ချင်းပြည်နယ်၊ မြို့တော် ဟားခါးရှိ စစ်ကောင်စီလက်အောက်ခံ ရဲ ၁ ယောက်က လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Chinland Defense Force – Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။

မေလ ၃၁ ရက်မှာ ဟားခါးမြို့ရှိ ရဲတစ်ယောက်က စစ်ကောင်စီကို ဆန့်ကျင်ပြီး ပြည်သူ့တော်လှန်ရေးကို ပူးပေါင်းပါဝင်ဖို့ လက်နက်ခဲယမ်းတွေနဲ့အတူ Chinland Defense Force – Hakha ဆီ အလင်းဝင်လာခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာသူကို နွေးနွေးထွေးထွေး ကြိုဆိုကာ ဆုကြေးငွေ ချီးမြှင့်ခဲ့ပြီး လုံခြုံတဲ့နေရာရောက်တဲ့အထိ တာဝန်ယူဆောင်ရွက်ပေးမယ်လို့ Chinland Defense Force – Hakha က ဆိုပါတယ်။

စစ်ကောင်စီ လက်အောက်က တာဝန်မထမ်းဆောင်ချင်ဘဲ ပြည်သူ့ရင်ခွင်ဆီ ဘက်ပြောင်းချင်သူတွေကို အမြဲတမ်းကြိုဆိုနေပြီး လုံခြုံတဲ့နေရာ ရောက်တဲ့အထိ တာဝန်ယူပေးမယ်လို့ Chinland Defense Force – Hakha က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ငါ့သရောက်တိုက်ပွဲအတွင်း စစ်ကြောင်းမှူး စောစောစီးစီး သေကာ စစ်အုပ်စု ဖရိုဖရဲဖြစ်၊ သေဆုံးသူ အယောက် ၇၀ ကျော်ထဲမှာ ပုဂံညောင်ဦးမြို့ပေါ်မှ ပြည်သူ့စစ် အများအပြား​ပါဝင်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲအတွင်း အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ စစ်​အုပ်စုတွေကို စစ်ကြောင်းမှူး အပါအဝင် စစ်ကြောင်းတစ်ခုလုံးပြုတ်အောင် တော်လှန်ရေးတပ်တွေက စည်းစည်းလုံးလုံးနဲ့ ချေမှုန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

ပုလောမြို့နယ်တွင် အဓမ္မစစ်မှုထမ်းစုဆောင်းခံရသူတစ်ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ အဓမ္မစစ်သားစုဆောင်းခံရသူ စစ်သား (၁) ယောက် လက်နက်နဲ့အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ (၄) ထံ အလင်းဝင်ဘက်ပြောင်းခိုလှုံလာတယ်လို့ KNU မြိတ်ထားဝယ်ခရိုင် က ထုတ်ပြန်ပါတယ်။
Read More

ရေစကြိုမြို့နယ် ရေလယ်ကျွန်း ကျေးရွာ ၅ ရွာကို အကြမ်းဖက်စစ်တပ် ပစ္စည်းတွေ ခိုးယူ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသက ကျေးရွာ ၅ရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားတာကြောင့် လူနေအိမ် အလုံး၄၀ ထက်မနည်း ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။
Read More

ဂုတ်ထိပ်တံတား အပါအဝင် သိမ်းပိုက်နယ်မြေများအား TNLA တပ်မှူးနှင့် PDF ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ခရိုင်မှူးတို့ သွားရောက်ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ထဲမှာရှိတဲ့ နာမည်ကျော် ဂုတ်ထိပ်တံတားအပါအဝင် သိမ်းပိုက်နယ်မြေများကို တအာင်းတပ်မတော် PSLF/TNLA တပ်မှုး ဒုတိယဗိုလ်မှူးကြီး တားခြိူဝ်မျိုးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့မှ ခရိုင်မှူး ကိုကောင်းတို့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ PDF ကျောက်မဲခရိုင်တပ်ရင်းက ယမန့်နေ့ ဇန်နဝါရီ ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူတွေရဲ့ အားကြိုးမာန်တက် ထောက်ခံမှုကြောင့် ဦးကျော်မိုးထွန်း ကုလစင်မြင့်မှာဆက်လက်ရှိနေခဲ့တယ်လို့ GSCB ထုတ်ပြန်

ပြည်သူတွေရဲ့  တောင်းဆိုမှုတွေကြောင့်  ကုလသမဂ္ဂမှာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရပ်တည်ခွင့်ရခဲ့မှုကို ထောက်ခံဂုဏ်ပြု ကြိုဆိုတယ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု GSCB ကထုတ်ပြန်ပါတယ်။
Read More

သရက်နှင့် မင်းတုန်းတွင် စစ်တပ်ထုတ်ကုန်ရောင်းချမှုများအပေါ် အရေးယူမှု ပိုပြီးပြင်းထန်လာမည်ဟု PDF သတိပေး

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းနဲ့ သရက်မြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်အုပ်စုထုတ်ကုန်ပစ္စည်း ရောင်းချမှုတွေကို စစ်ဆေးအရေးယူတာတွေ ဆက်တိုက်လုပ်ဆောင်နေပေမယ့် အလေးမထားမှုတွေ ရှိနေသေးတဲ့အတွက် ပိုပြီးပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားဖို့ရှိတယ်လို့ ဗမာပြည်ကာကွယ်ရေးတပ်-USBA တာဝန်ခံ ကိုဗဟိန်းက မောင်းကိုပြောပါတယ်။