ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နောင်ကုန်းကျေးရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား တွေထဲက အလင်းဝင်ချင်တဲ့ တပ်သား ၃ ယောက်ကို သွားရောက်ခေါ်ဆောင်ခဲ့တယ်လို့ Spring Warriors Column က သတင်းထုတ်ပြန်ထားပါတယ်။

နောင်ကုန်းကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ ခမရ ၅၈၄ က စစ်ကောင်စီတပ်သား ၃ ယောက်ကို Spring Warriors Column ရဲဘော်တွေက သွားရောက်‌ခေါ်ဆောင်ခဲ့ပြီး သူတို့နဲ့အတူ MA-1 တစ်လက်၊ MA-3 နှစ်လက် ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ အဓမ္မစစ်မှုထမ်းဖို့ ပေါ်တာဆွဲခံခဲ့ရတဲ့ လူငယ်တွေဖြစ်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကာ ဆုငွေတွေလည်း ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ အဓမ္မစစ်မှုထမ်းစုဆောင်းခံရတဲ့ လူငယ်တွေနဲ့ စစ်ကောင်စီရဲ့ လက်ပါးစေဘဝကနေ ရုန်းထွက်ချင်သူတွေအနေနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံချင်ရင် တာဝန်ကျရာနေရာနဲ့ နီးစပ်ရာ PDF တပ်ရင်း၊ စစ်ကြောင်း (သို့) Spring Warriors Column တပ်ရင်း Facebook ပေ့ချ်မက်ဆင်ဂျာကတစ်ဆင့် ဆက်သွယ်အလင်းဝင်ရောက်နိုင်တယ်လို့ Spring Warriors Column က ထုတ်ပြန်ထားပါတယ်။

Video – Spring Warriors Column

0 Shares:
You May Also Like
Read More

မြင်းခြံမြို့နယ် အမှတ် ၁၈ ရပ်ကွက်ရှိ စစ်ကောင်စီဂိတ်ကို တော်လှန်ရေးတပ်တွေ အနီးကပ်ဝင်ရောက်ပစ်ခတ်မှု ၄ ယောက် သေ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် အမှတ် ၁၈ ရပ်ကွက်ရှိ အကြမ်းဖက်စစ်ကောင်စီဂိတ်ကို မတ်လ ၃ ရက်က တော်လှန်ရေးပူးပေါင်းတပ်တွေ ပြောက်ကျားနည်းနဲ့ အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက် ခိုက်ခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ထံက သိရပါတယ်။
Read More

Suu 80 Birthday Campaign

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့် မွေးနေ့အတွက် Suu 80 Birthday Campaign မှာ  အားလုံးရဲ့ ပါဝင်မှုနဲ့ မွေးနေ့ဆုတောင်းရုပ်သံ ရှစ်သောင်းပြည့်အောင် စုပေးကြဖို့ ကိုဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် Kim Aris (ခေါ်) ကိုထိန်လင်းက တိုက်တွန်းပြောကြားခဲ့ပါတယ်။
Read More

ကျုံဒိုးမြို့နယ်အတွင်း အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ချေမှုန်း (ရုပ်/သံ)

ကရင်ပြည်နယ် ကျုံဒိုးမြို့နယ်အတွင်း အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ကို တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ ပျံလွှားစစ်ကြောင်းမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ယနေ့မန္တလေးမြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူထိခိုက်မှုရှိ (ရုပ်/သံ)

ငလျင်ဒဏ်အပြင်းအထန်ခံစားခဲ့ရတဲ့ မန္တလေးမြို့မှာ ယနေ့ မေလ ၁၀ ရက် နေ့လယ်ပိုင်းက မိုးသည်းထန်စွာရွာပြီး မိုးသီးကြွေမှုနဲ့ အဆောက်အအုံအမိုးများ လွှင့်ကျမှုကြောင့် လူထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။
Read More

စလင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်၊ စစ်သား ၄ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့နယ် ဆုပ်လေဦးလေးဆုံမှာ ဘန်ကာအခိုင်အမာနဲ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီးတွေကို နိုဝင်ဘာ ၁၅ ရက် မနက်ပိုင်းမှာ တော်လှန်ရေး ပူးပေါင်းတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းစစ်အောင်အဖွဲ့ထံက သိရပါတယ်။
Read More

လင်းဇင်တိုက်နယ်ရဲစခန်းအား ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် လင်းဇင်တိုက်နယ်ရဲစခန်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် - ၅ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။