မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊  နွားထိုးကြီးမြို့နယ်ထဲက ဝက်လူးရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုဟာ ဒေသခံတွေကို သတ်ဖြတ်သွားသလို နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ နွားထိုးကြီးနယ်ခံတွေဆီက သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်တွေဟာ ဝက်လူးရွာထဲမှာ ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့ကတည်းကနေ ဒီနေ့အထိ တပ်စွဲထားတာ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်က ရွာထဲကိုဝင်လာချိန် ထွက်ပြေးတိမ်းရှောင်လို့မလွတ်တဲ့ ဒေသခံ ၅ ယောက်ကို ဖမ်းဆီးသတ်ဖြစ်လိုက်ပြီး နေအိမ် ၁၀ လုံးခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

“၁၅ ရက်နေ့မှာ စတာဆိုတော့ အသတ်ခံလိုက်ရတဲ့သူတွေက  ၁၆ ၊ ၁၇ ရက်နေ့မှာ တစ်ရက်ရက်ဖြစ်လိမ့်မယ်၊ ၁၆ ရက်နေ့မှာ ၄ ၊ ၅ ၊ ၁၀ ယောက်လောက်တော့ ခေါ်ဖမ်းလိုက်တယ်။ အဲ့ထဲကဟာတွေကိုလည်း ဖြစ်မယ်လို့ယူဆတယ်။ လက်ရှိသိရတဲ့သတင်းကတော့ အသတ်ခံရသူ  ၅ ဦးရှိတယ်လို့ သိရတယ်” လို့ နွားထိုးကြီးနယ်ခံတစ်ယောက်က မောင်းကိုပြောပါတယ်။

ဖမ်းဆီးအသတ်ခံရတဲ့သူတွေဟာ စစ်ကြောင်းထိုးတဲ့နေ့မှာ ရွာကနေ ထွက်ပြေးတိမ်းရှောင်ဖို့ လုပ်နေချိန် ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး အဲဒီထဲမှာ သက်ကြီးရွယ်အိုတွေပါသလို လူလတ်ပိုင်းတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ကျေးရွာထဲမှာရှိနေဆဲ ဖြစ်တာကြောင့် အသတ်ခံလိုက်ရတဲ့ဒေသခံတွေဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ မေလ ၁၇ ရက်နေ့က ဝက်လူးရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပေမယ့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တွေ မီးလောင်သွားခြင်းမရှိဘဲ ဇွန်လ ၁ ရက်နေ့မှာ ထပ်မံမီးရှို့ဖျက်ဆီးခဲ့တာလို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

“အရင်ကတည်းက သူတို့ရှို့တာတွေက မီးမလောင်တာ၊ မိုးကလည်း အရမ်းကောင်းနေတာဆိုတော့ လောင်တယ်ဆိုပေမယ့် မီးပြန်သေသွားတာ။ မနေ့ကလည်း ထပ်ရှို့တယ်”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့က မြင်းခြံ ၊ နွားထိုးကြီး ၊ တောင်သာမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ပစ်ခတ်မှုတွေအတွင်း ဝက်လူးရွာရဲစခန်းကို တိုက်ခိုက်ချိန် အထိနာသွားတဲ့ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ အလွန်အကျွံ အသုံးပြုခဲ့သေးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်ကော်မရှင်က ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာလ ၂၈ ရက်နေ့ ပြုလုပ်မည်ဟု ကြေညာ

မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်ကောင်မရှင်က ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာလ ၂၈ ရက်မှာ ပြုလုပ်သွားမယ်လို့ ဒီနေ့ မွန်းလွဲပိုင်းမှာ ထုတ်ပြန်ကြေညာလာပါတယ်။
Read More

နတ်တလင်းတွင် ဒေသခံ ၂ ဦး ပေါ်တာဆွဲ ခေါ်ဆောင်ခံရ၊ တစ်ဦးလျှင် သိန်း ၂၀ ဖြင့် ပြန်ရွေးခဲ့ရဟု ဆို

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ဒေသခံအမျိုးသား ၃ ယောက်ကို စစ်ကော်မရှင်တပ်သားတွေက ပေါ်တာဆွဲဖမ်းဆီးသွားခဲ့တာကြောင့် ပိုက်ဆံပေးပြီး ပြန်ရွေးခဲ့ရတယ်လို့ နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပျူစောထီးမင်းမင်းကို သုတ်သင်ရှင်းလင်းမှုကိစ္စမှာ တာဝန်ရှိတဲ့ တော်လှန်ရေးရဲဘော် ၄ ယောက်ကို ထောင်အချုပ် ၁ နှစ်စီ ချမှတ်…

ပျူစောထီးခေါင်းဆောင် မင်းမင်းကို သုတ်သင်ရှင်းလင်းခဲ့တဲ့ တော်လှန်ရေးရဲဘော် ၄ ယောက်ကို အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ၊ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတို့နဲ့ ငြိစွန်းနေတဲ့အတွက် ထောင်အချုပ် ၁ နှစ်စီ ချမှတ်ခဲ့တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်( မကွေးတိုင်းအရှေ့ခြမ်း) တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကောင်စီက ငွေစက္ကူကျပ် ၃၁ ထရီလီယံအထိ အလွန်အကျွံ ရိုက်ထုတ်ပြီး တိုင်းပြည်စီးပွားရေးကို ဖျက်ဆီးနေ

စစ်ကောင်စီက ကျပ်ငွေ ၃၁ ထရီလီယံအထိ  ငွေစက္ကူ အလွန်အကျွံ ရိုက်ထုတ်ကာ တိုင်းပြည်ရဲ့ စီးပွားရေးတစ်ခုလုံးကို ဖျက်ဆီးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားလိုက်ပါတယ်။
Read More

ငလျင်အကြောင်းပြုကာ သူတို့ရဲ့ ယုတ်မာမှုတွေ ပေါ်ကုန်မှာစိုးတာကြောင့် နိုင်ငံတကာသတင်းသမားတွေကို ဝင်ခွင့်မပေးတဲ့ စစ်ကောင်စီ

နိုင်ငံတကာသတင်းဌာနတွေက သတင်းထောက်တွေကို ငလျင်ဘေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်း ဝင်ရောက်ကာ သတင်းလာယူခွင့်မပြုဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့မှာ ထုတ်ပြောခဲ့ပါတယ်။ 
Read More

တော်လှန်အနုပညာရှင် မင်းမော်ကွန်း၏ ဖြတ် ရုပ်ရှင် ကနေဒါမှာ ပြသ (ဓာတ်ပုံသတင်း)

အာဏာသိမ်း စစ်ကောင်စီကို အနုပညာအားနဲ့ တော်လှန်တိုက်ခိုက်နေတဲ့ မင်းမော်ကွန်းရဲ့ ဖြတ် ရုပ်ရှင်ပြပွဲကို မတ်လ ၁၅ ရက်က ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာပြည်နယ်၊ ဗန်ကူးဗားမြို့၊ BCIT မှာ ကျင်းပခဲ့ပါတယ်။