မကွေးတိုင်း၊ ကမ္မနယ်အနောက်ခြမ်း၊ ပခုက္ကူ − ပေါက် ကားလမ်းမကြီးတစ်လျှောက် သာကြီးတောင် နဲ့ တပ်မတောင်ကြားကို စစ်အုပ်စုက ဇွန်လ ၇ ရက် ညနေပိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပေါက်နယ်ဘက်ကိုသွားမယ့် စစ်ကောင်စီစစ်ကြောင်းနဲ့ ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်မှုမပြုလုပ်နိုင်အောင် တံတားဦးလေတပ်ကနေ တက်လာတဲ့ Y – 12 ဗုံးကြဲလေယာဉ်တစ်စီးက ပခုက္ကူ − ပေါက် ကားလမ်းမကြီးတလျှောက် လေကြောင်းပစ်ခတ်သွားသလို သံဘိုရွာထဲကိုလည်း ဗုံးကြဲချသွားတယ်လို့ ဆိုပါတယ်။

“ထိခိုက်မှုရှိတာ သံဘိုရွာအတွင်း နေအိမ်မီးလောင်တာပဲ သိရသေးတာ။ အခုထိ အဲ့နားမှာ စစ်ကောင်စီတွေ ရှိတုန်းမလို့ အတိအကျ မသိရ မမြင်ရသေးဘူးဗျ။ အခုလိုလေကြောင်းနဲ့ လာကြဲနေတာကလည်း သူတို့ယာဉ်တန်းတွေနဲ့ စစ်ကြောင်းတွေက ပေါက်ဘက်ကူးဖို့ရာအတွက်ပါ” လို့ ကမ္မနယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းတွေထဲက တချို့ဟာ ရန်ကင်းရွာမှာ တစ်ညအိပ်စခန်းချခဲ့ပြီး ဇွန်လ ၈ ရက် ဒီနေ့မနက်မှာတော့ စစ်ကောင်စီတပ်သားတွေဟာ ရန်ကင်းရွာက ပြည်သူတစ်ယောက်ကို လမ်းပြအဖြစ် ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မနေ့က မနက် ၁၁ နာရီလောက်မှာလည်း တံတားဦးလေတပ်က တက်လာတဲ့ MiG – 29 ဖိုက်တာတစ်စီးဟာ ကန့်ဘလူနယ်အနောက်ခြမ်း ရင်ငတ်ကုန်းရွာ ဘုန်းကြီးကျောင်းကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်သွားပါတယ်။

အခုလို တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ ၃ ယောက် ထိမှန်ဒဏ်ရာရရှိသွားသလို ဘုန်းကြီးကျောင်းရှိ စေတီတစ်ဆူ၊ မီးစက်ထားတဲ့အဆောင်၊ ပြည်သူနေအိမ် ၂ လုံးနဲ့ နွားတစ်ကောင် ထိမှန်သေဆုံးခဲ့ပါသေးတယ်။

“ရင်ငတ်ကုန်းရွာမှာ အဖွဲ့အစည်းတွေမရှိဘဲ အကြောင်းမဲ့ တိုက်ခိုက်သွားတာလို့ သိရတယ်။ ပြည်သူတွေ သေဆုံးမှုတော့မရှိဘူး၊ ရွာခံတွေလည်း ထွက်ပြေးတာမျိုးတော့မရှိပေမယ့် လန့်နေကြတယ်” လို့ ကန့်ဘလူနယ်ခံ တစ်ယောက်က မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ မေလမှာလည်း ကန့်ဘလူမြို့နယ်ရှိ စစ်ကောင်စီတပ်သားတွေဟာ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးပြီး ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ခဲ့သလို ပြည်သူပိုင်ပစ္စည်းတွေကိုလည်း ခိုးယူတဲ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေလည်း မကြာခဏ လုပ်ဆောင်ခဲ့ပါသေးတယ်။

လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့် ရင်ငတ်ကုန်းရွာ မြင်ကွင်း (ဓာတ်ပုံ ဒေသခံ)

0 Shares:
You May Also Like
Read More

အလွမ်းကဖီးရဲ့ ဒေါင့်လေးမှာ ဂျေညီညီ မရှိတော့ပါ

၁၉၈၀ ခုနှစ် ရေဒီယိုခေတ်တွေမှာ တချိန်ကနာမည်ကြီးခဲ့တဲ့ တေးသံရှင် ဂျေညီညီဟာ ဒီနေ့ မတ်လ ၃၁ ရက် မနက်အစောပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။
Read More

နယ်မြေမငြိမ်သက်သေးတဲ့ လွိုင်ကော်မှာ တက္ကသိုလ် ပြန်လည်ဖွင့်လှစ်ဖို့ စစ်ကောင်စီ ဖိအားပေးနေ

နယ်မြေတည်ငြိမ်မှု မရှိသေးတဲ့ လွိုင်ကော်မှာ စစ်ကောင်စီက တက္ကသိုလ် ပြန်လည်ဖွင့်လှစ်ဖို့ ဆောင်ရွက်သွားမယ်လို့ သူ့ရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။ 
Read More

ရေးမြို့က စစ်ကောင်စီခမရ (၅၈၃) ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့လို့ ဗိုလ်ကြီး ၁ ဦး သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့က စစ်ကောင်စီရဲံ ခမရ (၅၈၃) တပ်ရင်းကို  လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့လို့ ဗိုလ်ကြီး တစ်ဦးသေဆုံးခဲ့ရတယ်လို့ တောင်ပိုင်းစစ်ဒေသက မနေ့က ဒီဇင်ဘာ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။ 
Read More

ဆိပ်ဖြူမှာ ပျူရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ စစ်သား ၂ ယောက် သေ

မကွေးတိုင်း ၊ ဆိပ်ဖြူမြို့နယ်၊ ထမ္မကောက် ပျူစောထီးရွာကို Fixed Wings ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ Black Eagle Drone တပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တစ်နိုင်ငံလုံးလျှပ်စစ်မီး အပြည့်အ၀မပေးနိုင်တဲ့ နိုင်ငံမှာ လျှပ်စစ်ရထားပြေးဆွဲဖို့က ဦးစားပေးလို့ မင်းအောင်လှိုင်ဆိုပြန်

တစ်နိုင်ငံလုံးကို လျှပ်စစ်မီးအပြည့်အ၀ မပေးနိုင်သော်လည်း လျှပ်စစ်ရထားတွေ ပြေးဆွဲဖို့ ကအရေးကြီးဆုံးဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောပါတယ်။
Read More

ငလျင်ကြောင့် နေပြည်တော် လေကြောင်းထိန်းသိမ်းရေးတာဝါပြိုကျ၊ တာဝါအတွင်း ဝန်ထမ်းသေဆုံးမှု များပြားနိုင်

ဒီနေ့ မတ်လ ၂၈ရက် နေ့လယ်ပိုင်း လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် နေပြည်တော် လေကြောင်းထိန်းသိမ်းရေးတာဝါ ပြိုကျသွားခဲ့ပါတယ်။