ဗန်းမောက် နဲ့ ကချင်ပြည်နယ်အစပ်ရှိကျေးရွာတွေထဲကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ဇွန်လ ၂ ရက်နေ့ မနက်ပိုင်းမှာ ဝင်ရောက်ခဲ့ပြီး ရွာထဲရှိ ပြည်သူတွေကို တပ်သားသစ်စုဆောင်းမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

SNA တပ်ဖွဲ့ဟာ အင်အား ၂၀၀ ဝန်းကျင် နဲ့ ဘူးတောင်း ၊ ခေါင်းတုန်း ၊ လေသာကုန်း စတဲ့ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး အခုလက်ရှိအချိန်ထိ ခေါင်းတုန်းကျေးရွာမှာ အထိုင်ချ တပ်စွဲထားတာ ဖြစ်တယ်လို့ သိရပါတယ်။

တပ်စွဲထားတဲ့ကျေးရွာတွေမှာ ကလေးတွေကို စာသင်ပေးနေတဲ့ Volenteer ဆရာ ၃ ယောက်အပါအဝင် အသက် ၆၀ ကျော်အရွယ် လူကြီးတွေကိုပါ အတင်းအဓမ္မ ဖမ်းဆီးထားပြီး လူသစ်စုဆောင်းမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

“၁ ရက်နေ့ကတည်းစစ်ကြောင်းထိုးတာ ၂ ရက်နေ့မနက်မှ ကျနော်တို့သတင်းရတာ ၊ အဖမ်းခံရတဲ့သူတွေထဲမှာ အသက် ၆၀ ကျော် ဘိုးတော်တွေပါသွားတယ်လို့ ကြားတယ် ရွာထဲမှာတော့ လူကမရှိသလောက်ပါပဲ အခုအဖမ်းခံရတဲ့သူတွေက ရွှေမှော်လုပ်နေတဲ့သူတွေပါသွားတယ်၊ ဆရာတွေကလည်း ရွာထဲက ကလေးတွေကို ဒီလိုမဖြစ်ရလေအောင် ဒီအတိုင်းလေးပဲသင်ပေးတဲ့ဆရာတွေ” လို့ ဗန်းမောက် ဒေသခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

ဇွန်လ ၄ ရက်ကလည်း SNA တပ်တွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ သွားရောက်ပစ်ခတ်ခဲ့သလို လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့ပေမယ့် ရှေ့ဆက် မတိုးလာတာကြောင့် အပြန်အလှန်ထိတွေ့ပစ်ခတ်မှုမဖြစ်ပွားခဲ့ဘဲ တိုက်ပွဲဖြစ်လာနိုင်တဲ့ အခြေအနေတွေ ရှိလာနိုင်တယ်လို့ အဆိုပါဒေသခံက ဆက်ပြောပါတယ်။
“ထိတွေ့မှုကတော့ လွန်ခဲ့တဲ့ ၂ ရက်လောက်တော့ဒရုန်း နဲ့ ကတော့သွားသွားချတယ် ကိုယ့်ဆီကလည်း ဒရုန်း နဲ့ ချတာတွေ ဒီလက်နက်ကြီး နဲ့ ပစ်ခတ်တာတွေတော့ရှိတယ်။ သူတို့လည်း ဆက်မတိုးလာတဲ့အနေအထား ပေါ့၊ ဆက်တိုးလာရင်တော့ တိုက်ပွဲဖြစ်ဖို့ အလားအလာတွေရှိတယ်။ အဲလိုမျိုးဖြစ်နေတယ်။ သူတို့ဘက်ကလည်း နည်းနည်းပစ်တာတွေရှိတယ်၊ ဒါပေမဲ့အရေးပေါ်အနေအထားပေါ့နော်၊ အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်တဲ့နေရာပေါ့” လို့ ဆိုပါတယ်။

SNA တပ်တွေ အခုလို လူသစ်စုဆောင်းမှုတွေပြုလုပ်တာဟာ စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ကျော်လောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ နဲ့ ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက် အင်အားဖြည့်တင်းဖို့အတွက် အခုလို တပ်သားသစ် စုဆောင်းတာမျိုး ပြုလုပ်တာလို့ ဆိုပါတယ်။

“ပြောမယ်ဆိုရင် သူတို့က စကစ နဲ့ ပူးပေါင်းထားတဲ့အဖွဲ့အစည်းလိုဖြစ်နေတာပေါ့ ။ စစဖွဲ့တုန်းက ထက်မကဘူး အင်အားကတော့တော်တော်ကောင်းတယ် ပြီးတော့ ဒီအခုလူစုဆောင်းတဲ့ ပြဿနာပေါ့နော် လူကလောက်တယ်ဆိုတာတော့မရှိဘူး အာဏာသိမ်းပြီးတဲ့ ၂ နှစ်ကျော်ကတည်းက သူတို့လူစုဆောင်းနေတယ် အများကြီးစုဆောင်းတယ် PDF တွေ နဲ့ တိုက်ပွဲဖြစ်ပြီးနောက် လူသစ်တွေ စုဆောင်းတယ်” လို့ ဗန်းမောက်ဒေသခံက ပြောပါတယ်။

လက်ရှိ SNA တပ်သားတွေ အထိုင်ချထားတဲ့ကျေးရွာဟာ ရွာတစ်ရွာမှာ အိမ်ခြေ ၃၀ ၊ ၄၀ သာရှိပြီး ကာကွယ်ရေးတပ်တွေလည်း မကြာခဏ ဝင်ရောက်လေ့ရှိတဲ့ ကျေးရွာတွေပဲ ဖြစ်ပါတယ်။

အဆိုပါကျေးရွာက ဒေသခံအများစုဟာ ထွက်ပြေးတိမ်းရှောင်နေသလို အချို့ကလည်း စားဝတ်နေရေးအတွက် မဲဇာချောင်းဖျားမှာ ရွှေမှော်တွေ သွားရောက်လုပ်ကိုင်နေရတာကြောင့် ထွက်မပြေးပဲ ကျန်ရှိနေတဲ့ သူတွေပဲ ဖြစ်ပါတယ်။

ပုံစာ − SNA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

လားရှိုးက တရုတ်ကွမ်ရင် ဘုရားကျောင်းကို စစ်ကောင်စီ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်

လာရှိုးက တရုတ်ဘာသာရေး ကွမ်ရင်ဘုရားကျောင်းကို စစ်ကောင်စီက တမင်ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်တယ်လို့ MNDAA က အောက်တိုဘာ ၄ရက်၊ ဒီနေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော်သာရှိတော့ဟုဆို၊ လူဦးရေ သန်း ၂၀ ကျော်အတွက် သန််းခေါင်စာရင်း မကောက််ရသေးပေမယ့် ရွေးကောက််ပွဲ ကျင်းပမယ်ဆိုတဲ့ မင်းအောင်လှိုင်

မြန်မာနိုင်ငံမှာ လက်တလောဖြစ်ပွားနေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် လူဦးရေ ၅၁ သန်းကျော်သာရှိပြီး၊ ဒီနှစ် ၂၀၂၅ အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ကို ဖိဖိစီးစီးလုပ်ဆောင်သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ရဲ့ အာဏာသိမ်းအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
Read More

KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ ကူဆိပ်စခန်းက စစ်သားတွေ မထောစခန်းရောက်ရှိနေပြီး တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ…

ကရင်ပြည်နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ မထောစခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်နေရာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

မြို့နယ်ပေါင်း ၁၉၀ တွင် အင်အား ၅၀၀၀ ကျော်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေကြောင်း NUG ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံရဲ့ မြို့နယ်ပေါင်း ၁၉၀ မှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ တိုးမြှင့်လုပ်ဆောင်ပေးနေကြောင်း NUG က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မောင်တောမှာ ခရီးသည်တင်ကားကို ARSA ခြုံခိုပစ်ခတ်ရာ အမျိုးသမီး ၁ ယောက် သေဆုံးကြောင်း AA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ စျေးဝယ်သွားတဲ့ အရပ်ဖက် ခရီးသည်တင်ကားတစ်စီးကို စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ ARSA တပ်ဖွဲ့ဝင်တွေက ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ခရီးသည် (၁၆) ယောက်ထဲက ၁ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မတ္တရာတိုက်ပွဲအတွင်း MDY-PDF ရှင်းလင်းခဲ့တဲ့ စစ်ကောင်စီအလောင်းများနဲ့ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းများ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း လက်နက်ခဲယမ်းတွေနဲ့ စစ်ကောင်စီတပ်သား အလောင်းတွေကို သိမ်းဆည်းရရှိခဲ့ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သတင်းထုတ်ပြန်လာပါတယ်။