တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာအုပ်စု၊ ဆင်စွယ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က ၆ ယောက်ထက်မနည်း သေဆုံးပြီး ၁၃ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေါနတပ်ရင်းလက်အောက်ရှိ Laungline Peninsula Force (LPF) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂ ရက် မနက်ပိုင်းက ဆင်စွယ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်ဖို့ သွားချိန် နယ်မြေရှင်းလင်းရေးထွက်လာတဲ့ အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး လက်ဦးမှု ရယူကာ ပစ်ခတ်ချေမှုန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အပြန်အလှန် ပစ်ခတ်မှုအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေ လက်ဦးမှု ရယူနိုင်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား (၆)‌ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး( ၁၃ ) ယောက်ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲ မိနစ် (၃၀) ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ တပ်သားတွေက သေနတ်ဖောက်ချိန်မရဘဲ ကစဉ့်ကလျား ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဆင်စွယ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကိုလည်း ၆၀ မမလက်နက်ကြီး (၅)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုကိုတော့ အသေးစိတ်မသိရသေးဘူးလို့ LPF က ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ဒေါနစစ်ကြောင်း(၃)-‌ ဒေါနတပ်ခွဲ (၇)-LPF ၊ ဒေါနတပ်ခွဲ(၄) – KBDF၊ ဒေါနစစ်ကြောင်း (၂)- YGF ၊ MSRF ၊ NMSP (AD)RMA ၊ Nonentity Coach လေ့ကျင့်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ မရရှိဘဲ အောင်မြင်စွာ ခွာစစ်ဆင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပုသိမ်ကြီးနှင့် မတ္တရာတွင် လက်နက်တပ်ဆင်ပေးထားသည့် အပြာဝတ် ရလဖများအား စစ်ကောင်စီ ပိုမိုအသုံးပြုလာ 

မန္တလေးတိုင်း၊ ပုသိမ်ကြီးနဲ့ မတ္တရာမြို့နယ်တွေမှာ  စစ်ကောင်စီက အရပ်သားတွေကို စစ်မှုထမ်းနဲ့ ပြည်သူ့စစ်စုဆောင်းတာတွေအပြင် ရပ်ရွာလုံခြုံရေးအဖွဲ့ဝင်တွေအဖြစ်လည်း လက်နက်ပေး ဖွဲ့စည်းထားကြောင်း သိရပါတယ်။
Read More

ဆီဆိုင်မြို့နယ် တွေပူးကျေးရွာ ရွာသူကြီးကို စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ် ဖမ်းခေါ်သွား

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တွေပူးကျေးရွာ ရွာသူကြီးကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဖမ်းဆီးသွားခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာမြို့မှ ထွက်ခွာလာသည့် စစ်ယာဉ်တန်းကို တိုက်ခိုက်ရာ စစ်သား ၉ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ ထွက်ခွာတဲ့ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ရာ စစ်သား ၉ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ 𝐑𝐨𝐲𝐚𝐥 𝐓𝐢𝐠𝐞𝐫 𝐅𝐨𝐫𝐜𝐞 ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်​ေ
Read More

ဖာပွန်ခရိုင်မှာ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ၂ ရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား (၅) ယောက်သေပြီး လက်နက်ခဲယမ်းတွေ ရရှိ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်ကောင်စီတပ်က ၅ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး -KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ရေဖြူတွင် ခလရ (၄၀၄) မှ စစ်သား ၅ ဦး သေနတ် ၅ လက်နှင့် ခဲယမ်းများယူဆောင်ပြီး ဗထူးတပ်မတော်ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ ခလရ (၄၀၄) တပ်ရင်းက စစ်သားတွေ ဂိတ်စခန်းတာဝန်ကျရာကနေ လက်နက်တွေယူဆောင်ပြီး ထွက်ပြေးအလင်းဝင်ရောက်လာကြောင်း ဗထူးတပ်မတော် သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

SSNDF / KNDF ဗျူဟာအမှတ် ၉ ရှိ ရဲဘော်များ၏ စစ်ရေးလှုပ်ရှားမှုပုံရိပ်များ (ဓာတ်ပုံသတင်း)

ရှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ် (SSNDF) / ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာ အမှတ် ၉ က တော်လှန်ရဲဘော်တွေရဲ့ရှေ့တန်းစစ်မြေပြင်မှာ စစ်ရေးလှုပ်ရှားမှု မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။