ရန်ကုန်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ပြုလုပ်နေတဲ့ ရဲဘော် ၄ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ရန်ကုန်သပိတ်အင်အားစုများထံမှ သိရပါတယ်။
တကသ ကျောင်းသားဟောင်းများ အင်အားစု တွဲဖက်တည်ထောင်သူ အလွတ်တမ်း ဓါတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသား၊ လူငယ်သပိတ်ကော်မတီ (YSC) ရဲ့ ဦးဆောင်သူ ကိုအောင်မင်းခိုင် (ခ) မဲကြီး၊ လူငယ်သပိတ်ကော်မတီ (YSC) အဖွဲ့ဝင် မမြမဉ္စူ နဲ့ နိုင်ငံရေး အကျဥ်းသူဟောင်း မနှင်းအိခိုင် တို့ ၄ ဦးတို့ဟာ စက်တင်ဘာလ ၁၉ ရက် ညနေပိုင်းမှာ မိသားစုနဲ့ နောက်ဆုံး အဆက်အသွယ်ရရှိခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရတာပါ။
ဖမ်းဆီးခံရသူတွေဟာ ရန်ကုန်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ ဦးဆောင် ပါဝင်နေသူများဖြစ်ပြီး၊ အခုလိုမတရားဖမ်းဆီးခံရပြီးနောက် စစ်တပ်ရဲ့ လူမဆန်တဲ့ ညှင်းပန်းနှိပ်စက်မှုတွေနဲ့ ရင်ဆိုင်နေရပြီး၊ ၎င်းတို့ရဲ့ အသက်အန္တရာယ်နဲ့ ကျန်းမာရေး အခြေအနေကို အထူးစိုးရိမ်နေရပါတယ်လို့ ရန်ကုန်သဘိတ်အင်အားစုအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
အဆိုပါရဲဘော်လေးဦးဟာ မြန်မာပြည်မှာ ဆိတ်သုဥ်းနေတဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အပါအဝင် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနဲ့ ဒီမိုကရေစီအရေးတို့အတွက် စစ်အာဏာရှင်ကို လူထုတိုက်ပွဲနည်းလမ်းနဲ့ ပြောင်မြောက်ရဲရင့်စွာ အံတုခဲ့ကြတဲ့ အရေးတော်ပုံတပ်သားများအဖြစ် မှတ်တမ်းတင်အပ်ပါကြောင်း တကသ ကျောင်းသားဟောင်းများအင်အားစုက ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မိုင်းထွက်ရှင်းတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်ကြပ်အပါ ၅ ယောက် သေ၊ တပ်ကြပ်အလောင်းကို ပစ်ထားခဲ့လို့ တော်လှန်ရေးရဲဘော်တွေ မီးသဂြိုဟ်ပေးခဲ့ရ

မကွေးတိုင်း၊ ပခုက္ကူနဲ့ မြိုင်မြို့နယ်အစပ်မှာ ရိက္ခာထောက်ပို့ယာဥ်တန်းအတွက် မိုင်းထွက်ရှင်းတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်ကြပ်အဆင့်ရှိသူ အပါအဝင် ၅ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

ဘုံငါးချက်ကို ဆက်၍အကောင်အထည်ဖော်မည်ဟု အာဆီယံအထူးသံ ဆို 

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးရပ် ဆက်လက်အကောင်အထည်ရေး လုပ်ဆောင်သွားမယ်လို့  ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စမာရီယာ ထရီဆာပါရန်နို လာဇာဇို က အာဏာသိမ်းစစ်‌ခေါင်းဆောင် မင်းအောင်လှိုင်နဲ့တွေ့ဆုံမှုအပြီးမှာ ပြောကြားခဲ့ပါတယ်။ 
Read More

လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁၂ ယောက်သေပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ပြီးခဲ့တဲ့ မတ်လ ၁၃ ရက် မနက်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ဒူရကစစ်ကြောင်းထံက သိရပါတယ်။
Read More

ပခုက္ကူက ပျူစောထီး ၂ ဦး မိသားစုကို ခေါ်ဆောင်ကာ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေတိုက်နယ်၊ ဘဲကြီးအုပ်စု၊ အောင်သာရွာက ပျူစောထီး ၂ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ မိသားစုကိုခေါ်ပြီး အလင်းဝင်ခဲ့တယ်လို့ ပခုက္ကူခရိုင် ပကဖ တပ်ဖွဲ့ (၅) ဧရာဒေါင်းတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ဆီဆိုင်မြို့နယ်၊ နောင်ဗိုကျေးရွာကို စစ်ကော်မရှင်လက်အောက်ခံ ခရိုနီနေဝင်းထွန်း ဦးဆောင်သည့် PNO ပြည်သူ့စစ်က မီးရှို့ဖျက်ဆီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ဗိုကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်မရှင်လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်တဲ့ PNO ပြည်သူ့စစ်က ကျေးရွာကို မီးရှို့ခဲ့တဲ့ ရုပ်သံ မှတ်တမ်းကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ထိုင်းနိုင်ငံမှာ မြန်မာရွေ့ပြောင်းလုပ်သား နှစ်သိန်းကျော် တရားမဝင် လုပ်သားများအဖြစ် လုပ်ကိုင်နေကြောင်း ရက် ၁၂၀ စီမံချက်အတွင်း စစ်ဆေးတွေ့ရှိခဲ့ဟုဆို

ထိုင်းမှာ မြန်မာလုပ်သားတွေ ရက် ၁၂၀ ကျော် စီမံကိန်းအတွင်း နှစ်သိန်းတစ်သောင်း နီးပါး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။