ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်အနီးရှိ သေ့ဘောဘိုစစ်စခန်းကို သိမ်းပိုက်မှုအတွင်း စစ်ကောင်စီရဲ့ မြေအောက်လက်နက်တိုက် ၁ ခုကိုပါ သိမ်းပိုက်ရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။

လက်နက်တိုက်ကို ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘော ဦးဆောင်စစ်ဆေးနေတဲ့ ရုပ်သံကို ဗိုလ်စောကော်က သူ့ရဲ့ Facebook လူမှုစာမျက်နှာကနေ မျှဝေခဲ့ပါတယ်။

မြေအောက်လက်နက်တိုက်အတွင်း လက်နက်ကြီးကျည်တွေ၊ မိုင်းတွေနဲ့ လက်နက်ခဲယမ်းမျိုးစုံ အများအပြား သိမ်းဆည်းထားတာကို ရုပ်သံဖိုင်အတွင်း တွေ့မြင်ရပါတယ်။ 

သေ့ဘောဘိုးစစ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဇွန်လ ၂ ရက်က စတင်ပိတ်ဆို့တိုက် ခိုက်ခဲ့ရာ ဇွန်လ ၃ရက် ညပိုင်းမှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြားသေဆုံးကာ အယောက် ၅၀ ကျော် လက်နက်ချအညံ့ခဲ့တယ်လို့ သိရပါတယ်။

Video – Saw Kaw

0 Shares:
You May Also Like
Read More

စစ်ကောင်စီ လေကြောင်းက ကြဲချခဲ့ပြီး မပေါက်ကွဲသေးတဲ့ ဗုံးသီး ပြည်သူတွေအနီးနားမှာ ရှိနေတဲ့အတွက် Tiger Dragon Revolution Force သွားရောက်တူးဖော်ရှင်းလင်းပေး (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ကြဲချခဲ့ပြီး မပေါက်ကွဲသေးဘဲ ကျန်ရှိနေတဲ့ ဗုံးသီးဟာ ပြည်သူတွေနဲ့ နီးစပ်တဲ့နေရာမှာ ရှိနေတာကြောင့် P 29909 - Southern Eagle PDF တပ်ရင်း၊ တပ်ခွဲ (၃) (Tiger Dragon Revolution Force) တပ်ဖွဲ့က သွားရောက်တူးဖော် ရှင်းလင်းပေးခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ၏ မပေါက်ကွဲသေးသည့် ဗုံးသီးကို ပြည်သူများအန္တရာယ်ကင်းစေရန် ဖော်ထုတ် ရှင်းလင်းပေး (ရုပ်/သံ)

ပဲခူးတိုင်းအရှေ့ခြမ်း စစ်တောင်းမြစ်ဝှမ်းအရှေ့အနောက်မှာရှိတဲ့ ရွာတွေကို စစ်ကောင်စီရဲ့ ညောင်လေးပင် ပိန်းဇလုတ်အခြေစိုက် စစ်တပ်စခန်းတွေကနေ လက်နက်ကြီးတွေ၊ ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်တာတွေ လုပ်ဆောင်လျက်ရှိတယ်လို့ Royal Peacock Column-P 29913 က ဆိုပါတယ်။
Read More

တော်လှန်ရေးတပ်တွေ ထုတ်လုပ်ထားတဲ့ လက်နက်ကြီးနဲ့ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ်အတွင်း မေလ ၅ ရက်နဲ့ ၆ ရက်က စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို Hell Cannon လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Southern YSO PDF အဖွဲ့ထံက သိရပါတယ်။
Read More

ဖားကန့်တွင် မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၂ ဦး သေဆုံး (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာရွာမှာ ကျောက်စိမ်းလုပ်ကွက်ဟောင်း ပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၂ ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

သပိတ်ကျင်းမြို့နယ် တတက ၁၃ ကို ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်မှု၊ အထက်တန်းနည်းပြအရာရှိ ၃ ဦးနှင့် အခြားအဆင့် စစ်သား ၁၈ ဦး သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ အမှတ် ၁၃ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးသင်တန်း ကျောင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အထက်တန်းနည်းပြအရာရှိ ၃ ယောက်နှင့် တခြားအဆင့် တိုက်ခိုက်ရေးစစ်သား ၁၈ ယောက်သေဆုံးခဲ့တယ်လို့ Brave Warriors for Myanmar က သတင်းထုတ်ပြန် ထားပါတယ်။
Read More

အရာတော်မြို့နယ် ငွေတွင်းပျူကင်းစခန်းအား တော်လှန်ရေးပူးပေါင်းတပ်တွေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၁ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ငွေတွင်းပျူကင်းစခန်းအား ဖေ‌ဖော်ဝါရီ ၁၁ ရက် ညနေပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ ရောင်နီဦးတပ်ရင်း-မုံရွာခရိုင်တပ်ရင်းအမှတ် ၁၉ထံက သိရပါတယ်။