ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ဖယ်ခုံမြို့နယ် အရှေ့ဖက်ကမ်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား အပြန်အလှန် ၈နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့  ရှမ်းတောင်အထူးတပ်ဖွဲ့ P.3-9702 က သတင်းထုတ်ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က ဖယ်ခုံအရှေ့ဖက်ကမ်း ဘုရားတောင်ရွာဖက်မှာ ကာကင်းအနေနဲ့ တာဝန်ယူထားတဲ့ ရှမ်းတောင်အထူးတပ်ဖွဲ့ P.3-9702 အဖွဲ့ဝင်တွေ ကင်းချိန်း အပြန်မှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ လိုက်လံပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ 

“တပ်ဖွဲ့က ဖယ်ခုံ အရှေ့ဖက်ကမ်း ဘုရားတောင်ရွာဖက်မှာ ကာကင်းအနေနဲ့ တာဝန်ယူထားပါတယ်၊ ၃၁ရက်နေ့က ကင်း လူချိန်းတာ တဖက်ကမ်းမှာရှိတဲ့ စစ်ကောင်စီဖက်က လက်နက်ကြီးနဲ့ လှမ်းပစ်ပါတယ်။ ဇွန် ၁ရက်နေ့မှာတော့ စစ်ကြောင်းမှူးပါတဲ့ စစ်ခွေးကားတွေ ရောက်နေတာသိရပါတယ်” လို့ ရှမ်းတောင်အထူးတပ်ဖွဲ့ P.3-9702 က မောင်းကို ပြောပါတယ်။ 

နောက်တစ်နေ့ ဇွန်လ ၂ ရက်နေ့မှာတော့ စစ်ကောင်စီတပ်တွေက သာလွန်အင်အားတွေနဲ့ စစ်ကြောင်းထိုးလာပြီးနောက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားရာ တိုက်ပွဲဟာ မနက် ၈ နာရီကနေ ညနေ ၄ နာရီအထိ စုစုပေါင်း ၈ နာရီကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။ 

“သာလွန်အင်အားဆိုတာက ၁၀၀၀ ခန့်လောက်ရှိပါတယ်။ ၈ နာရီကတည်းကတိုက်ပွဲဖြစ်တာ ညနေ ၄နာရီထိ ပြင်းထန်စွာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ လူထိခိုက်မှုတော့ မရှိခဲ့ပါဘူး” လို့ ဆိုပါတယ်။ 

အဲဒီနောက်မှာတော့ တော်လှန်ရေးရဲဘော်တွေက ကင်းထိုင်ရာ ရွာ ၂ ရွာကို ဆုတ်ပေးလိုက်ရပြီး စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းက ကျေးရွာရှိအိမ်တွေကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူကို ဗဟိုပြု တော်လှန်လူထု လှုပ်ရှားမှု ရန်ကုန်မှာပြုလုပ် (ဓာတ်ပုံသတင်း)

ရန်ကုန်အခြေစိုက် တော်လှန်လူငယ်တွေက “'ပြည်သူကိုဗဟိုပြု တော်လှန်လူထု” ဆိုတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ်ကို ရန်ကုန်မြို့တစ်နေရာမှာ ပြုလုပ်ခဲ့ကြပါတယ်။
Read More

နွားထိုးကြီးက ကျေးရွာ ၂ ရွာကို အကြမ်းဖင်စစ်ကြောင်းက မီးဝင်ရှို့ရင်း အရပ်သား ၁ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ စစ်ကြောင်းဝင်နေတဲ့ အကြမ်းဖက်စစ်တပ်က ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးကာ အရပ်သား ၁ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။
Read More

နွေဦးတော်လှန်ရေးရဲ့ စစ်ရေးနဲ့ အုပ်ချုပ်ရေး အတွေ့အကြုံ စကားဝိုင်းပြုလုပ်မယ်

စစ်အာဏာသိမ်းမှု ၄ နှစ်တာကာလအတွင်း နွေဦးတော်လှန်ရေးရဲ့ စစ်ရေးနဲ့ အုပ်ချုပ်ရေး အတွေ့အကြုံတွေကို NUG အစိုးရအဖွဲ့ဝင်တချို့နဲ့ တော်လှန်ရေးအင်အားစုတွေက စကားဝိုင်းပြုလုပ်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
Read More

KNU အုပ်ချုပ်မှုနယ်မြေရှိ စာသင်ကျောင်းကို ကျောင်းချိန်အတွင်း စစ်တပ် ဗုံးကြဲ

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ) မြို့နယ်အတွင်းက အခြေခံပညာအလယ်တန်းကျောင်းကို အကြမ်းဖက်စစ်တအ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။ 
Read More

အကြမ်းဖက်စစ်တပ်၏ ဝါဒဖြန့်အဖွဲ့ခေါင်းဆောင် ဇော်မင်းထွန်း နှင့် ရုပ်ရှင်သရုပ်ဆောင်တချို့ကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က စည်သူဘွဲ့ပေးအပ်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူနဲ့သူ့ရဲ့အကြမ်းဖက်စစ်တပ်အတွက် ဝါဒဖြန့်နေသူ ဇော်မင်းထွန်း နဲ့ ရုပ်ရှင်သရုပ်ဆောင်တချို့ကို ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ် တွေ ပေးအပ်လိုက်တယ်လို့ သိရပါတယ်။
Read More

ရွှေဘိုခရိုင်အတွင်း စစ်ဆင်ရေးနယ်မြေတစ်နေရာမှာ ရေဦး PDF ရဲဘော် ၃ ဦးကျဆုံးခဲ့…

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်း စစ်ဆင်ရေးနယ်မြေ တစ်နေရာမှာ တော်လှန်ရေးရဲဘော် ၃ ယောက် ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင်အမှတ် (၁၄) တပ်ရင်း - ရေဦး PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။