စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်မှည အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ဖို့ ဒရုန်းတွေ ဝယ်ယူစမ်းသပ်မှုတွေ ပြုလုပ်နေတယ်လို့ ဓားမဆိုင်းတပ်ရင်း ၂၈ တာဝန်ရှိသူဆီက သိရပါတယ်။
Hexa အမျိုးစား ပန်ကာ ၆ လက်ပါတဲ့ ဒရုန်းဖြစ်ပြီး ဝန်သယ်ယူနိုင်တဲ့ Playload ကတော့ ၁၆ ကီလိုအထိအလေးချိန်ရှိတဲ့ ဗုံးအမျိုးအစား သယ်ယူအသုံးပြုနိုင်တာဖြစ်တယ်လို့ သိရပါတယ်။
“ဈေးနှုန်းကတော့ မြန်မာကျပ်ငွေ သိန်း ၃၀၀ ကျော်ကျတယ်ဗျ၊ ထိထိရောက်ရောက် အသုံးပြုဖို့ ဘတ္ထရီလိုအပ်ချက်လေးတော့ ရှိသေးတယ်၊ ၆ လက် ဒရုန်းဆိုတော့ သုံးရတဲ့ဗုံးသီးကလည်း ဆိုက်ကြီးသွားတာနဲ့အမျှ ကုန်ကျမှုပါ များသွားတာ” လို့ ဓားမဆိုင်းတပ်ရင်း ၂၈ တည်ထောင်သူ ဗိုလ်စွမ်းသူမောင်က မောင်းသတင်းဌာနကို ပြောပါတယ်။
“သုံးရတာ အဆင်ပြေပါတယ်၊ အခုစမ်းသပ်သုံးနေတဲ့ ဗုံးသီးကတော့ ၁ လုံးကို ၄ သိန်းနီးပါး ကျတယ်၊ အဓိက,ကတော့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နိုင်ဖို့ဆိုတော့ ကြိုးစားရမှာပေါ့” လို့ ဗိုလ်စွမ်းသူမောင်က ဆက်ပြောပါတယ်။
စက်တင်ဘာလအတွင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်က ဆားလင်းကြီးမြို့နယ်ထဲမှာရှိတဲ့တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းမှာရှိတဲ့ အလုပ်ဆိုဒ်တွေထဲမှာ အင်အားဖြည့်တင်းမှုတွေ ပြုလုပ်နေပြီး အနီးအနားရှိတဲ့ကျေးရွာတွေကို ဝင်ရောက်စီးနင်း စစ်ကြောင်းထိုးတာတွေကိုပါ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဓာတ်ပုံ – ဒရုန်းစမ်းသပ်နေပုံ
0 Shares:
You May Also Like
Read More

မြောင်တွင် မြို့ပေါ် ဆက်ကြေးကောက်နေသည့် စစ်သားများကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်က ဗိုလ်အပါ ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်မှာ အရပ်သားတွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ် ၁ ယောက်အပါအဝင် ၄ ယောက် သေဆုံးခဲ့တယ်လို့ CDSOM (ဗိုလ်စင်္ကြာ) စစ်ကြောင်းရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

အညာဒေသ စစ်ဘေးရှောင် စာသင်ကျောင်းတွေအတွက် လေကြောင်းရန်ကာကွယ်နိုင်ဖို့ စကားပြောစက်တွေ လှူဒါန်း

စစ်ကိုင်းတိုင်း၊ ဆားလင်ကြီးမြို့နယ်က စစ်ဘေးရှောင် စာသင်ကျောင်းအတွက် စကားပြောစက်တွေကို မနေ့က နိုဝင်ဘာလ ၇ ရက်မှာ အညာပစ်တိုင်းထောင်လေးများအဖွဲ့က သွားရောက်လှူဒါန်းခဲ့ကြပါတယ်။
Read More

မင်းတပ်မြို့က စစ်ကောင်စီရဲ့ လက်ကျန်စခန်း ခလရ ၂၇၄ တပ်ကို တိုက်ခိုက်သိမ်းပိုက်၊ မင်းတပ်မြို့နယ်မှာ စစ်တပ်လုံး၀ ကင်းစင်ပြီဖြစ်…

ချင်းပြည်နယ်၊ မင်းတပ်မြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်းဖြစ်တဲ့ ခလရ ၂၇၄ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မင်းတပ် တစ်မြို့နယ်လုံးမှာ စစ်တပ်ကင်းစင်သွားပြီဖြစ်တယ်လို့ ချင်းတော်လှန်ရေး သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

မိန်းမဖြစ်သူကို သတ်ဖြတ်ခဲ့သူအား PDF ဖမ်းဆီး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်းအုပ်စု၊ ဆယ်ရွာ တိမ်မြုပ်ချောင်းကမ်းအနီး နေအိမ်မှာ ဇနီးဖြစ်သူကို သတ်ဖြတ်ခဲ့တဲ့ အမျိုးသားကို PDF တွေ လတ်တလောမှာ ဖမ်းဆီးထားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၅) က သတင်းထုတ်ပြန်လာပါတယ်။
Read More

ရာမညမွန်တပ်တော်က ရုံးသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော်က ရုံးသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

တရုတ် စပွန်ဆာဖြင့် ပြုလုပ်သည့် ရွေးကောက်ပွဲအတုကို အဓိကဦးတည်လှုပ်ရှားမှု ၃ ရပ်ဖြင့် တိုက်ဖျက်ကြရန် GSCB တိုက်တွန်း

တရုတ်နိုင်ငံရဲ့ စပွန်ဆာနဲ့ ပြုလုပ်မယ့် အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအတုကို လူထုအားနဲ့ တိုက်ဖျက်ဖို့အတွက် လူထုတိုက်ပွဲရဲ့ အဓိကဦးတည်လှုပ်ရှားမှု ၃ ရပ်ကို အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (General Strike Coordination Body - GSCB) က ထုတ်ပြန်ထားပါတယ်။