ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်တဲ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ Southern Eagle PDF တပ်ရင်းက ဆေးမှူး ရဲဘော် Lightning ရဲ့ ၁ လပြည့် ဆွမ်းကပ်တရားနာပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၈ ရက်​က ပဲခူး-ရန်ကုန်လမ်းပိုင်းရှိ စစ်ကောင်စီရဲ့ ခမရ ၅၉၈ တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ ရဲဘော် Lightning တစ်ယောက် ကျဆုံးခဲ့တာပါ။ 

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၃၀ ခန့်သေဆုံးပြီး စစ်သုံ့ပန်း ၆ ယောက်နဲ့ စစ်တပ် မိသားစုဝင် ၇ ယောက်ကိုလည်း အရှင်ဖမ်းမိခဲ့သလို ပွိုင့် ၅ စက်သေနတ်၊ ၇၅ နောက်ပွင့်၊ ၈၁ မမ၊ ၆၀ မမနဲ့ လက်နက်ငယ်မျိုးစုံ ၈၃ လက်ကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။

ကျဆုံးခဲ့တဲ့ ဆေးမှူး ရဲဘော် Lightning ဟာ ၂၀၂၁ ခုနှစ် ၄လပိုင်းမှာ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ဖို့ တောထဲရောက်လာခဲ့ရာ ရဲဘော်တစ်ယောက်အနေနဲ့ အခြေခံ ဆေးကုသရေး ပညာကို သင်ယူပြီးနောက် တော်လှန်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းရင်းကနေ ဆေးမှူးတစ်ယောက် ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ကျဆုံးရဲဘော် Lightning ဟာ တော်လှန်ရေးတပ်ဖွဲ့တွေထဲမှာ CDM ဆရာဝန်တွေ ပါဝင်ကြဖို့လည်း တိုက်တွန်းခဲ့ဖူးပါတယ်။

0 Shares:
You May Also Like
Read More

အင်းတော်သို့ စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်၊ စစ်သား ၃၃ ဦး သေပြီး ၃၁ ဦးအရှင်မိကာ လက်နက် (၅၄) လက် သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့ကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၃၃ ယောက် သေဆုံးပြီး ၃၁ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မသဥ္ဇာဟိန်း ကျဆုံးခြင်း လေးနှစ်ပြည့် အခမ်းအနားကို ကနီမြို့နယ်ကျောင်းသားများသမဂ္ဂက ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းရှိ ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး မသဥ္ဇာဟိန်း ကျဆုံးခြင်း လေးနှစ်ပြည့်အခမ်းအနားကို မတ်လ ၂၈ ရက် မနေ့က ကနီမြို့နယ်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မုံရွာမြို့၊ နဝရတ်ရွှေဆိုင် ဓားပြမှုမှာ ကျူးလွန်ခဲ့သူတွေထဲက ၃ ယောက်ကို တော်လှန်ရေးအဖွဲ့တွေ ဖမ်းဆီးထား

စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ နဝရတ်ရွှေဆိုင် ဓားပြမှုနဲ့ ပတ်သက်လို့ ပါဝင်ကျူးလွန်သူ ၃ယောက်ကို ကနဦးဖမ်းဆီးရမိထားတယ်လို့ မုံရွာမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့က ဒီနေ့ အောက်တိုဘာ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

စဉ့်ကူးမြို့နယ်အတွင်းရှိ အများပြည်သူသုံးလမ်း ၁ လမ်းအား ပြင်ဦးလွင်ခရိုင် ပကဖ ပြုပြင်ထိန်းသိမ်းပေးခဲ့… (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင်းရှိ အများပြည်သူသုံးလမ်း ၁ လမ်း ကို အမျိုးသားညီညွတ်​ရေးအစိုးရ၊ ကာကွယ်​ရေးဝန်ကြီးဌာန၊ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်​ရေးအဖွဲ့ဝင်တွေက ​အောက်တိုဘာလအတွင်း ပြုပြင်ထိန်းသိမ်းပေးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ပကဖ အဖွဲ့ဝင်​တွေအ​နေနဲ့ အကြမ်းဖက်စစ်တပ် ကို​ ချေမှုန်းတိုက်ခိုက်​နေတာသာမက လူထုအကျိုးပြုလုပ်ငန်းတွေကိုလည်း အဓိက တာဝန်တစ်ရပ်အဖြစ် ထမ်း​ဆောင်နေတယ်လို့ သိရပါတယ်။
Read More

နတ်မောက်နယ် မြင်းတဲကြီးရွာထဲက ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ မြင်းတဲကြီးရွာထဲကနေ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ၉၀၂ တပ်ရင်းရဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ နိုဝင်ဘာ ၂၈ ရက်၊ မနက် ၇ နာရီလောက်မှာ မြင်းတဲကြီးရွာကနေ အင်အား ၉၀ ကျော်နဲ့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို မြင်းတဲကြီး နဲ့ ထနောင်းကုန်းရွာကြားအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့ တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ထိတွေ့ပစ်ခတ်မှု ၁ နာရီခွဲခန့် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
Read More

ပခုက္ကူနှင့် ကမ္မအစပ်က ကမ္မ-မြစ်ခြေ ကားလမ်းပေါ်မှာ အကြမ်းဖက်စစ်ကြောင်း ကြားဖြတ်တိုက်ခံရပြီး ၁ဝ ယောက်ခန့် သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့နယ်မှာ ရွာကိုမီးရှို့ဖျက်ဆီးပြီးထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁၀ ယောက် နီးပါး သေဆုံးနိုင်ကြောင်း ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူက မောင်းကို ပြောပါတယ်။