ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကို ဒေသခံပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ပါတယ်။

သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းကို K.N.L.A ပူး‌ပေါင်းတပ်တွေ၊ အမှတ် (၃၂) ဗျူဟာ လက်အောက်ခံ ကော်ဘရာစစ်ကြောင်း၊ Venom စစ်ကြောင်း၊ ကျားသစ်နက်စစ်‌ကြောင်း၊ Federal Wing ဒရုန်းတပ်ဖွဲ့နဲ့ Justice Soldierတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

KNU ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ထိုင်း-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီတပ်စခန်းတွေ ဖြစ်တဲ့ သေ့ဘောဘိုး၊ ပူပူလူတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊ တာလယ်ဗျူဟာ၊ မယ်လစခန်း၊ ဘလက်ဒို၊ မော်ခီး၊ ဘုရင့်နောင်စခန်းကုန်း၊ ကနဲလေးစခန်းနဲ့ ရွှေအေးမြိုင်တပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ပါတယ်။

Video – Htin Linn

0 Shares:
You May Also Like
Read More

ဖာပွန်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကူးဆိပ်တပ်စခန်းကို Rebel Bees-UAV Force က ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်

ကရင်ပြည်နယ် ဖာပွန်မြို့နယ် အကြမ်းဖက်စစ်တပ်ရဲ့ ကူးဆိပ်တပ်စခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Rebel Bees-UAV Force ဟာ မနေ့ကညပိုင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

ခင်ဦးမြို့နယ်၊ မဒေါင်းလှ ပျူစောထီးရွာကို PDF တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက် သိမ်းပိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မဒေါင်းလှ ပျူစောထီးရွာကို PDF တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို Dragon Urban Guerrilla အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

အိန္ဒိယနိုင်ငံ ကျေးရွာတစ်ရွာမှာ ရုတ်တရက် တောင်ကျရေလွှမ်းပြီး လူ ၄ ဦး သေဆုံးကာ အများအပြား ပျောက်ဆုံးနေ (ရုပ်/သံ)

အိန္ဒိယနိုင်ငံ Uttarkashi မြို့ရဲ့ Dharali ကျေးရွာမှာ သြဂုတ် ၅ ရက်က တောင်ကျရေ ရုတ်တရက် စီးဆင်းလာပြီး ရေလွှမ်းသွားခဲ့ရာ လူ ၄ ယောက်သေဆုံးကာ အများအပြားပျောက်ဆုံးလျက်ရှိတယ်လို့ အိန္ဒိယသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၆ ရဲဘော်တွေကို ပြည်သူလူထု ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၆ ရဲဘော်တွေကို ဒီဇင်ဘာ ၂၂ ရက်မှာ ဒေသခံပြည်သူတွေက ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။
Read More

စစ်ကိုင်းမြို့ အမှတ် ၃ ရဲစခန်းနှင့် စည်ပင်ရုံးကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ အမှတ် ၃ ရဲစခန်းနဲ့ စည်ပင်ရုံးကို ဒီနေ့ မတ်လ ၁၀ ရက် မနက်အစောပိုင်းက လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Eagle Revolutions Force local တပ်ပေါင်းစုထံက သိရပါတယ်။
Read More

ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ်ခွဲရှိ စစ်ကောင်စီဌာနရုံးတွေကို တော်လှန်ရေးရဲဘော်တွေ ဝင်ရောက်ရှင်းလင်း (ရုပ်/သံ)

မန္တလေးတိုင်း ‌ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ်ခွဲရှိ စစ်ကောင်စီလက်အောက်ခံ ဌာနရုံးတွေကို နို ဝင်ဘာ ၂၅ ရက် နံနက်ပိုင်းက တော်လှန်ရေးရဲဘော်တွေ ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ Popa Production & Guerilla Force အဖွဲ့ထံက သိရပါတယ်။