“ဘာကြောင့်အလင်းဝင်လာလဲဆိုတော့ အစောပိုင်းကလည်း လုပ်ချင်လို့ လုပ်လာတာမဟုတ်ပါဘူး။ အခုအလင်းဝင်လာတာလည်း ကိုယ့်အတွက် ရွေးချယ်စရာရှိတယ်ဆိုတဲ့ဟာ သိရလို့ ဝင်လာတာပါ။ စနိုက်ဘာတစ်လက်ရယ်၊ MA-1 တစ်လက်ရယ် ယူပြီး အလင်းဝင်ခဲ့တာပါ” Video-KNLA GHQ 0 Shares: Share 0 Tweet 0
Read More 1 minute read IInterviews အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ (၅၅) လက်အောက်ခံ ခမရ-၁၁၂ ကိုယ်ပိုင်အမှတ်- တ/၂၃၁၈၂၆ တပ်ကြပ်-ဆန်းမြင့်ဦး၏ ပြောကြားချက် (ရုပ်/သံ)February 25, 2025 ''စစ်တပ်ထဲ ကြုံခဲ့ရတာအများကြီးပဲ။ သူတို့က အဆင့်ရာထူးနဲ့ ကျနော်တို့ကို ရှိနေတဲ့ ဖုတ်လေတဲ့ ငပိ၊ ရှိတယ်လို့တောင် မအောက်မေ့ဘူး။ ကျနော်တို့ကို သူတို့အောက်က စီးထားတဲ့ ဖိနပ် တစ်ရံလောက်တောင် တန်ကြေးမထားဘူး။ ကျွန်တစ်ယောက်လို သဘောထားပြီး ဆက်ဆံတယ်''
Read More 1 minute read IInterviews အာရက္ခတပ်တော် (AA)က ထုတ်ပြန်တဲ့ စစ်သုံ့ပန်း ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနှင့် တွေ့ဆုံမေးမြန်းခန်း (ရုပ်/သံ)December 27, 2024 “နေပြည်တော်မှာရှိတဲ့ ဗိုလ်ချုပ်မှူးကြီးအပါအဝင် ခေါင်းဆောင်တွေအနေနဲ့ တပ်မတော်က လက်အောက်ငယ်သားတွေရဲ့ အသက်တွေ ဘဝတွေကို ငဲ့ညာသောအားဖြင့် ရခိုင်ပြည်နယ်မှာ စစ်ရှုံးနေတာကို လက်ခံပေးပါ။ ပြည်သူလူထုကို အကြမ်းဖက်တာတွေ ဗုံးကြဲတာတွေ ရပ်တန့်ပေးပါ။ ဆက် လုပ်ဆောင်မယ်ဆိုရင် တပ်မိသားစုတွေနဲ့ ပြည်သူတွေရဲ့ အမုန်းတရားတွေ နာကြည်းမှုတွေကိုပဲ ရရှိ ခံစားရလိမ့်မယ်ဆိုတာကို သိစေချင်ပါတယ်''
Read More 1 minute read IInterviews အာဠာဝကစစ်ကြောင်း (၇၈၀၃ တပ်ရင်း)သို့ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားသုံးဦးနှင့် တွေ့ဆုံမေးမြန်းချက် (ရုပ်/သံ)May 29, 2025 “သင်တန်းဆင်းတုန်းက ၃၄၀ ကျော်ရှိတယ်။ သင်တန်းသားရှိတာကတော့ ၃၆၀ ကျော်ပေါ့၊ ၂၀ ကျော် လောက်က ပြေးတာ၊ ကျနော်တို့လည်း မသိခဲ့ဘူး။ မင်းတို့တပ်ထဲထိအောင် သွားကြည့်ပါအုံး၊ တပ်ထဲ မှာ ဘယ်နေရတယ်၊ ဘယ်လိုထိုင်ရတယ်ဆိုပြီး စည်းရုံးတာ။ ပြီးတော့ သူတို့ထည့်တဲ့ ဆိုက်ဝါးကလည်း မင်းတို့ဟိုဘက်ကိုပြေးလို့ရှိရင် မိတဲ့သူတွေကို သတ်မယ်၊ ကျနော်တို့က ဒီဘက်ကို ပြေးလာရင် သတ်ပစ်ခံရမှာပေါ့"
Read More 1 minute read IInterviews ဗျူဟာစခန်းသိမ်းတိုက်ပွဲတစ်ခုမှာ လက်နက်ချခဲ့တဲ့ စစ်ဆင်ရေး (G-3) အဆင့်ရှိ ဗိုလ်ကြီး အောင်ကိုကို (ရုပ်/သံ)October 15, 2024 “ကျနော်တို့လက်နက်ချလိုက်တော့မယ်၊ တပည့်တွေအခြေအနေမကောင်းတော့ဘူးဆိုတာ သိလိုက်ရတဲ့အချိန်မှာ ကျနော်တို့ကို သတ်မှာလား၊ ဒါမှမဟုတ် ထိုးကြိတ်နှိပ်စက်မှာလားပေါ့၊ အဲဒီ သံသယဝင်တယ်။ ကျနော်တို့ တိုင်ပင်တယ်... တိုင်ပင်ပြီးတော့ ဘယ်လိုမှ မတတ်နိုင်ဘူး။
Read More 1 minute read IInterviews KNU-ညောင်လေးပင်ခရိုင် KNLA-တပ်မဟာ(၃)နယ်မြေမှ ထွက်ပြေးလွတ်မြောက်လာသည့် တပခ လက်အောက်ခံ ခမရ(၂၀) – ပစ/ တပ်သား- ညီလွင်၏ ပြောကြားချက် (ရုပ်/သံ)July 19, 2025 ''စစ်မှုထမ်းဥပဒေဆိုတာ ရှိတာ တိုးတက်တဲ့နိုင်ငံတွေမှာလည်းလုပ်တာပဲ။ အခုဟာက လူသားတံတိုင်းလုပ်တယ်ပေါ့။ လူသားစားနေသလိုပဲ။ အဲလိုပဲမြင်တယ်။ ဒီလိုမျိုးစစ်ပွဲကြီးတွေထဲမှာ ကျွန် တော်တို့လိုစစ်ပွဲအကြောင်းနားမလည်တဲ့ သူတွေ ရှေ့တန်းပို့တာတို့၊ သေတဲ့သူတွေကလည်း သေကုန်ကြပြီ ကျွန်တော်တို့နဲ့ တစ်ပတ်စဉ်ထဲလူတွေ။ သူတို့ဆိုလည်း သာမန်ပြည်သူဘဝကနေပြီးတော့ အိမ်ပြင်ခဏလေးထွက်လိုက်တာ ပါလာတာတို့၊ ခရီးသွားနေရင် ပါလာတာတို့၊ အိမ်ထဲထိ ဝင်ဖမ်းတာတို့၊ အချို့ကလည်း ပိုက်ဆံနဲ့ လူစားလိုက်လာတာပေါ့''
Read More 1 minute read IInterviews အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခလရ(၃) တပ်သား- အောင်မြင့်ထက်၏ ပြောကြားချက် (ရုပ်/သံ)April 16, 2025 အာဏာရှင်ပြုတ်ကျရေးအတွက် ရဲဘော်တွေကို ကယ်တင်ပေးနေတဲ့ ဆေးမှူး (ရုပ်/သံ)