စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်း စစ်ကောင်စီတပ်သား ၂ ပွင့်ဗိုလ်အရာရှိ အပါအဝင် ၈ ယောက်သေစေခဲ့တဲ့ တိုက်ပွဲပြန် တော်လှန်ရေးရဲဘော်တွေကို ပြည်သူတွေက သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က သတင်းထုတ်ပြန်ထားပါတယ်။

တန့်ဆည်မြို့နယ်၊ သဲကုန်းကျေးရွာဘက် ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဇွန်လ ၂ ရက် မနက်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၂ ပွင့်ဗိုလ်အပါအဝင် စစ်ကောင်စီတပ်သား ၈ ယောက်သေဆုံးခဲ့ကာ ကာဘိုင်အမျိုးအစား သေနတ် ၂ လက်နဲ့ ကျည်အချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA၊ တန့်ဆည်မြို့နယ် ပကဖ၊ တိုက် နယ် (၂) ပကဖ နဲ့ ရေဦးပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLA

0 Shares:
You May Also Like
Read More

မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းရဲဘော်များ အမေ့အား လွမ်းဆွတ်မှု (ရုပ်/သံ)

မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သင်တန်းသားရဲဘော် တွေ သီချင်းဆိုထားတဲ့ ထူးအိမ်သင်ရဲ့ မေမေနေကောင်းလား သီချင်းကို Yenanthar Column က ထုတ်ပြန်လိုက်ပါတယ်။
Read More

ရေးမြို့နယ်တွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်တပ် ဗိုလ်ကြီး ၁ ဦး အပါ ၁၂ ဦး သေ (ရုပ်/သံ)

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်ရှင်တပ်ကိုတိုက်ခိုက်ရာ ဗိုလ်ကြီး ၁ ယောက် အပါအဝင် ၁၂ ယောက် သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က သတင်းထုတ်ပြန်ပါတယ်။ 
Read More

အမေရိကန်ရောက် မြန်မာနိုင်ငံသားများ ၈ လေးလုံးထီးသပိတ်လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင် (ရုပ်/သံ)

အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေ ၈ လေးလုံးအထိမ်းအမှတ်အကြို ထီးသပိတ်လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ မှတ်တမ်းဗီဒီယိုကို ရန်ကုန်လူထုသပိတ်က Facebook လူမှုကွန်ရက်ကနေ မျှဝေခဲ့ပါတယ်။
Read More

ကော့ကရိတ် အာရှလမ်းမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကော်မရှင်ဗိုလ်မှူး ၁ ‌ယောက် အပါအဝင် စစ်သားအများအပြား သေဆုံး (ရုပ်/သံ)

ကရင်ပြည်နယ် ကော့ကရိတ် အာရှလမ်း တတန်ကူးရွာတိုက်ပွဲမှာ စစ်ကော်မရှင် ဗိုလ်မှူး ၁ ယောက်၊ အရာရှိ ၄ ယောက်အပါအဝင် စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မင်းဘူးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ်- ၆ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဇဝဲရွာအခြေစိုက် ခမရ ၅၅၆ တပ်ရင်းမှ ထွက်လာသည့် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဇဝဲရွာအခြေစိုက် ခမရ ၅၅၆ တပ်ရင်းကနေ ထွက်လာတဲ့ စစ် ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရမ်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။