မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဗိုလ်ကြီး ညီညီမျိုးဆွေနဲ့ ဗိုလ်ကြီး စိုးထွဋ်ကျော်တို့ကို လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူ ကိုဇီးက မောင်းသတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းမှာ ညောင်ဦး-ချောက်လမ်းပိုင်းပေါ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ လမ်းပိုင်းလုံခြုံရေး စစ်ဆေးနေချိန် နေပြည်တော်ဘက်ကနေ ချောက်၊ ရေနံချောင်းဘက်ဆီ မောင်းနှင်လာတဲ့ ကားတစ်စီးပေါ်ကနေ ဖမ်းမိခဲ့တာလို့လည်း သိရပါတယ်။

ပုံစာ – ဖမ်းဆီးခံထားရသည့် ဗိုလ်ကြီးညီညီမျိုးဆွေနှင့် ဗိုလ်ကြီးစိုးထွဋ်ကျော်တို့ကို တွေ့ရစဥ်

စစ်ကောင်စီဗိုလ်ကြီး ၂ ယောက် ဖမ်းဆီးရမိမှုကို ညောင်ဦးမြို့နယ် ပကဖ အနောက်ခြမ်း ဇုံ ၊ ပုဂံ – ဗိုလ်ချိုအဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်သုံ့ပန်းဥပဒေအရ အရေးယူနိုင်ဖို့အတွက် ညောင်ဦးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ခရိုင်ပကဖထံ လွှဲပြောင်းပေးထားတယ်လို့ သိရပါတယ်။

” သူတို့ဗိုလ်ကြီးပိုင်းအရာရှိတွေဆိုတော့ အထက်က သက်ဆိုင်ရာအဖွဲ့တွေကိုပဲ လွှဲပေးထားတယ်။ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်မှာပါ။” လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ တာဝန်ရှိသူ ကိုဇီးက မောင်းသတင်းဌာနကို ပြောပါတယ်။

” ပြည်သူတွေအနေနဲ့ ကျန်းမာရေးကိုဂရုစိုက်ကြပါ။ ကျနော်တို့ကတော့စစ်အုပ်စုပြုတ်ကျဖို့ အစွမ်းအစရှိသလောက်ကြိုးစားနေပါတယ်။ နေရာတိုင်းမှာစိုးမိုးနိုင်ဖို့ကြိုးစားနေတာကြောင့်စစ်ကောင်စီရှိတဲ့နေရာတွေ ကားတန်းတွေနဲ့အဝေးမှာနေကြပါ။” လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ တာဝန်ရှိသူ ကိုဇီးက ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူမှာ စစ်ကောင်စီက အရပ်သားကားတွေကိုခြိမ်းခြောက်ချောဆွဲနေလို့ ဒေသခံပြည်သူတွေ ကြောက်လန့်နေရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက မြို့ပေါ်တက်လာတဲ့ အရပ်သားကားတွေကို ချောဆွဲဖမ်းဆီးပြီး ပျူစောထီးကျေးရွာတွေဆီ အဲဒီကားတွေနဲ့ ရိက္ခာပို့ဆောင်တာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
Read More

အောင်ပန်း-မန္တလေး လမ်းမပေါ် ရေပြာအိုင်အနီး ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် လမ်းပိုင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ အောင်ပန်း - မန္တလေး လမ်းမပေါ်မှာ လမ်းပိုင်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် - ၁၀၀၃ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမှာ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ ၁၀ ယောက်ထက်မနည်း သေ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်‌ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မင်းအောင်လှိုင် (သို့) အရှေ့တောင်အာရှရဲ့ ပထမဆုံး ICC ဝရမ်းပြေး အလောင်းအလျာ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က ဖမ်းဝရမ်းထုတ်ပေးဖို့ ICC ရဲ့ အစိုးရ ရှေ့နေချုပ် Karim A.A. Khan KC က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ လျှောက်ထားလိုက်ပါတယ်။
Read More

မင်းကင်းတွင် စစ်တပ် ဗုံးကြဲမှုကြောင့် ရဲဘော် ၁၀ ဦးကျော် ဒဏ်ရာရမှု မဟုတ်မမှန်ကြောင်း ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ ပြော

“စခန်းရှိမယ်ထင်တဲ့နေရာတွေ လိုက်ပြီးချတာ။ ထူးထွေတော့ ဘာမှမဖြစ်ဘူး။ တဲတစ်လုံးပဲ ထိသွားတယ်။ လိုင်းပေါ်မှာ ကျနော်တွေ့တယ်။ ကာကွယ်ရေးရဲဘော် ၁၀ ယောက်ထိတာတို့၊ ရွာထဲက ဒေသခံတွေ ထိတာတို့ မဟုတ်ဘူး။ အဲဒါ အလကားပါ။ သူတို့ကြဲသွားတာ တောတွေကို ပစ်သွားတာ၊ ရွာကို မပစ်ဘူး” လို့ ကျောင်းသားတော်လှန်ရေးတပ် Student’s Revolution Force တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။
Read More

ရွှေဘို-ရေဦးလမ်းမှာ အကြမ်းဖက်စစ်သားနှင့် ပျူစောထီးများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် ရွှေဘို-ရေဦးလမ်းမှာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်သား နဲ့ ပျူစောထီးအများအပြား သေဆုံးခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။