မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ် ခရိုင်မီးသတ်ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ အနီးကပ် တိုက်ခိုက်ခံရပြီး ၅ ယောက်သေဆုံးခဲ့တယ်လို့ Shwe Nyar Myae People Defense Force က သတင်းထုတ်ပြန်ထားပါတယ်။

ဇွန် ၁ ရက် မနက် ၃ နာရီခွဲဝန်းကျင်ခန့်က ပခုက္ကူမြို့ပေါ် ခရိုင်မီးသတ်ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက အနီးကပ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ယောက်သေကာ ထိခိုက် ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ပစ်ခတ်မှုအတွင်း ပခုက္ကူမြို့ပေါ်ရှိ တပ်မ ၁၀၁ နဲ့ လက်အောက်ခံတပ်စခန်းတွေက စစ်ကောင်စီတပ်ကူတွေ ရောက်ရှိလာတဲ့အတွက် တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါ တယ်။

အဲဒီတိုက်ခိုက်မှုကို Shwe Nyar Myae PDF နဲ့ ပခုက္ကူ ပ.က.ဖ တပ်ရင်း(၁)၊ နယ်စည်းမခြားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိုင်ပ.က.ဖ တပ်ရင်း(၃) တပ်ခွဲ(၄) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Video – Shwe Nyar Myae People Defense Force

0 Shares:
You May Also Like
Read More

မြဝတီ မင်းလက်ပံကျေးရွာအတွင်းရှိ ကျားဖြန့်အလုပ်ရုံကို KNU စီးနင်းမှု တရုတ်အပါအဝင် လူပေါင်း ၂၀၀၀ ကျော် တွေ့ရှိ (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံကျေးရွာအတွင်း DKBA လုံခြုံရေးယူပေးထားတဲ့ ကျားဖြန့် အလုပ်ရုံကို KNU က နိုဝင်ဘာ ၂၁ ရက်မှာ ဝင်ရောက်စီးနင်းခဲ့ရာ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် လူပေါင်း ၂၀၀၀ ကျော် တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဆင်ဖြူကျွန်းမြို့ပေါ်ကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် ဌာနဆိုင်ရာရုံးတွေ မီးလောင်ပြီး ပြည်သူ ၁ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့မှာ အကြမ်းဖက်စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲပြီး ဌာနဆိုင်ရာရုံးတွေ မီးလောင်ပြီး ပြည်သူ ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။
Read More

လားရှိုးမြို့ သာသနာ ၂၅၀၀ တောင်ကုန်းကို စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် ဘုန်းကြီးကျောင်းဆောင်နဲ့ စေတီတော် ထိခိုက်ပျက်စီး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့က သာသနာ ၂၅၀၀ တောင်ကုန်းကို ဒီနေ့ နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲချခဲ့တဲ့အတွက် ဘုန်းကြီးကျောင်းဆောင်နဲ့ ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဒေသခံပြည်သူတွေထံက သိရပါတယ်။
Read More

ရှမ်းတောင်-ကရင်နီ ရှေ့တန်းတွင် စစ်ရေးလှုပ်ရှားနေသည့် ရဲဘော်များ (ရုပ်/သံ)

ရှမ်းတောင်-ကရင်နီ ရှေ့တန်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ ရဲဘော်တွေရဲ့ မှတ်တမ်းရုပ်သံကို ရှမ်းတောင်၊ကရင်နီစစ်တိုင်း၊ ဗျူဟာ - ၁၁၊ ကရင်နီစစ်ဒေသက ထုတ်ပြန်လိုက်ပါတယ်။
Read More

စခန်းသိမ်း၊ မြို့သိမ်း၊ မြို့ထိန်း တိုက်ပွဲတွေ ဆင်နွှဲနိုင်အောင် MBT ရဲ့ End Point ကမ်ပိန်းမှာ ပါဝင်ပေးဖို့ မေတ္တာရပ်ခံ (ရုပ်/သံ)

Myingyan Black Tiger (MBT) တပ်ဖွဲ့က စခန်းသိမ်း၊ မြို့သိမ်း၊ မြို့ထိန်းတိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့ ပြုလုပ်ထားတဲ့ End Point ကမ်ပိန်းဟာ စက်တင်ဘာ ၆ ရက်က စတင်ခဲ့ပြီး ဒီနေ့အထိ ၂၉ ရာခိုင်နှုန်းသာ ပြည့်မီသေးတဲ့အတွက် ပြည်သူတွေ ပါဝင်အားပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။
Read More

စစ်ကောင်စီတပ် လေကြောင်းက ချပေးတဲ့ ခဲယမ်းတချို့ နဂါးနီစစ်ကြောင်းရရှိ (ရုပ်/သံ)

စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ချပေးတဲ့ ခဲယမ်းအချို့ကို သိမ်းဆည်းရရှိကြောင်း ဒီနေ့ ဇန်နဝါရီ ၂၂ ရက်မှာ နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။