စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ဆက်သွယ်ရေးတပ်ကြပ်ကြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဇွန်လ ၂ ရက်နေ့ တိုက်ပွဲ ဖြစ်ပွားခဲ့အပြီး စစ်ကောင်စီတပ်သားတွေဟာ ဇီးဖြူကုန်းကျေးရွာထဲကို ပြန်လည်ဝင်ရောက်သွားပေမယ့်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က ဆက်သွယ်ရေးတပ်ကြပ်ကြီး မျိုးမင်းထက်ကတော့ အပြင်မှာ ကျန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ သူက ဇွန်လ ၃ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကင်းအနောက်ဘက်ကို မျက်စိလည်ပြီးရောက်လာချိန် လက်နက်ချဖို့ တောင်းဆိုခဲ့ပေမယ့် မျိုးမင်းထက်ဟာ လက်နက်မချပဲ ပြန်လည်ခုခံခဲ့တာကြောင့် ပစ်ခတ်လိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

“ရွာအနောက်တောင်ဘက်ကို စစ်ကြောင်းထိုးလာတာပေါ့၊ ကင်းပတ်တဲ့ပုံစံမျိုး ကျနော်တို့ ယင်းမာပင်ခရိုင်တပ်ရင်း ၆ တပ်ရင်း ၇ တို့နဲ့ ထိတွေ့မှုဖြစ်တယ်၊ အဲ့မှာစစ်ခွေးတစ်ကောင်က အဲ့ထဲမှာ သူကျန်ခဲ့တယ်ပေါ့… နောက်တစ်နေ့ ကျနော်တို့ရှိတဲ့ ကင်းအနောက်ဘက်ကို ရောက်လာတယ်။ ကျနော်တို့ရဲဘော်တွေက လက်နက်ချဖို့ လှမ်းပြောတော့ သူကမချပဲ ခုခံဖို့လုပ်တော့ ကျနော်တို့ ရဲဘော်တွေက ပစ်ခတ်ရှင်းလင်းတာဗျ” လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၉ ရဲ့ တပ်ရင်းမှူး ဗိုလ်ပုလဲ က မောင်းသတင်းဌာနကို ပြောပါတယ်။

ဓာတ်ပုံ – နမခ ဆက်သွယ်ရေး တပ်ကြပ်ကြီး မျိုးမင်းထက်ထံမှ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း

တပ်ကြပ်ကြီး မျိုးမင်းထက်ဆီက အူဇီသေနတ်တစ်လက်၊ ကျည်ဘောက် ၂ ဘောက်၊ ကျည် ၃၀ ကိုသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားတဲ့နေ့မှာ ဇီးပျူကုန်းရွာက စစ်ကောင်စီတပ်သားတွေဟာ ကျန်နေခဲ့တဲ့ တပ်ကြပ်ကြီး မျိုးမင်းထက်ကို လိုက်လံရှာဖွေခဲ့တယ်လို့လည်း ဆိုပါတယ်။

“သူတို့ဘက်က လိုက်ရှာတယ်၊ လှုပ်ရှားမှုတွေတော့ တွေ့တယ် အဲ့လောက်ပဲဗျ ကျနော်တို့ဘက်ကိုတော့ ရောက်မလာဘူး ကျနော်တို့ကတော့ ကျနော်တို့ ပိုင်နက်ထဲရောက်လာတာကို ပစ်ခတ်ရှင်းလင်းလိုက်တာ ”လို့ ဗိုလ်ပုလဲက ဆက်ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ ပုလဲမြို့နယ် ကန်ဒေါင့်ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိနိုင်ဖို့အတွက် အပြန်အလှန် ထိတွေ့မှုဖြစ်ပွားနေချိန် တော်လှန်ရေးတပ်ဖွဲ့တွေ အားလျှော့အောင် ရည်ရွယ်ချက်နဲ့ အင်မထီး၊ ဇီးပျူကုန်းရွာက စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ပေါင်းပြီး စစ်ကြောင်းထိုးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိလည်း ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး အထိနာတဲ့ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ နေ့တိုင်းနီးပါး ပြုလုပ်နေဆဲဖြစ်ပါတယ် ။
0 Shares:
You May Also Like
Read More

ထိုင်းကို အလုပ်လုပ်ဖို့သွားရင်း ဖမ်းခံရပြီး စစ်မှုထမ်းရသူ ၂ ဦး KNLA ထံ အလင်းဝင်

အကြမ်းဖက် စစ်ကော်မရှင်ရဲ့ ခလရ တပ်ရင်း (၂၈၀) က စစ်သား ၂ယောက် KNLA တပ်မဟာ (၄) တပ်ရင်း (၁၁) ထံ အလင်းဝင်လာခဲ့တယ်လို့ KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူးထံက သိရပါတယ်။
Read More

စစ်ကျွန်မခံ ဒို့ငြင်းဆန် အမျိုးသားနေ့ ဟစ်ကြွေးသံ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ချင်းတွင်းမြစ်အနောက်ဘက် လွတ်မြောက်နယ်မြေတစ်နေရာမှာ စစ်အာဏာရှင် အုပ်ချုပ်မှုကို မလိုလားကြောင်း ဆန့်ကျင်ဆန္ဒပြမှု ပြုလုပ်ခဲ့ကြပါတယ်။
Read More

ငလျင်လှုပ်ချိန် စားပွဲအောက်မှာ ဝင်ပုန်းခဲ့ရတယ်လို့ မင်းအောင်လှိုင် ဝန်ခံ

နေပြည်တော်မှာ ငလျင်လှုပ်ခတ်နေချိန် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်တစ်ယောက် စားပွဲအောက် ဝင်ရောက်ပုန်းခိုခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
Read More

သာကေတရဲစခန်း ဖောက်ခွဲတိုက်ခိုက်ခံရပြီး ရဲ ၃ ဦး ဒဏ်ရာရ၊ ၁ ဦး ဒဏ်ရာ ပြင်းထန်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်က အကြမ်းဖက်စစ်အုပ်စုရဲ့ သာကေတနယ်မြေ ရဲစခန်းကို သွားရောက်ဖောက်ခွဲတိုက်ခိုက်မှုမှာ စခန်းအတွင်းရှိနေတဲ့ ရဲ ၁ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြိုင်တွင် စစ်ကောင်စီ လေယာဥ်ဖြင့် ၂ ရက်ဆက် ဗုံးကြဲ၊ PDF ၄ ဦးနှင့် အရပ်သား ၂ ဦး သေဆုံး ​

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ၂ ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် ၆ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ We Love Myaing အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

နာမည်ကြီး BGF ခေါင်းဆောင် စောချစ်သူနဲ့ ဗိုလ်မှူးအချို့ အပါအဝင် ချစ်လင်းမြိုင်ကုမ္ပဏီကို အီးယူက ဒဏ်ခတ်ပိတ်ဆို့ကြောင်း ကြေညာ

တရားမဝင်လုပ်ငန်းတွေနဲ့ မြ၀တီမှာ နာမည်ကြီးတဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်က ဗိုလ်မှူးကြီးဖြစ်သူ စောချစ်သူ အပါအဝင် ဗိုလ်မှူးအချို့နဲ့ ချစ်လင်းမြိုင်ကုမ္ပဏီကို ဥရောပသမဂ္ဂ အီးယူက ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ပြီဖြစ်ကြောင်း အီးယူက သတင်းထုတ်ပြန်ပါတယ်။