စစ်ကိုင်းတိုင်း၊ စဉ့်ကူးမြို့ပေါ်က မြသိန်းတန် ဘုရားကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဇွန်လ ၃ရက် မနေ့ ရက မနက် ၁၁နာရီ ၅မိနစ်အချိန်မှာ စစ်ကောင်စီရဲ့ တံတားဦးလေတပ်က ဂျက်ဖိုက်တာတစ်စင်းနဲ့ ပေါင် ၃၀၀ ဗုံး ၁လုံး ကြဲချကာ လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် မြသိန်းတန်ဘုရားနားက ဘုန်းကြီးကျောင်းဆောင် ၂ဆောင်ကတော့ ပျက်စီးသွားတယ်။ ဘုရားကတော့ မထိသွားပါဘူး။ မြို့ပေါ်နေရာလည်း ဖြစ်နေတော့ မြို့ပေါ်မှာက လူတွေ ပြန်မနေသေးတော့လေ လူထိခိုက်မှုတော့ မရှိပါဘူး” လို့ ပြင်ဦးလွင်ခရိုင် ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေကတော့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ ဝေးရာမှာ နေထိုင်ကြဖို့၊ လေကြောင်း အန္တရာယ်ကြောင့် ဗုံးခိုကျင်းတွေ တူးထားကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ကလည်း စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၆ ယောက် အပါအဝင် အရပ်သား ၂၇ ယောက် သေဆုံးခဲ့တဲ့ဖြစ်စဉ် ရှိခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

စစ်ရေးတင်းမာမှုတွေကြောင့် ပုလော၊ မြိတ်၊ တနင်္သာရီ တလျှောက် ပြည်ထောင်စုလမ်းမကြီးကို မနက် ၆ နာရီမှ ညနေ ၆နာရီအတွင်းသာ သွားလာကြဖို့ NUG (MOD) တနင်္သာရီစစ်ဆင်ရေးဌာန ထုတ်ပြန်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်းက ပုလောမြို့နယ်၊ မြိတ်မြို့နယ်နဲ့ တနင်္သာရီမြို့နယ်တို့မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ကြား စစ်ရေးတင်းမာနေတာကြောင့် အဲဒီမြို့နယ်တွေ တလျှောက်မှာရှိတဲ့ ပြည်ထောင်စုလမ်းမကြီးကို မနက် ၆ နာရီကနေ ညနေ ၆နာရီအတွင်းသာ သွားလာကြဖို့ NUG (MOD) တနင်္သာရီစစ်ဆင်ရေးဌာနက မနေ့က စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

“စက်လှေမှာက ဘဏ်ဝန်ထမ်း ၃ဦးလောက်နဲ့ စစ်တပ်လုံခြုံရေး ၆၀ နီးပါးလောက် ပါပါတယ်။ ကျနော်တို့ ခန့်မှန်းသိသလောက်ကတော့ ဌာနဆိုင်ရာ ငွေကြေးအလွှဲအပြောင်းတွေလုပ်ရတဲ့ မြန်မာ့စီးပွားရေးဘဏ်ဖြစ်မယ်လို့ ယူဆပါတယ်”

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကနေ သရက်ချောင်းမြို့နယ်ကို စုန်ဆင်းသွားတဲ့ စစ်ကောင်စီရဲ့ ငွေစက္ကူတွေ တင်ဆောင်လာတဲ့ စက်လှေတစ်စီးကို တိုက်ခိုက်ချေမှုန်းရာ ၂၀ ကျော် သေဆုံးပြီး ၃၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက မောင်းကို ပြောပါတယ်။ 
Read More

စစ်တပ်၏ ရွေးကောက်ပွဲအတုကို ငြင်းပယ်ခြင်းဟာ နိုင်ခြေကို လုံးဝ စွန့်လွှတ်ခြင်းဟု ဦးကိုကိုကြီး ပြော

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြုလုပ်ပြီးစီးခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း တစ်ယောက်သာ အနိုင်ရခဲ့တဲ့ ပြည်သူ့ပါတီရဲ့ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ရွေးကောက်ပွဲ မပြိုင်တာထက်စာရင် ပြိုင်တာက ကိုယ်စားပြုခွင့် အထိုက်အလျောက် ရတယ်လို့ ပြောဆိုလိုက်ပါတယ်။
Read More

တိုက်ပွဲရက်ဆက် ဖြစ်ပွါးခဲ့သည့် ရေစကြိုတွင် စစ်ကြောင်းဝင်လာစဥ် မပြေးနိုင်သည့်  သက်ကြီးပိုင်း အရပ်သားများကို စစ်ကောင်စီ မီးရှို့သတ်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်က ထွက်မပြေးနိုင်တဲ့ သက်ကြီးပိုင်းအရပ်သား ၅ ယောက်ကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ဟုမ္မလင်းမှာ စစ်ကောင်စီ လက်အောက်ခံ ရှမ်းနီတပ် SNA တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၉ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ၇၅၃ တပ်ရင်းက တပ်ဖွဲ့ဝင် ၉ ယောက် လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီနှင့် ပေါင်းပြီး ပြည်သူ့နေအိမ်များကို ဖျက်ကာ တန်ဖိုးရှိပစ္စည်းများ ယူနေသည့် ပျူ ၂ ဦးကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ရွေးကုန်းအုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာက စစ်တပ် သတင်းပေး ပျူစောထီးတွေဖြစ်တဲ့ မြဇော်ဦးနဲ့ ဒေါ်ယူပီကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ကနေ သတင်းထုတ်ပြန်ထားပါတယ်။