“အဒေါ်ကြီးတစ်ယောက်ဆို ဈေးလာတာ ဘော်လီမပါလို့ဆိုပြီးလည်း ဒဏ်ကြေး ၃ သောင်းရိုက်ပါတယ်။ ဖိနပ်မပါလို့ အဖမ်းခံရတာက ကွင်းထဲကနေ တက်လာတဲ့ ကောင်လေးပါ။ ဆိုင်ကယ်ကို ဖိနပ်မပါဘဲ မောင်းလို့ ဖမ်းတာပါ။”

မွန်ပြည်နယ်က မြို့နယ်တွေမှာ ဆက်တိုက်ဆိုသလို လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုတွေကို စစ်ကောင်စီလက်အောက်ခံ အဖွဲ့စုံက လုပ်ဆောင်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

အခုလ ဇွန်လ ၁ ရက်နေ့က စတင်ကာ လိုင်စင်မဲ့ယာဉ်တွေကို မွန်ပြည်နယ်တခွင်မှာ ဖမ်းဆီးနေတာဖြစ်ပြီး ဖမ်းဆီးရာမှာ စစ်မှုထမ်းအကြုံးဝင်တဲ့ လူငယ်တွေကိုလည်း ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အဲဒီလို ဖမ်းဆီးမှုမှာ စစ်ကောင်စီလက်အောက်ခံအဖွဲ့စုံကနေ ဖမ်းဆီးမှုတွေကို လုပ်ဆောင်နေပြီး ဖမ်းမိရင်လည်း ယာဉ်တွေကို သိမ်းဆည်းကာ ထောင်ဒဏ်ချမှတ်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။

“အဖွဲ့စုံဆိုတာက ထွေအုပ်ရယ် ရဲရယ် ယာဉ်ထိန်းရဲရယ် လဝကရယ် အကုန်ပဲ ဖမ်းတာ၊ လိုင်စင်မဲ့လည်းဖမ်း၊ ဦးထုပ်မဆောင်းလည်းဖမ်း၊ နံပါတ်ပြား ဘာညာ အကုန်ကိုစစ်တာ၊ အကုန်ပြည့်စုံနေတာတောင် သူတို့က ရစ်ချင်နေသေးတာ” လို့ မော်လမြိုင်မြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အလားတူ သထုံမြို့နယ်မှာလည်း အခုလို ဖမ်းဆီးမှုတွေကို လုပ်ဆောင်နေပြီး အတွင်းခံမဝတ်ဆင်လာတဲ့ အမျိုးသမီးတစ်ယောက်ကို ဒဏ်ရိုက်ခဲ့သလို ဖိနပ်မစီးတဲ့ အမျိုးသားတစ်ယောက်ကိုလည်း ဒဏ်ရိုက် ငွေတောင်းမှုတွေ လုပ်ခဲ့တယ်လို့ ‌ဒေသခံတွေက ဆိုပါတယ်။

“ဖမ်းတာ ဟုတ်ပါတယ်။ လျှပ်စစ်ဥပဒေလို့တော့ ပြောပြီး ငွေတောင်းတာပဲ။ ဒဏ်ကြေး ၃သောင်းရိုက်တယ်။ အဒေါ်ကြီးတစ်ယောက်ဆို ဈေးလာတာ ဘော်လီမပါလို့ဆိုပြီးလည်း ဒဏ်ကြေး ၃သောင်းရိုက်ပါတယ်။ ဖိနပ်မပါလို့ အဖမ်းခံရတာက ကွင်းထဲကနေတက်လာတဲ့ ကောင်လေးပါ။ ဆိုင်ကယ်ကို ဖိနပ်မပါဘဲ မောင်းလို့ ဖမ်းတာပါ။ ဆိုင်ကယ်ရော လိုင်စင်ရှိပါတယ်။ လိုင်စင်မဲ့တွေ စဖမ်းနေတာတော့ တစ်ပတ်လောက်ရှိပါပြီ။ အခု ဖြစ်စဉ်နှစ်ခုက မနေ့က ဖြစ်သွားတာပါ” လို့ သထုံ ဒေသခံတစ်ယောက်ကလည်း ပြောပါတယ်။

ထူးခြားချက်အနေနဲ့ လိုင်စင်မဲ့ ကားဆိုင်ကယ် ဖမ်းဆီးမှုမှာ ထောင် ၃လ ငွေ ၃ သိန်းအပြင် ဖမ်းဆီးခံရသူတွေဟာ ထောင်ထဲမှာ ကိုယ့်စရိတ်နဲ့ ကိုယ်စားသောက်နေရတယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာ အခုလို ဖမ်းဆီးမှုတွေများလာတာနဲ့အတူ ဒီနေ့ ဇွန်လ ၈ ရက် မနက် ၉ နာရီအချိန်မှာ ကျိုက်ထိုမြို့က လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးစစ်ဆေးနေတဲ့ ဒုရဲအုပ် ဝင်းကြိုင်ဆိုသူကို ဆိုင်ကယ်နဲ့လာတဲ့ သေနတ်သမားက ခေါင်းကို သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ဝင်းကြိုင်ဆိုသူကတော့ နေရာမှတင် ပွဲချင်းပြီးသေဆုံးသွားပြီး သေနတ်သမားကတော့ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်တယ်လို့ ကနဦး သိရပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူမြို့နယ်မှ ကုန်ပစ္စည်းများ သယ်ဆောင်ခွင့် ကန့်သတ်လိုက်တာကြောင့် ပြည်သူများ အခက်တွေ့နေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်ကနေ ကုန်ပစ္စည်းသယ်ယူခွင့်တွေကို အရေအတွက် ကန့်သတ်လိုက်တာကြောင့် ပခုက္ကူမြို့နယ်က ကုန်စည်စီးဆင်းမှုကို မှီခိုနေရတဲ့ ခရိုင်အတွင်းက ပြည်သူတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

သောင်ရင်းမြစ်ဘေး မူယူထာဒေသတွင် မူးယစ်ဆေးဝါး (WY) (၅၉၉)ထုပ်ကို ဖမ်းဆီးရမိကြောင်း KNU ထုတ်ပြန်

သောင်ရင်းမြစ်တစ်လျှောက် လုံခြုံရေးယူထားတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) က မူယူထာဒေသမှာ မူးယစ်ဆေးဝါး (WY) (၅၉၉)ထုပ်ကို ဖမ်းဆီးရမိခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အာဏာရှင်မှန်သမျှ အမြစ်ပြတ်သည်အထိ  အဆုံးတိုင် ချီတက်သွားမည်ဟု NUG အစိုးရ ဆို

စစ်အာဏာရှင်စနစ် နဲ့ အာဏာရှင်မှန်သမျှ အမြစ်ပြတ်သည်အထိ တိုင်းရင်းသားညီနောင်တွေ တော်လှန်ရေး အင်အားစုတွေနဲ့ အတူ လက်တွဲပြီး အဆုံးတိုင် ချီတက်သွားမယ်လို့ သန္နိဋ္ဌာန်ပြုလိုက်တဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
Read More

မြင်းခြံ – နဘူးအိုင်လမ်းပိုင်းမှာ စစ်ကြောင်းဆုတ်လာတဲ့စစ်သားတွေ မိုင်းဆွဲခံရပြီး စစ်ကြောင်းမှူးအပါ ၁၃ယောက်သေ

မန္တလေးတိုင်း၊ မြင်းခြံ-နဘူးအိုင်လမ်းပိုင်းမှာ စစ်ကြောင်းပြန်ဆုတ်လာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကြောင်းမှူးအပါအဝင် စစ်သား ၁၃ယောက် သေဆုံးကြောင်း ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ ထံက သိရပါတယ်။
Read More

ဘောလခဲရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့သည့် ကရင်နီဝံပုလွေစစ်ကြောင်းမှ တော်လှန်ရဲဘော်၏ စျာပနအခမ်းအနား

ကရင်နီပြည်နယ်၊ ဘောလခဲမြို့ ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ တော်လှန်ရဲဘော်ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့ကြောင်း ကရင်နီဝံပုလွေစစ်ကြောင်းက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

စက်တင်ဘာလအတွင်း စစ်မှုထမ်းတပ်သား ၄၁ ဦး တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ခဲ့ဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်…

“လစဉ်လတိုင်းကတော့ အရေအတွက်တွေ မတူပါဘူး။ ဒါပေမယ့် သိသိသာသာကို များလာပါတယ်။ အထူးသဖြင့် စစ်မှုထမ်းတပ်သားသစ်တွေ များပါတယ်။ သူတို့က လက်နက်တွေလည်း ပါတယ်။ အရင်ကဆို တယောက်စ နှစ်ယောက်စ အလင်းဝင်လာကြတာ.. အခုနောက်ပိုင်းဆို အစုအဖွဲ့လေးတွေနဲ့ အလင်းဝင်လာတာကိုလည်း တွေ့ရပါတယ်” လို့ ပြည်သူ့ပန်းတိုင်ရဲ့ တာဝန်ရှိသူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။