ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) အနေနဲ့ မြန်မာပြည်က ရေဘေးသင့်ပြည်သူ ၅သိန်းခန့်ကို တစ်လတာ အရေးပေါ်စားနပ်ရိက္ခာတွေ ထောက်ပံ့သွားမယ်လို့ သိရပါတယ်။
လတ်တလော ရိက္ခာလိုအပ်ချက်တွေ ဖြည့်တင်းပေးဖို့ ရည်ရွယ်ပြီး ဆန်၊ အားဖြည့်ဘီစကွတ်တွေနဲ့ အာဟာရ ထုတ်ကုန်တွေပါဝင်တဲ့ ရိက္ခာပစ္စည်းတွေကို အခုတပတ်အတွင်း ပေးအပ်သွားဖို့ လုပ်ဆောင်နေကြောင်း WFP ရဲ့ စက်တင်ဘာလ ၁၈ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရာဂီမုန်တိုင်းမတိုင်ခင်ကလည်း ရေဘေးကြောင့် လယ်ယာမြေတွေ ဧကသိန်းနဲ့ချီ ဆုံးရှုံးပျက်စီးခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာပြည်သူ ၁၈၅,၀၀၀ ခန့်ကို WFP က ဇူလိုင်လနဲ့ ဩဂုတ်လတွေမှာ အရေးပေါ်အကူအညီ ပေးခဲ့တယ်လို့လည်း သိရပါတယ်။
မကြာသေးမီကဖြစ်ပွားခဲ့တဲ့ ရာဂီမုန်တိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်က မုန်တိုင်းငယ်တခုတို့ကြောင့် ကြာသပတေးနေ့မနက်အထိ မြန်မာပြည်မှာ လူပေါင်း ၂၉၃ သီး သေဆုံးပြီး ၈၉ ဦး ပျောက်ဆုံးခဲ့တယ်လို့ အကြမ်းဖက်စစ်ကောင်စီက ကြေညာထားပေမဲ့ မြေပြင်ဆုံးရှုံးမှုက ဒီထက်ပိုနိုင်ကြောင်း သိရပါတယ်။
တဆက်တည်းမှာပဲ ရာဂီမုန်တိုင်းနောက်ဆက်တွဲ ဖြစ်ပွားတဲ့ ရေကြီးမှုတွေကြောင့် မြန်မာပြည်အတွက် ဥရောပသမဂ္ဂ (EU) ရဲ့ အကူအညီတွေကို တိုးမြှင့်ပေးအပ်မယ်လို့ ဆိုပါတယ်။
ကြေညာချက်အတွင်း EU ကိုယ်စားလှယ်အဖွဲ့က ထိခိုက်နစ်နာသူတွေအတွက် ဝမ်းနည်းကြောင်း ပြောဆိုထားပြီး လူသားချင်းစာနာမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွေကို ကူညီပေးဖို့ အရေးပေါ်အကူအညီ ယူရို ၁.၂ သန်း ပေးအပ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။
EU အနေနဲ့ အဆိုပါ ရန်ပုံငွေကို ထိခိုက်လွယ်တဲ့ ပြည်သူတွေထံ မရှိမဖြစ် လိုအပ်တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း၊ အရင်းအမြစ်တွေနဲ့ အကူအညီတွေ ထိထိရောက်ရောက် ခွဲဝေရရှိစေဖို့ ပြည်တွင်းမိတ်ဖက်တွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း EU က ထုတ်ပြန်ထားပါတယ်။
Ref; TheStar/ Scandasia
0 Shares:
You May Also Like
Read More

မြန်မာဘက်မှ ထွက်ပြေးလာသည့် နယ်ခြားစောင့်တပ်နဲ့ စစ်ကော်မရှင်တပ်က တပ်သား ၅ ဦး ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် အဖမ်းခံရ

မြန်မာဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင် တပ်သား ၁ ယောက်နဲ့ နယ်ခြားစောင့်တပ်သား ၄ ယောက်ကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းမှာ ဖော်ပြထားပါတယ်။
Read More

မြန်မာ့အရေး သက်ဆိုင်သူတွေ တွေ့ဆုံဆွေးနွေးချိန်တန်ပြီလို့ မလေးရှားဝန်ကြီးချုပ်ပြော

မလေးရှားဝနန်ကြီးချုပ် အန်ဝါအီဘရာဟင်က စစ်ခေါင်းဆောင်နဲ့ တော်လှန်ရေးအဖွဲ့တွေအကြား သီးခြားတွေ့ဆုံမှုကနေ အသီးအပွင့်တွေ ဖြစ်ထွန်းလာကြောင်း၊ ကြာမြင့်နေပြီဖြစ်တဲ့ ပြည်တွင်းစစ်အတွက် နှစ်ဖက်အကြား တိုက်ရိုက်ထိတွေ့ဆက်ဆံဖို့ ပထမဆုံးအနေနဲ့ အထိုင်ချထားနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြပါတယ်။
Read More

မဲဆောက်တွင် မြန်မာအမျိုးသမီး၏ လည်ပင်းကို ဓားဖြင့်လှီးသူအား ဖမ်းဆီးရမိ

ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ လည်ပင်းကို ဓားနဲ့လှီးပြီး ထွက်ပြေးသွားတဲ့ အမျိုးသားကို ဖမ်းဆီးရမိခဲ့ပြီလို့ သိရပါတယ်။
Read More

ထိုင်းရေပိုင်နက်အတွင်း ဝင်ရောက်လာသည့် မြန်မာငါးဖမ်းစက်လှေ ၂ စီးနှင့် လှေသား ၇ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းခရိုင်အနီး ထိုင်းရေပိုင်နက်ထဲကို ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာငါးဖမ်းစက်လှေ ၂ စီးနဲ့ လှေသား ၇ ယောက်ကို အာဏာပိုင်တွေက ဖမ်းဆီးအရေးယူထားကြောင်း ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။ 
Read More

မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲက အာဆီယံ ဘုံသဘောတူညီချက် ဆက်လက်အကောင်အထည်ဖော်ရေးအတွက်ပဲလို့ လာအိုအရာရှိပြော

ဘန်ကောက်မှာ အခုလအတွင်း ပြုလုပ်မယ့် မြန်မာ့အကျပ်အတည်းအရေး အလွတ်သဘော ညှိနှိုင်းဆွေးနွေးမှုဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ချက်ကို ပံ့ပိုးကူညီပေးနိုင်တယ်လို့ လာအို အကြီးတန်းအရာရှိတစ်ယောက်က ပြောပါတယ်။
Read More

တရုတ်ကို မြေရှားပြန်ပို့ဖို့ KIA ခွင့်ပြု

ကမ္ဘာ့အကြီးဆုံး မြေရှားသတ္တုဇုံတွေထဲကတခုကို ထိန်းချုပ်ထားတဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) အနေနဲ့ တရုတ်နိုင်ငံကို မြေရှားသတ္တု ပြန်တင်ပို့ခွင့်ပြုခဲ့ကြောင်း ရိုက်တာသတင်းဌာနက သတင်းအရင်းအမြစ်နှစ်ခုနဲ့ ၎င်းမြင်တွေ့ခဲ့ရတဲ့ ထုတ်ပြန်ချက်တစောင်ကို ကိုးကားပြီး မတ်လ ၂၇ ရက်မှာ ဖော်ပြခဲ့ပါတယ်။