မန္တလေးတိုင်း၊ ပုဂံမြို့သစ်၊ ဂန့်ဂါရပ်ကွက်ရှိ ပျူစောထီးခေါင်းဆောင်နဲ့ နောက်လိုက်နောက်ပါ ပျူစောထီး ၈ ယောက်ကို ချေမှုန်းရှင်းလင်းခဲ့တယ်လို့  ထနောင်းမြေစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇွန်လ ၁ ရက်က ပုဂံမြို့သစ်၊ ဂန့်ဂါရပ်ကွက်ရှိ စစ်ကောင်စီလက်အောက်ခံ တပ်ထွက်ပျူစောထီးခေါင်းဆောင် ကိုဇော်ဇော် ဦးဆောင်တဲ့ ပျူစောထီးတွေ ရပ်ကွက်ထိပ်ရှိ ဇရပ်မှာ ပြည်သူတွေဆီက ဆက်ကြေးကောက်ခံနေတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်တွေ ပစ်ခတ်တဲ့ကျည်က ပျူစောထီးတွေ ပြန်လည်ပစ်ခတ်ဖို့ လုပ်ဆောင်နေတဲ့ လက်ပစ်ဗုံးကို ထိမှန်ပေါက်ကွဲကာ ပျူစောထီးခေါင်းဆာင် ကိုဇော်ဇော်နဲ့ နောက်လိုက်ပျူစောထီး ၈ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့ငွေလိုတဲ့အခါမှာ ဆက်ကြေးထွက်ကောက်တာ၊ ဇရပ်က ရပ်ကွက်ထိပ်မှာပါ၊ လက်ပစ်ဗုံးနဲ့ ပြန်ပစ်ဖို့လုပ်ပါတယ်။ ကျနော်တို့ကတော့ သူ့ပဲ ပစ်မှတ်ထားပစ်ခတ်ခဲ့တာပါ၊ ကျနော်တို့ သိမ်းဆည်းရမိထားတာက မီးလောင်နေတာတွေပါ၊ များတော့များပါတယ်။  စကစတွေ အလောင်းလာကောက်သွားတယ်ဗျ ၊ အခုလည်း စစ်ကြောင်းထိုးနေတယ်။ ပျူစောထီး ဇော်ဇော်ကြောင့် ဖမ်းဆီးခံရတဲ့သူတွေ များတယ်။ အတိအကျတော့မသိဘူး” လို့ ထနောင်းမြေစစ်ကြောင်း IO မူတူးက မောင်းကို ပြောပါတယ်။

တိုက်ခိုက်မှုအပြီး ပျူစောထီးတွေဆီက ပွိုင့် ၂၂ လက်လုပ်သေနတ် ၁ လက်၊ ကာဘိုင်လက်လုပ်သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ကာဘိုင်ကျည် ၁၀ တောင့်၊ ပွိုင့် ၂၂ ကျည် ၆ တောင့်၊ ဆိုင်ကယ် ၂ စီးနဲ့ ပျူစောထီးသက်သေခံ အထောက်အထားတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ထနောင်းမြေစစ်‌ကြောင်းနဲ့အတူ BAGAN & NYAUNG -U Special Task Force တို့ ပူးပေါင်းပါ၀င်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မတ္တရာမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာ၊ အနွေးထည်နဲ့ စောင်တွေကို ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေအတွက် သပိတ်ကျင်းတိုက်နယ်(ပကဖ) ဗိုလ်လင်းယုန်တပ်ဖွဲ့က သပိတ်ကျင်းမြို့နယ် (ပကဖ) အဖွဲ့ ၊ နွေဦးမေနဲ့ သွေးချင်းညီမများအဖွဲ့နဲ့အတူ စားနပ်ရိက္ခာ၊ အနွေးထည်နဲ့ စောင်တွေကို ဇန်နဝါရီလ ၇ ရက်မှာ သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ကလလတ အမှတ် (၉၄၂၀) တပ်ရင်း ဦးစီးမှုနှင့် လုပ်ငန်းသုံး အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ကလလတ) အမှတ် (၉၄၂၀) တပ်ရင်းက ဦးစီးကာ 'တော်လှန်ရေးသည် ငါတို့ကျောင်း၊ ငါတို့ တက္ကသိုလ်' အစီအစဥ်နဲ့ လုပ်ငန်းသုံး အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NMSP-AD / RMA ၏ မြို့ပြ အနီးကပ် တိုက်ခိုက်မှုသင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းအခမ်းအနား

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (NMSP-AD / RMA) က ဦးဆောင် ဖွင့်လှစ်သင်ကြားပေးတဲ့ မြို့ပြ အနီးကပ် တိုက်ခိုက်မှုသင်တန်း (Close Quarters Battle - CQB) အပတ်စဥ် ၂ သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပေါက်၊ ဂန့်ဂေါ၊ တောင်သာမြို့တို့မှာ စစ်တပ်လက်အောက်ခံ ပျူနှင့် ရဲများ ဆက်သွယ်အလင်းဝင်ရောက်မှုတွေရှိနေ

မကွေးတိုင်း ပေါက်၊ ဂန့်​ဂေါနဲ့ မန္တလေးတိုင်း တောင်သာမြို့နယ်တွေမှာ ရဲတပ်သား ၃ ယောက်နဲ့ ပျူစောထီး ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်ခဲ့ကြောင်း သက်ဆိုင်ရာ အဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။
Read More

နမ့်ခမ်းနဲ့ လောက်ကိုင်ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်

MNDAA နဲ့ TNLA တို့ထိန်းချုပ်ထားတဲ့ နမ့်ခမ်းနဲ့ လောက်ကိုင်မြို့တို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မင်းကင်းမြို့နယ်မှာ ပအဖ နဲ့ ပကဖ တွေ ပူးပေါင်းပြီး (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုပြုလုပ် (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ လူ့အခွင့်ရေးရာတာ၀န်ခံတို့ ဦးဆောင်ကာ မင်းကင်းမြို့နယ်၊ တပ်ရင်း- ၂၊ တပ်ခွဲ - ၁ က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။