ အင်အား ၁၀၀ ခန့်နဲ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မေလ ၁၁ ရက် နေ့လယ်ပိုင်းက ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မိုးကုတ်မြို့ လူနေရပ်ကွက်အတွင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁၀ ယောက်ထက်မနည်းသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း မိုးကုတ်မြို့လူနေရပ်ကွက်အတွင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။