ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ ပင်လယ်ပြင်ကျားဖောင်လုပ်ငန်းအတွက် ဝါးသယ်ယူသူတွေဆီကနေ အကြမ်းဖက်စစ်တပ်က ငွေကြေးအမြောက်အများ တောင်းယူနေတယ်လို့ ပင်လယ်ပြင် ကျားဖောင်လုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။
ကျားဖောင်လုပ်ငန်းအတွက် ငါးဖမ်းဖို့ စက်လှေတွေ က ဝါးသယ်ယူနေရတဲ့အချိန်ဖြစ်တဲ့အတွက် မဖြစ်မနေ ဝါးတွေ သယ်ယူနေရတာဖြစ်ပြီး သယ်ယူတဲ့ဝါးအရေအတွက်ပေါ် မူတည်ကာ ကျပ်သိန်း ၃၀ ကနေ သိန်း ၁၀၀ အထိ အကြမ်းဖက်စစ်တပ်ကို ပေးနေရတာဖြစ်တယ်လို့ သိရပါတယ်။
“အခုက ပင်လယ်ပြင်ငါးဖမ်းစက်လှေတွေရော ကျားဖောင်တွေပါ ပြင်ဆင်နေကြရတဲ့အချိန်လေ၊ အခုပင်လယ်ပြင်ကို ဝါးသယ်ယူနေကြရတဲ့အချိန်မှာ ဝါးသယ်ယူခထက် သူတို့ကိုပေးရတဲ့ငွေက အရမ်းကိုများနေတော့ လုပ်ငန်းခွင်မှာ အခက်ခဲတွေ ကြုံတွေ့နေကြရပြန်ပြီပေါ့၊ ကျားဖောင်အတွက်အလုပ်သမားဆိုတာကလည်း နွေအခါထဲက ကြိုပြီးခေါ်ယူထားရတာဆိုတော့ မလုပ်လို့ကလည်း မရဖြစ်နေရတယ်”လို့ ပင်လယ်ကျားဖောင်လုပ်ငန်းလုပ်သူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
“နေရာတကာ ကောက်ခံနေတာ၊ အခုက ဝါးသယ်ယူမှု့အနည်းအများပေါ် မူတည်ပြီး သူတို့ကို ပိုက်ဆံပေးရတာ၊ အနည်းဆုံး ကျပ်သိန်း ၃၀ ပေးနေရတယ်၊ အဖွဲစုံအတွက်ပေါ့၊ အဖွဲ့စုံဆိုတာက သစ်တော၊ ထွေအုပ်၊ ရဲ၊ ငါးလုပ်ငန်းဌာနနဲ့ အကြမ်းဖက်စစ်တပ်တို့ကိုပြောတာ၊ တစ်ခါမှ အဲ့လိုမပေးရဘူး၊ အခုအရမ်းခက်ခဲနေကြတဲ့အချိန်မှာ လက်နက်ပြပြီး ဓားမြတိုက်နေသလို ခံနေကြရတယ်” လို့ အဲ့ဒီကျားဖောင်လုပ်ငန်းရှင်က ဆက်ပြောပါတယ်။
ပင်လယ်ပြင် ရေလုပ်ငန်းလုပ်နေကြတဲ့ ဘုန်းကြီးသောင်၊ ကုလားထိပ်၊ ချောင်းဝ၊ ရွှေထီး၊ ခါးပြတ်၊ ဘန္ဒာပင်ကျေးရွာက ကျားဖောင်လုပ်ငန်းတွေမှာ အကြမ်းဖက်စစ်တပ်က ငွေကြေးကောက်ခံနေတာဖြစ်ပြီး တရားမဝင်ကျားဖောင်လုပ်ငန်းတွေကို ဝါးသယ်ယူမှုမပြုဘူးဆိုတဲ့ ခေါင်းစဥ်တပ်ကာ ဖျာပုံမြို့ကနေစလို့ ဂိတ်ချစစ်ဆေးနေပြီး နောက်ကွယ်ကနေ အကြမ်းဖက်စစ်တပ်က ငွေကြေးတောင်းယူမှုတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဓာတ်ပုံ – ပင်လယ်ကျားဖောင်လုပ်ငန်း (ပုံဟောင်း)
0 Shares:
You May Also Like
Read More

မြို့သိမ်းတိုက်ပွဲများမှ ရရှိခဲ့သည့် ၆၀ မမ စိန်ပြောင်းများဖြင့် ဆားလင်းကြီးမြို့ ထွေအုပ်ရုံးနှင့် ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ ထွေအုပ်ရုံးနဲ့ ရဲစခန်းတို့ကို မြို့သိမ်းတိုက်ပွဲတွေကနေ ရရှိထားတဲ့ ၆၀ မမ တွေနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ People’s Revolution Armed Force - PRAF ထံက သိရပါတယ်။
Read More

စစ်ဆင်ရေးနယ်မြေအတွင်းက 96 Soldiers PDF (တောင်ပိုင်းတိုင်းစစ်ဒေသ) တော်လှန်ရဲဘော်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ 96 Soldiers PDF (တောင်ပိုင်းတိုင်းစစ်ဒေသ) က တပ်ခွဲ-၂ တပ်ခွဲမှူး ကိုအငယ်လေးက ရှေ့တန်းစစ်ဆင်ရေးအတွက် ရဲဘော်တွေကို မှာကြားနေတဲ့ ပုံရိပ်တွေကို ထုတ်ပြန်လာပါတယ်။
Read More

ပေါက်မြောက်ပိုင်းကို ဝင်ရောက်သည့် အကြမ်းဖက်စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲများအတွင်း စစ်အုပ်စုဘက် ၁၂ ဦး သေကာ အများအပြားထိခိုက်

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲ ၄ ရက်ဖြစ်ပွားပြီး စစ်အုပ်စုဘက်က ၁၂ ယောက် သေကာ အများအပြားထိခိုက်ဒဏ်ရာရတဲ့အထိ ချေမှုန်းနိုင်ခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

ကန်ပက်လက် မြို့သိမ်းတိုက်ပွဲ စပြီလို့ ချင်းညီနောင် ကြေညာ

ချင်းပြည်နယ်က စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့ကို မြို့သိမ်းတိုက်ပွဲအဖြစ် စတင်တိုက်ခိုက်နေပြီလို့ ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်မှာ ချင်းညီနောင်တပ်ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။
Read More

မုံလှရွာတွင် တပ်စွဲထားသည့် စစ်အုပ်စုနှင့် ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်အုပ်စုဘက်မှ အများအပြား သေ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ရေဦးမြို့နယ်ထံက သိရပါတယ်။
Read More

မြိတ်မြို့အခြေစိုက် ခလရ ၁၀၃ မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူး အဆင့်ရှိသူကို ဖမ်းဆီးရမိ

တနင်္သာရီတိုင်း၊ မြိတ်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၁၀၃ တပ်ရင်းက ယာယီတပ်ရင်းမှူး ဗိုလ်မှူးအဆင့်ရှိသူကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။