နွေဦးတော်လှန်ရေးမှာ နိုင်ငံတကာကို ရောက်ရှိနေတဲ့ မြန်မာလူမှုအဝန်းအဝိုင်းရဲ့ ပါဝင်ထောက်ပို့မှုအခန်းကဏ္ဍက အထူးအရေးပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ​ပြောဆိုလိုက်ပါတယ်။

ကနေဒါနိုင်ငံ ၊ လန်ဒန်မြို့မှာ မေ ၃၁ ရက်က ပြုလုပ်ခဲ့တဲ့ “ဒို့အတူဆင်နွှဲ ထောက်ပို့မယ့်ပွဲ” ကို တက်ရောက်ခဲ့ချိန်က NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော် က ပြောဆိုခဲ့တယ်လို့ သမ္မတရုံး က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

နွေဦးတော်လှန်ရေးအပေါ် ကနေဒါနိုင်ငံ၊ လန်ဒန်မြို့ရှိ မြန်မာလူမှုအဝန်းအဝိုင်းရဲ့ အစဉ်တစိုက် အခိုင်အမာထောက်ခံအားပေး ပံ့ပိုးမှုအတွက်လည်း ကျေးဇူးတင်ရှိတယ်လို့ ဦးကျော်ဇော်က ပြောကြားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

အလင်းဝင်မယ့် စစ်သား ၇ ယောက်ကို သွားခေါ်ရင်း ဒဏ်ရာရခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၂ ယောက် ပြန်လည်သက်သာလာ…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်မှာ အဓမ္မစစ်မှုထမ်းခဲ့ရတဲ့ စစ်သား ၇ ယောက် အလင်းဝင်လာတာကို သွားရောက်ခေါ်ဆောင်ချိန် ဒဏ်ရာရခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော် ၂ ယောက် ဒဏ်ရာတွေကနေ ပြန်လည်သက်သာလာပြီဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - နေပြည်တော်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဗကပ ရဲ့ လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ၄ နှစ်ပြည့် အခမ်းအနားကို အမှတ် ၁ စစ်ဒေသနှင့် အနောက်မြောက်စစ်ဒေသမှာ ပြုလုပ်ခဲ့…

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို အမှတ် ၁ စစ်ဒေသနဲ့ အနောက်မြောက်စစ်ဒေသတွေမှာ မတ်လ ၁၅ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းသင်တန်းဆင်း စစ်ကောင်စီတပ်သား ၅ ဦး လက်နက် ၂ လက်နှင့်အတူ KNU တပ်မဟာ (၄) ထံအလင်းဝင်

အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားဖမ်းဆီးခံရပြီးနောက် စစ်သားစုဆောင်းရေးတပ်ထဲ အပို့ခံလိုက်ရတဲ့ စစ်ကောင်စီတပ်သား ၅ ယောက် လက်နက်နဲ့အတူ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) ဆီ အလင်းဝင်ရောက်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းလှမှာ USDP ရုံးကို တော်လှန်ရေးတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်..

“ကျွန်တော်တို့ အချိန်ယူ ပြင်ဆင်တိုက်ခိုက်ခဲ့တာပါ။ မြို့တွင်းနေရာဖြစ်နေတော့ ပြည်သူ မထိခိုက်ရေး အဓိကထား လုပ်ဆောင်ခဲ့ပါတယ်” လို့ မြေအောက်ပျောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဂန့်ဂေါတွင် ခလရ ၅၀ တပ်မှ စစ်ကြောင်းဝင်၊ ဒရုန်းဗုံးကြဲမှုများ ဆက်တိုက်လုပ်ဆောင်နေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ခလရ ၅၀ တပ်ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်တွေဟာ ပျားကျေးရွာကို ဝင်ရောက်ရင်း ကျေးရွာပတ်ပတ်လည်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿက မောင်းကို ပြောပါတယ်။
Read More

မင်းလှမြို့နယ် ဇရစ်မျှောင်ရွာမှ အမျိုးသမီး ၅ ဦးအား စစ်ကောင်စီ ဖမ်းဆီးထား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ဇရစ်မျှောင်ရွာက အမျိုးသမီး ၅ ယောက်ကို စစ်အုပ်စုက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။