ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်း‌ကျေးရွာ ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့  ရဲဘော် ၂ ယောက်ရဲ့ စျာပနာအခမ်းအနား မှတ်တမ်းပုံရိပ်တွေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၂၉ က ဒီနေ့ ထုတ်ပြန်ပါတယ်။ 

ကျဆုံးရဲဘော် ၂ ယောက်ကတော့ အသက် ၃၂ နှစ်အရွယ် စစ်ကြောင်းမှူး ရဲဘော် ရဲနိုင်(ခ)ဂျော်ကာ နဲ့ အသက် ၂၂ နှစ်အရွယ် ဒုတပ်ခွဲမှူး မင်းထက်နိုင်(ခ)အရိုးတို့  ဖြစ်တယ်လို့ ဆိုပါတယ်။

ကျဆုံးရဲဘော်တွေဟာ ဆောင်းပြောင်းရှေ့တန်းစစ်မြေပြင်မှာ ပြီးခဲ့တဲ့ မေလ ၁၇ ရက်ကနေ ၂၆ ရက်အထိ ၁၀ ရက်ကြာ နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေချိန် မေလ ၂၄ ရက် တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တွေကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

အာဏာရှင်စနစ်ကျရှုံးဖို့နဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ပေါက်လာဖို့ အသက်ပေးသွားတဲ့ ရဲ‌ဘော်နှစ်ယောက်အတွက် ဂုဏ်ယူဝမ်းနည်းမိသလို အသက်ပေးသွားတဲ့ အာဇာနည် ရဲဘော်အားလုံးအတွက် တော်လှန်ရေးပန်းတိုင်အရောက်သွားမယ်လို့ ကတိသစ္စာပြုကြောင်း KNDF တပ်ရင်း(၂၉) က ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ KNDF B-29)

0 Shares:
You May Also Like
Read More

ငလျင်ဒဏ် ခံစားနေရသည့် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေ၊ ချောင်းဦးမှာ စစ်ကောင်စီတပ်က စက်တပ်လေထီးနှင့် ဗုံးသီးကြဲချတိုက်ခိုက်နေ

စစ်ကိုင်းတိုင်းရှိ မြင်းမူ၊ ချောင်းဦး ၊ မုံရွာ စတဲ့မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေတယ်လို့ မြင်းမူမြိုနယ်သတင်းမှန်ပြန်ကြားရေးက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး လှုပ်ရှားနယ်မြေအတွင်းရှိ ပြည်သူလူထုနှင့် စစ်ရှောင်များကို ကျန်းမာရေးစောင့်ရှောက်မှုပေး

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)/ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) က လှုပ်ရှားနယ်မြေအတွင်းရှိ ဒေသခံပြည်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဟားခါးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရဲ ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

ချင်းပြည်နယ်၊ မြို့တော် ဟားခါးရှိ စစ်ကောင်စီလက်အောက်ခံ ရဲ ၁ ယောက်က လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြဝတီမြို့ အမှတ် (၃) ရပ်ကွက် မီးလောင်မှု နေအိမ် ၁၀ လုံးနဲ့ လူနေတန်းလျား ၁၆ ခန်း ပျက်စီးဆုံးရှုံး

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် (၃)ရပ်ကွက်မှာ ဇန်နဝါရီ ၁၅ ရက် မနေ့က ည ၇နာရီကျော်မှာ မီးလောင်မှုဖြစ်ပွါးပြီး လူနေအိမ် ၁၀ လုံးနဲ့ လူနေတန်းလျား ၁၆ ခန်း ပျက်စီးဆုံးရှုံးသွားတယ်လို့ ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။
Read More

အပစ်ရပ်ဖို့ အစီအစဉ်မရှိတဲ့ စစ်ကောင်စီနဲ့ အောင်မြေချဲ့မှ အောင်ပွဲကို ထိန်းထားနိုင်မယ့် MNDAA

ကိုးကန့်တပ် (MNDAA) ဟာ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကို တက်တက်ကြွကြွ ပူးပေါင်းပြီး အပစ်အခတ်ရပ်စဲမယ်လို့ တရားဝင်ကြေညာခဲ့ပေမယ့် စစ်ကောင်စီကတော့ MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ MNDAA ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းတာတွေ၊ စစ်မြေပြင်ချဲ့ထွင်တာတွေကိုလည်း လုပ်ဆောင်မှာ မဟုတ်ပေမယ့် မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင်သွားမယ်လို့ စက်တင်ဘာလ ၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတာပါ။