မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ PDF ဂိတ်ကို ဝင်ရောက်စီးနင်းတဲ့ စစ်ကောင်စီတပ်နဲ့ တော် လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေကာ တော်လှန်ရေးရဲဘော် ၁ ယောက်ကျဆုံးခဲ့တယ်လို့ အညာဒေသတော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂ ရက် မနက်ပိုင်းက မြင်းခြံမြို့နယ် လယ်သစ်ပျူစခန်းကနေ ထွက်လာတဲ့ အင်အား ၇၀ ခန့်ရှိ စစ်ကောင်စီတပ်သားတွေဟာ တူးရွင်းဘို့ကျေးရွာအနီးရှိ PDF ဂိတ်ကို ဝင်ရောက်စစ်ကြောင်းထိုးလာတဲ့အတွက် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ၁၀ နာရီကျော် ကြာမြင့်ခဲ့ပြီး စစ်‌ကောင်စီတပ်သား အများအပြား သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၁ ယောက်လည်း ကျဆုံးခဲ့ရပြီး ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို အညာဒေသတော်လှန်ရေးအင်အားစု၊ ရွှေခြံသား၊ နဂါးနီ၊ MP 9၊ ပြည်သူ့ ကြယ်တစ်ပွင့်၊ မြင်းခြံမြို့နယ် ပကဖ၊ ခရိုင် drone၊ မြင်းခြံခရိုင်တပ်ရင်း၂နဲ့ Wolf Guerrilla Force အဖွဲ့ တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မတ္တရာမြို့နယ်အတွင်း ကလေးငယ်တွေကို လေကြောင်းအန္တရာယ်ပညာပေး လက်တွေ့သရုပ်ပြ (ရုပ်/သံ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းကနေ အရပ်သားပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေရှိနေတဲ့အတွက် PDF ရဲဘော်တွေဟာ မြေပြင်က ကလေးငယ်တွေကို လေကြောင်းအန္တရာယ်ပညာပေးမှု လက်တွေ့သရုပ်ပြခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - မတ္တရာမြို့နယ်ထံက သိရပါတယ်။
Read More

ရမည်းသင်းတွင် ကားကို ဆိုင်ကယ်ဝင်တိုက်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် အမျိုးသား ၂ ဦး သေဆုံး (ရုပ်သံ)

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာ ကားကို ဆိုင်ကယ်က နောက်ကနေ ဝင်တိုက်ရာက ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ယောက်နဲ့ အမျိုးသား ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်အုပ်စု ၉ ဦး သေ (ရုပ်/သံ)

မေလ ၇ ရက် မနက်ပိုင်းက ထားဝယ်မြို့အဝင်ရှိ ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁ နာရီကြာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ပုလောမြို့နယ် နန်‌တောင်ရွာတွင် တပ်စွဲထားသည့် စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက် စစ်သား ၁ ဦး သေပြီး ၄ ဦး ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် နန်းတောင်ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ယောက် သေပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နာမည်ဆိုးဖြင့် ကျော်ကြားသည့် ပေါက်ကိုယ်တော်အား အရှင်ဆေကိန္ဒ သိန်း ၁၀၀ ပေးအပ်လှူဒါန်း (ရုပ်/သံ)

မန္တလေးနဲ့ မကွေးတိုင်းအတွင်း ပျူစောထီးတွေ မွေးထုတ်ပြီး အကြမ်းဖက်စစ်ကောင်စီ အာဏာတည်မြဲဖို့ လုပ်ဆောင်ပေးနေတဲ့ ပေါက်ကိုယ်တော်ကို အရှင်ဆေကိန္ဒက သိန်း ၁၀၀ လှူဒါန်းခဲ့တဲ့ ရုပ်သံဖိုင်ကို ပေါက်ကိုယ်တော်က TikTok အကောင့်ကနေ မျှဝေခဲ့ပါတယ်။
Read More

တံတားဦးမှ ငါန်းဇွန်ဘက် လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲပြီး လက်နက်ငယ်‌များဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်သားအများအပြားသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း တံတားဦးမြို့နယ်ကနေ ငါန်းဇွန်မြို့နယ်ဘက် လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ Special Task Force ngazun က သတင်းထုတ်ပြန်ထားပါတယ်။