ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် – ၁၀၀၇ (မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ၂ ) က တပ်ရင်းတိုးချဲ့ဖွဲ့စည်းတည်ထောင်ခြင်း(၃) နှစ်ပြည့် အခမ်းအနားကို ဇွန်လ ၇ ရက်က လွတ်မြှောက်နယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

အခမ်းအနားမှာတော့ အာဇာနည်ကုန်းဆီ သွားရောက်ပြီး ကျဆုံးသွားတဲ့ သူရဲကောင်းရဲဘော်တွေကို အလေးပြုခြင်း၊ ကယန်းအမျိုးသားအလံတင်ခြင်းနဲ ကယန်းအမျိုးသားသီခြင်းသီဆိုဂုဏ်ပြုခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သင်တန်းတက်ရောက်ပြီးတဲ့ တပ်သားအသစ်တွေကို ဘက်တံဆိပ် အပ်နှံခြင်း၊ သက်ဆိုင်ရာ အရာရှိတွေက အမှာစကားပြောခြင်း၊ ခြေလက်အင်္ဂါဆုံးရှုံးသွားတဲ့ ရဲဘော်တွေနဲ့ ကျဆုံးရဲဘော်တွေကို အောက်မေ့သတိရ ဂုဏ်ပြုဆုငွေချီးမြှင့်ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ ၁၀၀၇ တပ်ရင်းက ဆိုပါတယ်။

အရင်က အမှတ် ၁၀၀၁ တပ်ရင်းမှာ မိုက်ကယ်တပ်ခွဲနဲ့ ၂၁ တပ်ခွဲ ဆိုပြီး တပ်ခွဲ၂ ခု ရှိခဲ့ပေမယ့် စစ်ရေးအရ ဖြန့်ကျက်ဖော်ဆောင်နိုင်ရေးနဲ့ တပ်ရင်းအသစ်တခု ထပ်မံတိုးချဲ့နိုင်ဖို့ လုံလောက်​တဲ့ တပ်အင်အားတိုးလာမှုကြောင့် အဆိုပါတပ်ရင်းအောက်ကနေ တိုးချဲ့တပ်ရင်းသစ်တစ်ခုအနေနဲ့ အမှတ် ၁၀၀၇ တပ်ရင်းကို ၂၀၂၂ ခုနှစ် ဇွန်လ ၇ ရက်မှာ စတင်တည်ထောင်ခဲ့တယ်လို့ သိရပါတယ်။

အမှတ် ၁၀၀၇ တပ်ရင်းအနေနဲ့ (၃)နှစ်တာအတွင်း မဟာမိတ်တွေနဲ့အတူ တိုက်ပွဲပေါင်းများစွာ ဖော်ဆောင်ခဲ့ရာ အောင်မြင်မှုများစွာရရှိခဲ့သလို စစ်အာဏာရှင်ကိုတော်လှန်ရင်း ကိုယ်လက်အင်္ဂါစွန့်လွတ်ပေးဆပ်ရသူ ရဲဘော် (၁၂) ယောက်နဲ့ ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်း (၂၃) ယောက် ရှိတယ်လို့ ဆိုပါတယ်။

တပ်ရင်းအမှတ် – ၁၀၀၇ အနေနဲ့ ပြည်သူကို ကာကွယ်တဲ့ တော်လှန်ရေးတပ်သားကောင်းတွေ မွေးထုတ်ဖို့ ဆက်လက်ကြိုးစားမှာဖြစ်သလို စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ တိုင်းရင်းသားပေါင်းစုံ မျှော်မှန်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကြီး တည်ဆောက်နိုင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီကို ILO အဖွဲ့ဝင်နိုင်ငံများမှ အမြန်ဆုံးအရေးယူပေးဖို့ တော်လှန်ညီနောင် ၄ ဖွဲ့ တောင်းဆို

အာဏာသိမ်း စစ်ကောင်စီကို  ILO အဖွဲ့ဝင်နိုင်ငံတွေ အရေးယူပေးဖို့ ရန်ကုန်မြို့အခြေစိုက် တော်လှန်ညီနောင် ၄ ဖွဲ့က တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။
Read More

ငဖဲမြို့နယ်မှာ လေကြောင်းရန်ကာကွယ်ရေး ရေဒါတပ်စခန်းက ကင်းလှည့်ထွက်လာတဲ့ စစ်သားတွေကို တိုက်ခိုက်ရာ ၃ ယောက် သေပြီး ၁ ယောက် ဒဏ်ရာရ…

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ လှည့်ကင်းထွက်လာတဲ့ လေကြောင်းရန်ကာကွယ်ရေး ရေဒါတပ်စခန်းက စစ်ကောင်စီတပ်သား (၆) ယောက်ကို ပစ်ခတ်တိုက်ခိုက်ရာ (၃) ယောက် သေပြီး လက်နက်တစ်လက် သိမ်းဆည်းရရှိခဲ့တယ်လို့ PRA-Magway က ထုတ်ပြန်ထားပါတယ်။
Read More

ညောင်လေးပင်မြို့နယ်တွင် ကျေးလက်ဆေးပေးခန်းကို ဝင်ရောက်ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ကို အနီးကပ် ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၁ ဦး မျက်မြင်သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ ကျေးလက်ဆေးပေးခန်းကို ဖျက်ဆီးခိုးယူနေတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ၁ ယောက် မျက်မြင် သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ၃၇၀၃ တပ်ရင်း (Fire Dragon) တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KTV အတူတူ သွားကြရင်း အရာရှိ မူးနေချိန် စစ်မှုထမ်းဆင်း စစ်သား ၂ဦး ခဲယမ်းနှင့်တကွ အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ တပ်မ ၁၀၁ က အရာရှိနဲ့အတူ အပြင်ထွက် ပျော်ပါးတဲ့ စစ်မှုထမ်းဆင်း စစ်သား ၂ ယောက်ဟာ အရာရှိ အလစ်မှာ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Burma Revolution Rangers က ထုတ်ပြန်ထားပါတယ်။
Read More

စစ်မှုထမ်းစုဆောင်းခံခဲ့ရတဲ့ စစ်သားတစ်ယောက်ကို လက်နက်ခဲယမ်းနှင့်တကွ နေပြည်တော် ပကဖ ခေါ်ထုတ်နိုင်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရင်ခွင်ဌာနနဲ့ ချိတ်ဆက်ပြီး လက်နက်နဲ့တကွ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ အဓမ္မပြည်သူ့စစ်မှုထမ်းစုဆောင်းခံခဲ့ရသူ စစ်ကောင်စီတပ်သား ၁ ယောက်ကို သွားရောက်ခေါ်ထုတ်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-နေပြည်တော်က ထုတ်ပြန်ထားပါတယ်။
Read More

ဖမ်းဆီးရမိထားသည့် တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့် တပ်သားများကို တရားစီရင်နိုင်ရန် စတင်စစ်ဆေးနေပြီဟု NUG အသိပေး

အင်းတော်မြို့သိမ်းတိုက်ပွဲကနေ ဖမ်းဆီးရမိတဲ့ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနဲ့ တပ်သားတွေကို လုပ်ထုံးလုပ်နည်တွေနဲ့အညီ စစ်ဆေးနေပြီး စစ်ဆေးတွေ့ရှိချက်တွေအပေါ် အခြေခံကာ တရားစီရင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။