မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ပျူစောထီး အင်အားကောင်းတဲ့ ကန်နီကျေးရွာက ပြည်သူ ၃ ယောက်နဲ့ ကိုရင် ၂ ပါး ထွက်ပြေးတိမ်းရှောင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် တပ်ရင်း ၁၅ က ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၀ ရက်က ကန်နီပျူစောထီးကျေးရွာရှိ အရပ်သားပြည်သူ ၃ ယောက်နဲ့ ကိုရင် ၂ ပါးက ပခုက္ကူခရိုင်အမှတ်(၁၅)တပ်ရင်းနဲ့ ချိတ်ဆက်ပြီး ထွက်ပြေးတိမ်းရှောင်လာတယ်လို့ ဆိုပါတယ်။

အဆိုပါ တိမ်းရှောင်ထွက်ပြေးလာသူတွေကို ပခုက္ကူခရိုင်အမှတ်(၁၅)တပ်ရင်းက လိုအပ်တာ ကူညီဆောင်ရွက်ပေးပြီးနောက် ဘေးကင်းရာ ပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စလင်းမှ ဆင်ဖြူကျွန်းသို့ အင်အားလာဖြည့်သည့် စစ်ကောင်စီ သံပြားကာယာဉ် ၁ စီးကို ကြားဖြတ်တိုက်ခိုက်ရာ ၁ ဦး သေ

မကွေးတိုင်း၊ စလင်းမြို့ကနေ ဆင်ဖြူကျွန်းမြို့ကို အင်အားလာဖြည့်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အား ၂၀ ခန့်ပါ သံပြားကာကား ၁ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁ ယောက် သေဆုံးခဲ့တယ်လို့ ဗမာ့တပ်တော် (BAMAR ARMY) က ထုတ်ပြန်ပါတယ်။
Read More

မတ္တရာမြို့နယ် ဝေါရွာသစ်ကျေးရွာကို စစ်ကောင်စီ လက်နက်ကြီးရော လေကြောင်းဖြင့်ပါ တိုက်ခိုက်၊ ကလေးငယ်အပါ ၂ဦး သေဆုံးပြီး နို့စို့ကလေးအပါ အများအပြား ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဝေါရွာသစ်ကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် ၁ယောက်အပါအဝင် အရပ်သား ၂ယောက် သေဆုံးပြီး နို့စို့ကလေးအပါ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY -PDF က သတင်းထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား၊ စစ်သား ၆ ဦး သေပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာကိုခြေကုပ်ယူဖို့လာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၆ ယောက် သေဆုံးပြီး ၁၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပ.က.ဖ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

နေပြည်တော်ရှိ စစ်တပ်၏ ရတနာမြေအခြေပြု လုံခြုံရေးကင်းစခန်းကို PLA ဝင်ရောက်စီးနင်းရှင်းလင်း

နေပြည်တော်၊ ဥတ္တရသီရိ တပ်ကုန်းမြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ ရတနာမြေအခြေပြု လုံခြုံရေး ကင်းစခန်းကို  ၂ ရက်ဆက် စီးနင်းတိုက်ခိုက် ရှင်းလင်းနိုင်ခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြိုင်တွင် စစ်တပ်ရိက္ခာပို့စစ်ကြောင်းမှ စစ်မှုထမ်း ၁ဦး သေနတ်နှင့်ကျည်များ ယူဆောင်ကာ ထွက်ပြေးခိုလှုံ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ရိက္ခာပို့လာတဲ့ တပ်မ (၉၉) စစ်ကြောင်းက စစ်မှုထမ်းတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး ထွက်ပြေးခိုလှုံလာတယ်လို့ TYK ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စိတ်ရင်းစေတနာကောင်းနဲ့ အဂတိလိုက်စားမှုကို တိုက်ဖျက်နေတယ်၊ အဂတိလိုက်စားသူရဲ့ ပိုင်ဆိုင်မှုကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းမယ်လို့ မင်းအောင်လှိုင် ပြော

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံအတွက် စိတ်ရင်းစေတနာကောင်းကို အရင်းခံပြီး အဂတိလိုက်စားမှုကို တိုက်ဖျက်နေတယ်လို့  ပြောကြားလိုက်ပါတယ်။