မြန်မာစစ်တပ်နဲ့ ကရင်တော်လှန်ရေး ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတဖန် ပြန်လည်ပြင်းထန်နေတာကြောင့် ထိုင်းလေတပ်က နယ်စပ်ကင်းလှည့်နေကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ပြည်နယ်၊ ဖုတ်ဖရာ့နယ်စပ်တလျှောက် ထိုင်းလေပိုင်နက်ကို ကင်းလှည့်ဖို့ နခွန်စဝမ်ပြည်နယ် လေတပ်အခြေစိုက်စခန်းကနေ F-16 တိုက်လေယာဉ်နှစ်စင်းကို ထိုင်းတော်ဝင်လေတပ်က မေလ ၃ ရက်နေ့မှာ စေလွှတ်လိုက်တာပါ။

ထိုင်းနယ်စပ်နဲ့ ၁ ကီလိုမီတာခန့်အကွာ ကရင်ပြည်နယ်၊ မြဝတီမြို့အနီးက အကြမ်းဖက်စစ်ကောင်စီရဲ့ သေ့ဘောဘိုးစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၊ ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ပူးပေါင်းထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပါတယ်။

(ဓာတ်ပုံ Khaosod English)

မနေ့က ဇွန်လ ၂ ရက်မှာလည်း သေ့ဘောဘိုးစခန်းကို ကရင်တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ တနေကုန် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ထိုင်းစစ်တပ်ကနယ်စပ်မျဉ်းတလျှောက် လုံခြုံရေး တိုးမြှင့်ထားတယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် ထိုင်းနယ်စပ်၊ ဖုတ်ဖရာ့နယ်မြေအတွင်းကို စစ်ဘေးရှောင်အမြောက်အမြား ထပ်မံထွက်ပြေးလာပြီး စုစုပေါင်း ၅၀၇ ယောက်ကို ခိုလှုံခွင့်ပေးထားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

ကရင်တော်လှန်ရေးတပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မေလက သေ့ဘောဘိုးစခန်းကို ပထမအကြိမ် သိမ်းပိုက်ရရှိခဲ့ပေမယ့် ပြန်လည်လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အဆိုပါ သေ့ဘောဘိုးစခန်းကို ပြန်လည်သိမ်းပိုက်ရရှိပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေပြီဖြစ်တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးသတင်းအရင်းအမြစ်တွေကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြထားကြပါတယ်။

(ဓာတ်ပုံ Khaosod English)
(ဓာတ်ပုံ Khaosod English)

မူရင်းသတင်း – Khaosod English 

0 Shares:
You May Also Like
Read More

ရုရှားနိုင်ငံရဲ့ ရင်ပြင်နီချီတက်ပွဲအခမ်းအနား အကြမ်းဖက်မင်းအောင်လှိုင်တို့ ဇနီးမောင်နှံ တက်ရောက်မည်၊ အဆိုပါအခမ်းအနား တက်မည့် ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ၏ လုံခြုံရေးကို တာဝန်မခံကြောင်း  ယူကရိန်းသမ္မတ ပြောကြားထား

ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ပြုလုပ်မယ့် နှစ် ၈၀ ပြည့် ရင်ပြင်နီချီတက်ပွဲအခမ်းအနားကို အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဇနီးဖြစ်သူ ကြူကြူလှတို့ တက်ရောက်မယ်လို့ အကြမ်းဖက်စစ်ကောင်စီက ဒီကနေ့ ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာခရိုနီတချို့အပေါ် အရေးယူပိတ်ဆို့မှု ရုပ်သိမ်းတာဟာ မင်းအောင်လှိုင်ရဲ့ပြန်စာနဲ့ မဆိုင်ဘူးလို့ အမေရိကန်ပြော

“ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းဖို့ ဆုံးဖြတ်ချက်ဟာ အရင်အစိုးရလက်ထက်က စတင်ခဲ့တဲ့ ရှည်လျားတဲ့ လုပ်ငန်းစဉ်ကို ထင်ဟပ်စေပါတယ်” "ဒီဆုံးဖြတ်ချက်တွေနဲ့ စာကြားမှာ ဆက်စပ်မှုမရှိပါဘူး" လို့ ၎င်းက ဆိုပါတယ်။
Read More

တရုတ်လုပ်ငန်းရှင်က မြန်မာလုပ်သားတွေကို လုပ်ခလစာမပေးလို့ ထိုင်းမှာ ဆန္ဒပြ

တရုတ်လုပ်ငန်းရှင်တွေပိုင်ဆိုင်တဲ့ ထိုင်းနိုင်ငံ ပရာချင်ဘူရီ ခရိုင်ထဲက ရိုဂျာနာစက်မှုဇုန်မှာ မြန်မာအလုပ်သမား ၇၀၀ လောက် လုပ်ခလစာမရလို့ ဆန္ဒပြခဲ့ကြောင်း ထိုင်းအခြေစိုက် မီဒီယာတချို့မှာ ဖော်ပြလာပါတယ်။
Read More

ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ ဒေါ်နယ်ထရမ့်ကို NUG ယာယီသမ္မတ ဒူဝါလရှီးလ ဂုဏ်ပြု

အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဒေါ်နယ်ထရမ့်ကို ဂုဏ်ပြုတယ်ဆိုတာနဲ့ နှစ်နိုင်ငံအကြား ခိုင်မာတဲ့ ဆက်ဆံရေးဆက်လက်လုပ်ဆောင်ဖို့ မျှော်လင့်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက လူမှုကွန်ရက် X (Twitter) မှာ ရေးသားထားပါတယ်။
Read More

မြန်မာစစ်အုပ်စုကို စစ်လက်နက် တစိုက်မတ်မတ် ရောင်းချပေးနေသည့် တရုတ်အစိုးရပိုင် NORINCO ကုမ္ပဏီအား အရေးယူပေးရန် တောင်းဆို

မြန်မာစစ်အုပ်စုကို စစ်လက်နက် တစိုက်မတ်မတ် ရောင်းချပေးနေသည့် တရုတ်အစိုးရပိုင် NORINCO ကုမ္ပဏီအား အရေးယူပေးရန် Justice For Myanmar (JFM) အဖွဲ့က ယနေ့ထုတ်ပြန် တောင်းဆိုလိုက်သည်။
Read More

စစ်ကောင်စီဖမ်းထားတဲ့ ထိုင်းငါးဖမ်းသမား ၄ ဦး ပြန်လွတ်ပြီလို့ ထိုင်းအစိုးရ ပြော

စစ်ကောင်စီရေတပ်က ပစ်ခတ်ပြီး ဖမ်းဆီးခဲ့တဲ့ ငါးဖမ်းလှေပေါ်က ထိုင်းငါးဖမ်းသမား ၄ ယောက် ပြန်လွတ်ပြီလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာကြောင်း AFP က သတင်းဖော်ပြထားပါတယ်။