ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် ပစ်ခတ်ရှင်းလင်းခံရပြီးနောက်ပိုင်း ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ ဘတ္ထရီစက်ဘီးနဲ့ လျှပ်စစ်ဆိုင်ကယ် (Ebike) စီးနင်းသူတွေကို စစ်ကောင်စီက ဖမ်းဆီးငွေညှစ်တာတွေ လုပ်ဆောင်လာကြောင်း မြို့တွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ အ​ငြိမ်းစားဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင်ကို ဘတ္ထရီစက်ဘီး စီးနင်းလာတဲ့သူတွေက ပစ်ခတ်ရှင်းလင်းခဲ့တယ်ဆိုတဲ့ CCTV မှတ်တမ်းရရှိပြီးတဲ့နောက် အခုလိုဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်လာတာလို့လည်း သိရပါတယ်။

ရန်ကုန်တိုင်းစည်ပင်သာယာနယ်နမိတ်အတွင်းက မြောက်ဥက္ကလာပ၊ မရမ်းကုန်းနဲ့ တောင်ဒဂုံမြို့နယ်တွေ၊ သန်လျင်၊ ကျောက်တန်း၊ ခရမ်းမြို့နယ်တွေမှာ ဘတ္ထရီစက်ဘီးနဲ့ လျှပ်စစ်ဆိုင်ကယ် Ebike စီးနင်းရင် ရဲနဲ့ ယာဉ်ထိန်းရဲတွေက ဖမ်းဆီးငွေညှစ်တာတွေရှိကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

လက်ရှိ သန်လျင်မြို့နယ်ထဲက ကျိုက်ခေါက်ဘုရားလမ်းမအပါအဝင် ကျောက်တန်းလမ်းမပေါ်မှာ ဘတ္ထရီစက်ဘီးတွေနဲ့ ဘေးတွဲဆိုင်ကယ်တွေ မောင်းနှင်ခွင့်မပြုတော့ဘူးလို့လည်း သိရပါတယ်။

အလားတူ ကျောက်တန်းနဲ့ ခရမ်း​မြို့နယ်တွေမှာလည်း ပြီးခဲ့တဲ့  ဇွန်လ ၁ ရက်နေ့ကစလို့ Ebike လျှပ်စစ်ဆိုင်ကယ်နဲ့ ဘေးတွဲတွေအပြင် ဘတ္ထရီစက်ဘီးတွေပါ စီးနင်းခွင့်မပြုတော့ဘူးလို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါ့အပြင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာလည်း ဘတ္ထရီစက်ဘီး စီးနင်းမှုရှိမရှိ စောင့်ကြိုစစ်ဆေးတာတွေ ပိုမိုလုပ်ဆောင်လာကြောင်း၊ ဘတ္ထီရီစက်ဘီး အရောင်းဆိုင်တွေပါ ပိတ်ထားရကြောင်း Rangoon Scout Network တာဝန်ရှိသူက ပြောပါတယ်။

“ဘက်ထရီဘီးနဲ့ E-bike တွေ လိုက်ဖမ်းနေတာဟုတ်ပါတယ်။ အခုဆို အရင်က အစစ်အဆေးမလုပ်တဲ့နေရာတွေမှာပါ တားပြီး ဖမ်းလာတယ်။ လူနေရပ်ကွက်တွေ၊ အိမ်ရာတွေထဲအထိပါ ဝင်ဖမ်းတာမျိုး ရှိလာတယ်။ အရင်က တစ်ခါမှ အစစ်အဆေးမရှိတဲ့ မြို့နယ်တွေမှာပါ တွေ့လာရတယ်ပေါ့။ ဗိုလ်မှူးချုပ်ဟောင်း ပစ်ခံရပြီးနောက်ကို ဆက်တိုက် ရမ်းနေတာပါ။ တလောကလည်း လိုင်စင်မဲ့ကားတွေ လိုက်ဖမ်းဖို့ အမိန့်ထုတ်ထားတာနဲ့လည်း တိုက်ဆိုင်နေတော့ ၂ ခုပေါင်းပြီး ပိုလိုက်ဖမ်းနေပုံပဲ” လို့ Rangoon Scout Network တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီက ဘတ္ထရီစက်ဘီးနဲ့ Ebike စီးနင်းသူတွေအပြင် ဘေးတွဲဆိုင်ကယ်မောင်းနှင်သူတွေကိုလည်း ပိတ်ပင်တားဆီးတာမျိုးတွေလုပ်ဆောင်လာကြောင်း သိရပါတယ်။

“ဟုတ်တယ်ဗျ။ အရင်က ဆွဲခွင့်ပြုထားတဲ့နေရာတွေမှာပါ ဘေးတွဲတွေ ဖမ်းလာတယ်။ ဆင်ခြေဖုံးမြို့နယ်တွေမှာတင် လိုက်ဖမ်းနေတာ မဟုတ်ဘူး။ မြို့ထဲဘက် တချို့နေရာတွေမှာပါ လိုက်စစ်ပြီး ဖမ်းနေတာပါ” လို့ Rangoon Scout Network တာဝန်ရှိသူက မောင်းကို ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

KNDF အမှတ် (၁၂)တပ်ရင်းမှ ရှေ့တန်းရောက် ရဲဘော်များကို ကျည်ကာ အစုံ (၅၀) ၀ယ်ယူတပ်ဆင်ပေး (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ အမှတ် (၁၂)တပ်ရင်းက ရှေ့တန်းမှာ တိုက်ပွဲ၀င်နေတဲ့ရဲဘော်တွေအတွက် အသက်ကို ကာကွယ်နိုင်ဖို့ အထိအခိုက် နည်းစေဖို့အတွက် ကျည်ကာ အစုံ (၅၀)ကို ၀ယ်ယူတပ်ဆင်ပေးနိုင်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေပြီး ၆ ယောက်ထက်မနည်း ဒဏ်ရာရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲတပ်စခန်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်တပ်က ၃ ယောက် သေပြီး ၆ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ Tavoy People Liberation Force - TPLF အဖွဲ့ဆီက သိရပါတယ်။
Read More

ထိတွေ့တိုက်ပွဲမရှိဘဲ စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီမီးခုံမြို့နယ်မှ ဒေသခံတစ်ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီမီးခုံမြို့နယ်မှာ ထိတွေ့တိုက်ပွဲမရှိဘဲ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ဆီမီးခုံသတင်းအဖွဲ့ တာဝန်ခံဆီက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ ဘက်တံဆိပ်တွေကို အုတ်ဂူတွေမှာကပ်ပြီး “စစ်ခွေးတပ်ကုန် မြို့ရန်ကုန်” လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်မြို့ သုသာန်တစ်ခုမှာ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ ဘက်တံဆိပ်တွေကို လိုက်ကပ်ပြီး “စစ်ခွေးတပ်ကုန် မြို့ရန်ကုန်” လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့ကြပါတယ်။
Read More

ဖယ်ခုံမြို့နယ်၊ လအိကျေးရွာတောင်ထိပ်မှာ တည်ထားတဲ့ တောင်ပေါ်ဘုရားက ဗုဒ္ဓ​ရုပ်ပွားတော်တွေ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခံထားရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က လအိကျေးရွာ တောင်ပေါ်မှာတည်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခံထားရတဲ့အတွက် ပြည်သူတွေကြား ထိတ်လန့်မှု ဝေဖန်မှုတွေဖြစ်နေကြတယ်လို့ ဒေသခံတွေဆီက တဆင့် သိရပါတယ်။
Read More

ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ယင်းမာပင်တပ်ရင်း (၂၈) မှ ရဲဘော် ကျော်ဇင်ငြိမ်း ကျဆုံး

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ယင်းမာပင်ခရိုင်တပ်ရင်း (၂၈) က  ရဲဘော်တစ်ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ထံက သိရပါတယ်။