မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ပျူစောထီးတွေ ပိတ်ဆို့စောင့်ကြည့်နေတဲ့ သရက်ကန်ရွာကနေ အရပ်သား ၄၀ ကျော် တော်လှန်ရေးအင်အားစုတွေဆီ ထွက်ပြေးခိုလှုံလာတယ်လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင် က မောင်းသတင်းဌာနကို ပြောပါတယ်။
စက်တင်ဘာ ၂၁ ရက် ဒီနေ့အထိ သရက်ကန် ပျူကျေးရွာထဲကနေ ခက်ခက်ခဲခဲ တိမ်းရှောင်လာတဲ့သရက်ကန်ရွာနေ မိသားစုဝင်တွေကို မြိုင်၊ ပေါက်နဲ့ ပခုက္ကူအစရှိတဲ့ တော်လှန်ရေးအင်အားစုတွေက ထိန်းသိမ်း​စောင့်ရှောက်ထားတယ်လို့လည်း သိရပါတယ်။
ထွက်ပြေးတိမ်းရှောင်လာသူတွေအထဲ မိသားစုဝင်တွေ၊ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးပိုင်းတွေ အများဆုံးညပါဝင်တယ်လို့လည်း ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။
” သူတို့ခင်ဗျာ ပျူတွေရဲ့ တစ်ချိန်လုံးစောင့်ကြည့်တာကိုခံနေရပြီး ကျင်းထဲကျပ်ထဲရောက်နေကြတာပါ။ တစ်ခါ အခုမှ ထွက်လာရကောင်းလားဆိုပြီး ဒီဘက်က ပြည်သူတွေကလည်း ကရုဏဒေါသောနဲ့အပြစ်တင်ကြတာပေါ့။ အဲ့ထဲမှာ သူတို့နေရတုန်းကဆို မလုံမခြုံခံစားကြရတယ်။ တလောကလုံးက သူတို့ကိုပါ ရောပြီးအပြစ်တင်နေသလို ခံစားရတယ်လို့ပြောတယ်။ လောကအလယ်မှာ သူတို့ပဲ ထီးထီးရှင်သန်နေရသလိုကို ခံစားနေကြရတာပေါ့နော်။ အခုတော့ ရွာထဲ သူတို့ပြောသလိုဆို အယောက် ၇၀လောက်ကျန်နေပါသေးတယ်” လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင် က မောင်းသတင်းဌာနကို ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၆ညရက်မှာ သရက်ကန်ပျူရွာကို တော်လှန်ရေးတပ်တွေက တစ်လအတွင်းတိုက်ခိုက်တော့မှာဖြစ်ကြောင်းနဲ့ ရွာနေဒေသခံတွေ၊ ​လက်နက်ကိုင်ပြည်သူ့စစ်တွေအနေနဲ့ ပြည်သူ့ရင်ခွင် ခိုလှုံဖို့နဲ့ အလင်းဝင်ဖို့ တိုက်တွန်းခဲ့ပါတယ်။
” ကျနော်တို့ကတော့ မထိခိုက်သင့်တဲ့သူတွေကို မိုင်းအစလေးတစ်စတောင် မထိခိုက်မိအောင် ကာကွယ်ပေးချင်တာပါ။ အဲဒီရည်ရွယ်ချက်နဲ့ပဲ ထွက်လာဖို့ တဖွဖွ မှာကြား တောင်းဆိုနေတာပါ။ ထွက်လာပြီးရင်လည်း အဲရွာမှာနေရတာထက် ပိုလုံခြုံတဲ့၊ဘေးကင်းတဲ့ ၊ ပိုပြီးကောင်းမွန်တဲ့ ရှင်သန်မှုမျိုးနဲ့နေထိုင်နိုင်အောင်စီစဥ်ပေးမှာပါ” လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။
မြိုင်မြို့နယ်တောင်ဘက်ပိုင်း၊ မြိုင်-ပခုက္ကူ-ကမ္မလမ်းပိုင်းပေါ်မှာရှိတဲ့ သရက်ကန်ရွာဟာ အိမ်ခြေ ၃၅၀ နီးပါးရှိကာ စစ်တပ်၊ ရဲ၊ ပျူစောထီးအင်အား ၁၀ဝ နီးပါးနဲ့ ဘန်ကာတွေ အခိုင်အမာဆောက်လုပ်ထားတဲ့ ပြည်သူ့စစ်ကျေးရွာတစ်ခုဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေဘက်က ပိတ်ဆို့တိုက်ခိုက်နေတာ ၁ နှစ်ကျော် ၂ နှစ်နီးပါးကြာခဲ့ပြီလို့လည်း သိရပါတယ်။
“တစ်နှစ်ပြည့်ပြီလို့ဆိုရမှာပဲ။ သေချာပိတ်ဆို့နိုင်တာကတော့ ရှစ်လ ၊ကိုးလပေါ့။ အရင်က​တော့ သူတို့အင်အားကောင်းတော့ ကိုယ်တွေ ချောင်းထု ပြန်ပြေးပေါ့။ အခုတော့ ပိတ်ဆို့နိုင်ခဲ့ပြီပေါ့။ ဒီနေရာမှာ ပျူခေါင်းဆောင်တွေက ရိက္ခာရအောင် စစ်တပ်ဆီမျက်ရည်ချူတာတွေလည်း ရှိတယ်။ သူတို့ငတ်ပြတ်နေပါပြီပေါ့။ ဒါပေမယ့် ကျနော်တို့ ဝက်ပုတ်ပျူရွာက တိုက်တုန်းကဆို ဆန်တွေ၊ ဆီတွေ အများကြီး သိမ်းဆည်းရမိတာမျိုးတွေ ရှိတယ်။ အရပ်သားတွေကိုသာ မကျွေးတာလည်း ဖြစ်နိုင်တယ်။ ” လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။
ဝက်ပုတ်၊ သရက်ကွ၊ သရက်ကန် ၊ကိုင်းတောမ စတဲ့လက်နက်ကိုင်ပျူစောထီးရွာတွေနဲ့ မြိုင် ကပစ စက်ရုံတွေရှိတဲ့ မြို့နယ်တောင်ဘက်ပိုင်းဒေသတွေက မြိုင်မြို့နယ်ထဲ စစ်ရေးအကျပ်ဆုံးဖြစ်ပြီး စစ်ရေးအရ အရေးပါတယ်လို့လည်း သိရပါတယ်။
0 Shares:
You May Also Like
Read More

လေယာဥ်ကွင်းအနောက်ဘက် ကင်းပတ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကြားဖြတ်တိုက်ခိုက်၊ အကြမ်းဖက်စစ်တပ်မှ ခလရ ၂၅၄ အရာရှိအပါ ၆ ဦး သေပြီး၊ ၃ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ လေယာဥ်ကွင်းအနောက်ဘက် ကင်းလှည့်တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကြားဖြတ်တိုက်ခိုက်ရာ ခလရ ၂၅၄ တပ်က အရာရှိ ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးကြောင်း Southern YSO PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပုလောမြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် ၇ ဦး K.N.L.A ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အတွက် စစ်မှုထမ်းနေရတဲ့ တပ်သားသစ် (၇) ယောက် အလင်းဝင်ခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။
Read More

CDM ကျောင်းဆရာမနှင့် ခင်ပွန်း အသတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး လုပ်ဆောင်သွားမည်ဟု မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း ထုတ်ပြန်

တနင်္သာရီတိုင်း၊ ပုလောမြို့မှာ နေထိုင်တဲ့ CDM ဆရာမ ဒေါ်အေသီအောင်နဲ့ ခင်ပွန်းဖြစ်သူတို့ အသတ်ခံမှုအပေါ် အမှုမှန်ပေါ်ပေါက်ရေးအတွက် လုပ်ဆောင်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ၏ တပ်မ ၉၉ မှ စစ်မှုထမ်းဆင်း စစ်သား ၃ ဦး လက်နက်များနှင့်အတူ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းဆီ အလင်းဝင်

အကြမ်ဖက်စစ်ကောင်စီရဲ့ ခြေမြန်တပ်မဌာနချုပ် အမှတ် ၉၉ လက်အောက်ရှိ စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၃ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်အတွင်း တိုက်ပွဲ​များ ဆက်လက်ပြင်းထန်​နေပြီး မြို့ပေါ်နေရာအများစုကို စစ်တပ် ပြန်လည်ထိန်းချုပ်​ထားဟု ဆို

မန္တလေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး(MDY PDF) ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်ထဲက နေရာအများစုကို စစ်တပ်က ထိန်းချုပ်လိုက်ပြီလို့ ရှေ့တန်းသတင်းရင်းမြစ်နဲ့ စစ်ကောင်စီ လော်ဘီမီဒီယာတွေရဲ့ သတင်းဖော်ပြမှုအရ သိရပါတယ်။
Read More

ညောင်ဦးတွင် ဧည့်စာရင်းစစ်တာ အကြောင်းပြပြီး လူငယ်များကို အိမ်ပေါ်တက် ဖမ်းဆီးနေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့က ရပ်ကွက်တွေမှာ စစ်ကော်မရှင်က ဧည့်စာရင်းစစ်တာကို အကြောင်းပြပြီး လူငယ်တွေကို ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်နေတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။