စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက အရပ်သား ၂ ယောက်ကို ရွာထဲဝင်ရောက် ပစ်ခတ်သတ်ဖြတ်ရင်း ကလေးငယ်နဲ့အမျိုးသမီးတွေအပါ ၁၆ ယောက်ကို ဖမ်းဆီးခေါ်​ဆောင်သွားတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့၊ မနက်ပိုင်းက ကန့်ဘလူမြို့နယ်​၊ ချပ်သင်းအထိုင်စခန်းကနေ ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေဟာ ကံကြီးရွာအနောက်ဘက်ကုန်းနေ အသက် ၄၀ အရွယ် ကိုသိန်းထွေး နဲ့ အသက် ၂၀ အရွယ် မောင်ဇေယျာထွန်းတို့ကို ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါ အရပ်သား ၁၆ ယောက်ကိုလည်း တစ်ပါတည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

“ဖမ်းခံရတဲ့အထဲ အမျိုးသမီးတွေပါပါတယ်။ အထူးသဖြင့် ကလေးငယ်တွေထဲလည်း မိန်းမတွေ ပါတယ်။ သူတို့ကို ချက်ချင်းဘယ်ပို့မလဲဆိုတော့ ချပ်သင်းအထိုင်ပဲ ပို့မယ်ထင်ပါတယ်” ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရတဲ့ အရပ်သားတွေ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

ကန့်ဘလူ၊ ကိုးတောင်ဘို့တိုက်နယ်၊ သင်တောရွာအတွင်း အထိုင်ချတပ်စွဲနေသည့် စစ်အုပ်စုများ



ပြီးခဲ့တဲ့မေလ၁၈ရက်နေ့ကစလို့ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့နဲ့ ချပ်သင်းတိုက်နယ်အထိုင်စခန်းတွေကနေ ထွက်လာတဲ့ စစ်အုပ်စုစစ်ကြောင်း၂ခုဟာ အနီးအနားကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေခဲ့တာ ဖြစ်ပါတယ်။

အထက်ပါ စစ်ကြောင်းနှစ်ခုဟာ ကိုးတောင်ဘို့တိုက်နယ်၊ သင်တောရွာအတွင်းဝင်ရောက်အထိုင်ချခဲ့တဲ့အတွက် အနီးဝန်းကျင်က အရပ်သား ၁သောင်နီးပါးဟာ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်၊ နေ့လယ်ပိုင်းကလည်း ကိုးတောင်ဘို့အထိုင်စခန်းကနေထွက်လာတဲ့ အကြမ်းဖက် စစ်အုပ်စုတွေဟာ ဦးကင်းကြည်ရွာကတဆင့် နှောကုန်းရွာဘက်ဆီ စစ်ကြောင်းထိုးဝင်ရောက်ရင်း အရပ်သားတွေကို အကြမ်းဖက် ပစ်ခတ်ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့သလို နှောကုန်း၊ ဇီးကုန်းနဲ့ ပေါက်တောရွာဘက်တွေဆီ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့သေးကြောင်း သိရပါတယ်။

ဒါ့အပြင် စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်နဲ့ တပ်ရင်းတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေလည်း ရှိနေပြီး စစ်ကောင်စီဘက်က အပြင်းအထန်ထိခိုက်မှုတွေ ရှိနေပါတယ်။

လက်ရှိမှာ ရက် ၂၀နီးပါးကြာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်အုပ်စုကြောင့် ကံကြီး၊ ဦးကင်းကြည်၊ ပေါက်ဆိန်ကုန်း၊ သင်တော၊ အလယ်ခုံ၊ လွင်ကြီး၊ ဇော်ချောင်း၊အောက်တဲ၊ ဝက်သဲအင်း၊ တင်မော်၊ ညိုပင်ရှို၊ နှောကုန်း၊ ပေါက်ကုန်း နဲ့ ဇီးကုန်းရွာတွေက အရပ်သား၁သောင်း နီးပါးဟာ မိုးထဲလေထဲဘေးလွတ်ရာတိမ်းရှောင်နေ​ရသလို နှာစေးချောင်းဆိုးနဲ့ ရာသီတုပ်ကွေးရောဂါတွေအတွက် အခြေခံဆေးဝါး၊ အမိုးအကာနဲ့ အစားအသောက်တွေ အရေးပေါ် လိုအပ်နေကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် တာဝန်ရှိသူက ပြောပါတယ်။

0 Shares:
You May Also Like
Read More

ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်တပ်မှ ဒရုန်းများ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုများကြောင့် ပြည်သူ (၃) ဦး ထိခိုက်ဒဏ်ရာရ၊ နေအိမ် (၂) လုံးနှင့် စာသင်ကျောင်း (၁) ကျောင်း ထိခိုက်ပျက်စီးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက် စစ်တပ်က အရပ်သား ပြည်သူလူထုကို ပစ်မှတ်ထားပြီး ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ (၃) ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ် (၁) လုံးနဲ့ စာသင်ကျောင်း (၁) ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။
Read More

(၇၈) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ရဲဘော်များကို ရာထူးတာဝန်အပ်နှင်းခြင်းနှင့် သင်တန်းဆင်းရဲ‌ဘော်သစ်များကို လက်နက်တပ်ဆင်ခြင်း အခမ်းအနား ပြုလုပ်

ဒီနေ့ ဩဂုတ်လ (၈) ရက်မှာ ကျရောက်တဲ့ (၇၈) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားကို မွန်ပြည်တော်လှန်ရေးတပ်(MSRF) ရဲ့ လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ပြီး MSRF ရဲဘော်တွေကို ရာထူးတာဝန်တွေ အပ်နှင်းကာ သင်တန်းဆင်း ရဲ‌ဘော်တွေကို လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ထီးလင်းမှာ အကြမ်းဖက်စစ်တပ်က ရော့ကတ်တွေ၊ ဗုံးသီးတွေနဲ့ ကြဲချလို့ အမျိုးသမီး ၁ယောက်သေဆုံးပြီး ၉ယောက် ထိခိုက်ဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ရော့ကတ်ဗုံးသီးတွေထဲ မပေါက်ကွဲသေးတာတွေရှိနေသေးတယ်လို့ ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။
Read More

အသံတိတ်သပိတ် ပါဝင်ဆင်နွှဲနေသည့် မန္တလေး (ဓာတ်ပုံသတင်း)

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ မနက် ၁၀ နာရီကနေ ညနေ ၃နာရီအထိ အသံတိတ်သပိတ် ဆင်နွှဲနေကြတဲ့ မန္တလေးမြို့ မြင်ကွင်းတွေ ဖြစ်ပါတယ်။ မြို့ခံတွေ ပေးပို့လာတဲ့ မှတ်တမ်းဓာတ်ပုံတွေကို အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) ကနေ ဖော်ပြထားပါတယ်။ ဓာတ်ပုံ - GSCB
Read More

တောင်ပိုင်းစစ်ဒေသမှာ အခုတစ်ပတ်အတွင်း စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ်တွေ တိုက်ပွဲ ၁၄ ကြိမ် ဖြစ်ပွား၊ စစ်ကောင်စီတပ်သား (၇၃) ယောက် သေဆုံး…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲ ၁၄ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား (၇၃) ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ထိုင်းမှာ အလုပ်လုပ်ရင်း ပြန်ပို့ခံရပြီး စစ်မှုထမ်းစုဆောင်းခံရသူ ၂ ယောက် လက်နက်ကိုယ်စီနဲ့ အလင်းဝင်၊ စစ်ကောင်စီတပ်ကို ပြန်တိုက်မယ် ဟု ဆို

ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ရင်း မြန်မာပြည်ကို ဖမ်းဆီးပြန်ပို့ခံရကာ စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းခံခဲ့ရသူ ၂ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး ဒေါနတပ်ရင်းထံ အလင်းဝင်ရောက်လာကြောင်း တပ်ရင်းမှူး ကိုရန်နိုင်က မောင်းကို ပြောပါတယ်။