ထိုင်းနိုင်ငံ မယ်ဆိုင်ကနေ မြန်မာနိုင်ငံ တာချီလိတ်ကို ဝင်ရောက်မယ့် သုံးဘီးယာဉ် ၁ စီးအတွင်းကနေ လက်လုပ်ပစ္စတို ၂၅ လက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မေလ ၃၁ ရက် ညနေပိုင်းက ထိုင်း-မြန်မာနယ်စပ်တံတားကနေ ဝင်ရောက်မယ့် သုံးဘီးယာဉ် ၁ စီးကို ထိုင်းအကောက်ခွန်ဂိတ်က စစ်ဆေးခဲ့ရာ ကောက်ရိုးထုံးအတွင်း ဝှက်ပြီးသယ်ဆောင်လာတဲ့ လက်လုပ်ပစ္စတို ၂၅ လက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ကောက်ရိုးထုံးကို ဘတ် ၄၀၀ နဲ့ ပို့ဆောင်ဖို့ ငှားရမ်းခဲ့တာလို့ သိရပြီး သယ်ဆောင်လာပေးတဲ့ ယာဉ်ပေါ်ပါသူ အသက် (၃၄)နှစ်နဲ့ အသက် (၃၅)နှစ်အရွယ် မြန်မာအမျိုးသား ၂ ယောက်ကို ထိုင်းအာဏာပိုင် တွေက ဖမ်းဆီးလိုက်ပြီး ဥပဒေအရ အရေးယူသွားမယ်လို့ သိရပါတယ်။

Video- Maesaipress

0 Shares:
You May Also Like
Read More

မြန်မာနိုင်ငံတစ်ဝန်း တက္ကသိုလ် ၁၂ ခုမှ သမဂ္ဂကျောင်းသား၊ကျောင်းသူများ ပါဝင်ဖျော်ဖြေခဲ့သည့် ”အတာစိုးမယ့် တမာမိုးသံချပ်” (ရုပ်/သံ)

မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ တက္ကသိုလ် ၁၂ ခုက သမဂ္ဂကျောင်းသား၊ ကျောင်းသူတွေ ပါဝင်ဖျော်ဖြေခဲ့တဲ့ ''အတာစိုးမယ့် တမာမိုးသံချပ်'' ကို အခုလိုပဲ နားဆင်ရမှာဖြစ်ပါတယ်။
Read More

PDF ထိန်းချုပ်နယ်မြေအတွင်း စားနပ်ရိက္ခာလာဝယ်သည့် ပြည်သူကို ရဲဘော်တစ်ယောက်က ဘယ်တော့မှ သေနတ်ပြောင်းလှည့်မှာ မဟုတ်ကြောင်း ရှင်းပြ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း စစ်အုပ်စုရဲ့ ပိတ်ဆို့ထားမှုကြောင့် စားနပ်ရိက္ခာပြတ်လပ်ကာ PDF ထိန်းချုပ်နယ်မြေအတွင်း လာဝယ်တဲ့ ပြည်သူလူထုကို PDF ရဲဘော်က သေနတ်ပြောင်း ဘယ်တော့မှ လှည့်မှာမဟုတ်ဘူးလို့ ရှင်းလင်းတင်ပြနေတဲ့ ရုပ်သံဖိုင်ကို KBL - PDF က ထုတ်ပြန်ခဲ့ပါတယ်။
Read More

မြောင်လမ်းခွဲတွင် ပိုက်ဆံတောင်းရန် ထွက်လာသည့် အကြမ်းဖက်စစ်သားများ၏ကား မိုင်းဆွဲတိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် မြောင်မြို့နယ်လမ်းခွဲဂိတ်မှာ ပိုက်ဆံတောင်းဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ T.G.R ပြည်သူ့ကာ ကွယ်ရေးတပ် ‌ဗိုလ်တိုက်ဂါးက ထုတ်ပြန်ထားပါတယ်။
Read More

ကော့သောင်းမြို့နယ်အတွင်း ရွေးကောက်ပွဲအတု လုံခြုံရေးယူရန်လာသည့် စစ်သင်္ဘောနှင့် စက်လှေများကို ကြားဖြတ်တိုက်ခိုက် (ရုပ်သံ)

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်အတွင်း အတုအယောင်ရွေးကောက်ပွဲအတွက် လုံခြုံရေးယူဖို့လာတဲ့ စစ်သင်္ဘောနဲ့ စက်လှေတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပျံလွှားပျောက်ကြားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျောက်မဲမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နဲ့ SSPP တို့ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နဲ့ SSPP/SSA တို့ ထိတွေ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းက အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကော်မရှင်တပ်ဟာ SSPP တပ်စခန်းတည်ရှိရာ ကျောက်မဲမြို့နယ် ပံ့ဝိုးကျေးရွာအုပ်စု ပုံဝိုးကျေးရွာအနီး ထိုးစစ်ဆင်လာတဲ့အတွက် နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ စစ်ကော်မရှင်တပ်မှ မြေပြင်စစ်ကြောင်းနှင့် ဒရုန်းများအသုံးပြီး တိုက်ခိုက်နေတယ်လို့ SSPP မှ ရုပ်သံဖိုင်နဲ့တကွ သတင်းထုတ်ပြန်ထားပါတယ်။