စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ပေါ်မှာ အရက်မူးပြီး သွေးသစ္စာသီချင်းအော်ဆိုခဲ့တဲ့ ကျောင်းအုပ်ဆရာ ကြီး ၁ယောက် အပါအဝင် ပညာရေးဝန်ထမ်း ၃ယောက်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စစ်ကောင်စီ ဖမ်းဆီးထားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က ကန့်ဘလူမြို့‌၊ အထက (၁) ကျောင်းအုပ်ဆရာကြီး ဦးမိုးထွန်းနဲ့အတူအထက်တန်းပြဆရာ ဦးစိုးသင်း၊ ကျောင်းစောင့် ဦးညွန့်ဝင်းတို့ဟာ KTV နဲ့ ဘီယာဆိုင်ကအပြန် သွေးသစ္စာသီချင်းကို ဆိုင်ကယ်စီးရင်း မြို့ပတ်သီဆိုခဲ့တဲ့အတွက် အခုလို ဖမ်းဆီးခံရတာလို့ သိရပါတယ်။

“အဲ့နေ့က ကျောင်းမှာ ခံဝန်ထိုးခိုင်းတယ်လို့ ပြောတာပဲ၊ ချက်ချင်းမဖမ်းဘူး၊၂၇ ရက်နေ့ကျမှနိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုပြီး ကျောင်းဝန်းထဲအထိ ဝင်ဖမ်းသွားတာ၊ အဲ့ကျောင်းမှာ အစောင့်ပျူတွေလည်းရှိတယ်။ ကျောင်းအုပ်ဆရာကြီးတို့က မူးမူးနဲ့ မြို့ပတ်ပြီး သွေးသစ္စာသီချင်းဆိုသလိုဖြစ်သွားတာ” လို့ ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

လက်ရှိမှာ ဖမ်းဆီးခံထားရသူတွေ ပြန်လည်လွတ်မြောက်လာရေးအတွက် ပညာရေးအသိုင်းအဝိုင်းက ကြိုးစားနေတယ်လို့လည်း ကန့်ဘလူမြို့ခံတွေက​ ပြောပါတယ်။

“ပညာရေးဝန်ထမ်းတွေ ကြိုးစားနေသလို ဝါသဝဘုန်းကြီးကလည်း သူ့အမိန့်နဲ့ ပြန်လွှတ်ပေးခိုင်းမယ် ပြောပါတယ်။ ဒါပေမယ့် အခုချိန်ထိ ၃ ယောက်လုံး မလွတ်လာသေးပါဘူး” လို့ ကန့်ဘလူမြို့ခံ ၁ ယောက်က ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကျောင်းအုပ်ဆရာကြီး ဦးမိုးထွန်းဟာ တန့်ဆည်နယ်ဇာတိဖြစ်ပြီး ကန့်ဘလူမြို့ကို မကြာသေးခင်ကမှ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့တာလို့လည်း သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ စစ်တပ်အာဏာ ယန္တရားတည်မြဲရေးအတွက် စစ်အုပ်စု​ထောက်ခံသူတွေဖြစ်တဲ့ ပျူစောထီးခေါင်းဆောင် ဇော်ယုထွန်းနဲ့ စစ်တပ်လော်ဘီ ဇော်ဘုန်းဟိန်းတို့အပါအဝင် လက်ရှိပညာရေးဝန်ထမ်းတွေအထိပါ ဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။

 

 

0 Shares:
You May Also Like
Read More

မွန်ပြည်လွတ်မြောက်ရေးတပ်တော် အပတ်စဥ် (၆) အခြေခံစစ် ပညာသင်တန်းဆင်းပွဲ

မွန်ပြည်လွတ်မြောက်ရေးတပ်တော်ရဲ့ အပတ်စဥ် (၆) အခြေခံ စစ်ပညာသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၅ ရက် မနေ့က KNU တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ Mon Liberation Army - MLA က ထုတ်ပြန်ထားပါတယ်။
Read More

စစ်မှုထမ်း အကျုံးဝင်တဲ့ လူငယ်တွေကို ပြည်ပထွက်ခွါခွင့် မပြုကြောင်းနဲ့ ပျက်ကွက်ရင် အရေးယူမယ့် နည်းဥပဒေ စစ်ကောင်စီ ပြဌာန်း.. ကျောင်းသင်ခန်းစာမှာလည်း စစ်မှုထမ်းဥပဒေအကြောင်း ထည့်သွင်းသင်ကြားမယ်..

စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကို ကျောင်းသင်ခန်းစာတွေမှာပါ ထည့်သွင်း သင်ကြားသွားမယ့်အပြင် စစ်မှုထမ်းဖို့ အသက်ပြည့်မှီနေသူတွေ အားလုံးကို ပြည်ပထွက်ခွင့် မပြုတော့ဘူးလို့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေမှာ ထည့်သွင်းဖော်ပြလာပါတယ်။
Read More

“လက်နက်ကိုင်လမ်းစဥ်မှအပ အခြားမရှိ” လမ်းစဉ် ကို ကိုင်စွဲထားသည့် ကျောင်းသားလက်ရုံးတပ်တော် ၄ နှစ်ပြည့်ကို ဂုဏ်ယူကြောင်း TNLA သဝဏ်လွှာပေးပို့

“လက်နက်ကိုင် လမ်းစဥ်မှ အပ အခြားမရှိ”ဆိုတဲ့ယုံကြည်ချက်ကို လက်ကိုင်စွဲထားတဲ့ ကျောင်းသားလက်ရုံးတပ်တော်(SAF) ၄ နှစ်ပြည့်မြောက်ခြင်းကို ဂုဏ်ယူကြောင်း TNLA က သဝဏ်လွှာပေးပို့လိုက်ပါတယ်။
Read More

PDF နှင့် လက်တွဲတိုက်ပွဲဝင်ခဲ့သည့် တိုင်းရင်းသားတပ်ဖွဲ့များ၊ ဒေသကာကွယ်ရေးတပ်များကို ကျေးဇူးတင်ကြောင်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြော၊ PDF ၏ အောင်ပွဲသည် ပြည်သူ့အောင်ပွဲ၊ တော်လှန်ရေးအောင်ပွဲ ဖြစ်သည်ဟု ဆို

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့်ပြီဖြစ်ကာ ၄နှစ်အတွင်းမှာ စစ်တပ်ကို ဖိအားပေး တိုက်ပွဲဝင်နိုင်ခဲ့ပြီး အောင်မြင်မှု များစွာရရှိထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ၄ နှစ်ပြည့် အထိမ်းအမှတ် မိန့်ခွန်းမှာ ပြောပါတယ်။
Read More

မင်းအောင်လှိုင် တရုတ်ကို ထွက်ခွာအပြီး နာရီပိုင်းအကြာ နေပြည်တော်လေဆိပ် တိုက်ခိုက်ခံရ

နေပြည်တော်မှာ အာဏာသိမ်းစစ်‌ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်ခရီးစဉ်ထွက်ခွာသွားပြီး နာရီပိုင်းအကြာမှာပဲ နေပြည်တော် အေလာလေဆိပ်မှာ ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အုပ်စု၏ ရာဇဝတ်မှုများတွင် ကျူးလွန်သူ၊ စေခိုင်းသူ၊ ပံ့ပိုးကူညီသူနှင့် သတင်းမှား ဖြန့်ချိသူအားလုံးကို အရေးယူနိုင်ရေး လုပ်ဆောင်မည်ဟု NUG ထုတ်ပြန်၊ ၂၀၂၃ ခုနှစ်မှ ယခု မေလ (၁၂) ရက်အထိ စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုများကြောင့် အသက် (၁၈) နှစ်အောက် ကလေးငယ် (၄၄၁) ဦးအပါ အရပ်သားပြည်သူ ၃,၀၄၃ ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စု ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေမှာ ကျူးလွန်သူ၊ စေခိုင်းသူ၊ ပံ့ပိုးကူညီသူနဲ သတင်းမှား ဖြန့်ချိသူအားလုံးကို နိုင်ငံတကာတရားရုံးတွေနဲ့ နိုင်ငံအလိုက်တရားရုံးတွေမှာသာမက ပြည်တွင်းတရားဥပဒေတွေနဲ့ပါ အရေးယူနိုင်ရေး အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ကြေညာပါတယ်။