တအာင်းတပ်မတော် TNLA ထိန်းချုပ်စိုးမိုးရာဒေသတွေမှာ မေလတစ်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စွန့်ပစ်မိုင်းများကြောင့် အရပ်သားပြည်သူ (၂) ယောက် သေဆုံးပြီး (၃) ယောက် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

မူဆယ်မြို့နယ်၊ မိုင်းယု (၁၀၅) မှာ ပြီးခဲ့တဲ့ မေလ (၁၅)ရက်က တုန့်ခန်ကျေးရွာ‌နေ အသက် (၄၀)အရွယ် အမျိုးသားက နွားကျောင်းနေရာက အနားယူချိန် စစ်ကောင်စီ လက်ကျန်မိုင်းကို ဖိမိပြီးပေါက်ကွဲကာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

မေလ (၂၄)ရက်ကလည်း မိုးကုတ်မြို့နယ်မှာ အသက် (၂၅)နှစ်အရွယ် အမျိုးသားက စစ်ကောင်စီရဲ့ မိုးကုတ်ဗျူဟာလက်အောက်ခံတပ်ရင်း(၁၄၈)၊ တပ်စခန်းဟောင်း (၅)မိုင်ဂိတ်ရှေ့မှာ မိုင်းနင်းမိပြီး သေဆုံးသွားခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ဒါ့အပြင် သီပေါမြို့နယ်၊ ကုန်စုံကျေးရွာနေ အသက် (၃၂) နှစ်အရွယ် အမျိုးသားတစ်ယောက်လည်း မေလ (၇)ရက်က စစ်ကောင်စီတပ် ခလရ (၂၃)တပ်စခန်းဟောင်းဘေး ထင်းသွားခွေသွားရာမှ မိုင်းနင်းမိပြီး ညာဘက်ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

မေလ (၈)ရက်ကလည်း ကွန်စံလိပ်ကျေးရွာနေ အသက် (၃၁)နှစ်အရွယ် အမျိုးသားဟာ စစ်ကောင်စီတပ် ခမရ (၅၀၃) တပ်စခန်းဟောင်းအနီး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ (၂၉)ရက်ကလည်း နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင်းကျေးရွာနေ အမျိုးသားတစ်ယောက်ဟာ မ ဟိုပေါ်အထက်ကျေးရွာအနီး မိုင်းတစ်လုံးကို နင်းမိပြီး ညာခြေထောက်တစ်ဖက် ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတစ်လအတွင်းမှာလည်း အကြမ်းဖက် စ်‌ကောင်စီတပ်ရဲ့ စွန့်ပစ်မိုင်းတွေကြောင့် ပြည်သူ (၁) ယောက် သေဆုံးပြီး ကလေးငယ်အပါအဝင် (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

လောင်းလုံးတွင် မင်းအောင်လှိုင် လုံခြုံရေးအတွက် ဆင်းလာသည့် အကြမ်းဖက်စစ်ကြောင်းနှင့်တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်အုပ်စု အထိအခိုက်များ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လုံခြုံရေးအတွက် ဆင်းလာတဲ့ အကြမ်းဖက်စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးသူ အများအပြားရှိကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကိုင်းတိုင်း ကြားကာလအစိုးရ ဝန်ကြီးချုပ်အဖြစ် ဦးစိုးဦး၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးမြင့်ထွေး အသီးသီး ရွေးကောက်တင်မြှောက်ခံရ

တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ စစ်ကိုင်းတိုင်းအတွက် ကြားကာလအစိုးရ ဝန်ကြီးချုပ်အဖြစ် ဦးစိုးဦးကို ရွေးကောက်တင်မြှောက်လိုက်ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က ဒီနေ့မှာ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။
Read More

စလင်းမြို့နယ်မှူးရုံးတွင် ဒုမြို့နယ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် စစ်ကောင်စီလက်အောက်ခံ ဒုရဲမှူး ၁ ဦး အလင်းဝင်

မကွေးတိုင်း၊ စလင်းမြို့နယ်၊ မြို့နယ်မှူးရုံးမှာ ဒုမြို့နယ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဒုရဲမှူး ၁ ယောက် အလင်းဝင်လာတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆောင်းရာသီ ဝင်လာပြီဖြစ်တာကြောင့် ဂန့်ဂေါနယ်မှ စစ်ရှောင်များ အရေးပေါ် အကူအညီများ လိုအပ်နေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းနဲ့ ကလေးမြို့နယ် တောင်ပိုင်း၊ ယောနယ်အစပ် တလျှောက်က စစ်ရှောင်အရေအတွက်ဟာ သောင်းနဲ့ချီရှိနေပြီး ဆောင်းရာသီလည်း ဝင်လာပြီဖြစ်တာကြောင့် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။
Read More

သရက်ချောင်းမြို့နယ်တွင် နေအိမ်အလုံး ၆၀ ကျော်ကို စစ်အုပ်စု မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း နေအိမ် အလုံး ၆၀ ကျော်ကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရွေးကောက်ပွဲ ဆန့်ကျင်သည့်အနေနှင့် မန္တလေးနန်းတွင်းထဲရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်

မန္တလေး နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ထဲကို BWM အဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက ၁၀၇ ရှော့တိုက်ဒုံးတွေ အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ Brave Warriors For Myanmar (BWM) က အသိပေးထုတ်ပြန်ပါတယ်။