မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တွေရဲ့ နောက်ကွယ်က အဓိက တာဝန်ရှိသူတွေကို တမာအင်စတီကျု ကနေပြီး “သေနတ်များနောက်ကွယ်မှ သွေးစွန်းလက်များ၊ မြန်မာစစ်တပ်၏ လက်နက်ထုတ်သူများအား ဖော်ထုတ်ခြင်း” အမည်နဲ့ သုတေသနအစီရင်ခံစာ တစ်စောင်ကို ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်မှာ ထုတ်ပြန်လာပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အသက်သွေးကြောတစ်ခုဖြစ်တဲ့ ကပစ စက်ရုံပေါင်း၂၅ ရုံရှိပြီး အခု ထုတ်ပြန်ခဲ့တဲ့ သုသေတနစာတမ်းမှာ အဆိုပါ စက်ရုံ အားလုံးရဲ့ စက်ရုံမှူးနာမည်တွေကို အတိအလင်းဖော်ပြထားတာ ဖြစ်ပါတယ်။ 

အဲလို စစ်တပ်အတွက် လက်နက်ထုတ်လုပ်တာတွေကို အဓိက တာဝန်ယူနေသူတွေကတော့  ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း၊ ဒုတိယ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်တွေဖြစ်တဲ့ ဗိုလ်ချုပ်ကိုကိုလွင်၊ ဗိုလ်ချုပ် မျိုးအောင်၊ ကပစ စက်ရုံ ၂၅ခုက စက်ရုံမှူးတွေနဲ့ အင်ဂျင်နီယာတွေဟာ စစ်တပ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်ရာမှာ လိုအပ်တဲ့ စစ်လက်နက်ထုတ်လုပ်ရေးကို အကောင်အထည်ဖော်ပေးနေတဲ့ သွေးစွန်းလက်ပိုင်ရှင်တွေ ဖြစ်တယ်လို့ သုတေသနစာတမ်းမှာ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် ကပစ စက်ရုံတွေရဲ့ အဓိကတာဝန်ရှိသူ စက်ရုံမှူးတွေကတော့ ကပစ(၁) စက်ရုံမှူး ဗိုလ်မှူးကြီးဇော်မျိုးမင်း၊ ကပစ(၂) စက်ရုံမှူး ဗိုလ်မှူးကြီးလှသိန်း၊ ကပစ(၃) စက်ရုံမှူး ဗိုလ်မှူးကြီးမောင်စိုး၊ ကပစ(၄) စက်ရုံမှူး ဒုတိယဗိုလ်မှူးကြီး ဇော်မင်းထွန်း၊ ကပစ(၅) စက်ရုံမှူး ဗိုလ်မှူးချုပ်ထွေးလှ၊ ကပစ(၆) စက်ရုံမှူး ဗိုလ်မှူးကြီးတိုးလွင်၊ ကပစ(၇) စက်ရုံမှူး ဗိုလ်မှူးကြီးထွန်းထွန်းစိုး၊ ကပစ(၈) စက်ရုံမှူး ဗိုလ်မှူးကြီးမင်းစိုး၊ ကပစ(၉) စက်ရုံမှူး ဗိုလ်မှူးကြီးတင်မောင်ချို၊ ကပစ(၁၀) စက်ရုံမှူး ဗိုလ်မှူးကြီးရွှေမြ၊ ကပစ(၁၁) စက်ရုံမှူး ဗိုလ်မှူးကြီးမင်းမင်းဇော်၊ ကပစ(၁၂) စက်ရုံမှူး ဗိုလ်မှူးကြီးနိုင်အောင်၊ ကပစ(၁၃) စက်ရုံမှူး ဗိုလ်မှူးကြီးထွန်းထွန်းအေး၊ ကပစ(၁၄) စက်ရုံမှူး ဗိုလ်မှူးကြီးရဲဇော်ထွေး၊ ကပစ(၁၅) စက်ရုံမှူး ဗိုလ်မှူးကြီးဝင်းမြင့်မောင်၊ ကပစ(၁၆) စက်ရုံမှူး ဗိုလ်မှူးကြီးဇော်ထွန်းဦး၊ကပစ(၁၇) စက်ရုံမှူး ဗိုလ်မှူးကြီးသိန်းလွင်၊ ကပစ(၁၈) စက်ရုံမှူး ဗိုလ်မှူးကြီးဇော်မျိုးနိုင်၊ ကပစ(၁၉) စက်ရုံမှူး ဒုတိယဗိုလ်မှူးကြီးအောင်ထွေး၊ ကပစ(၂၀) စက်ရုံမှူး ဗိုလ်မှူးကြီးသက်ဝင်းအောင်၊ ကပစ(၂၁) စက်ရုံမှူး ဗိုလ်မှူးကြီးညီညီလတ်၊ ကပစ(၂၂) စက်ရုံမှူး ဒုတိယဗိုလ်မှူးမြတ်သူ၊ ကပစ(၂၃) စက်ရုံမှူးဗိုလ်မှူးကြီးတိုးလွင် ၊ ကပစ(၂၄) စက်ရုံမှူး ဗိုလ်မှူးကြီးအောင်ကိုကို နဲ့ ကပစ(၂၅) စက်ရုံမှူး ဗိုလ်မှူးကြီးရန်အေး တို့ ဖြစ်တယ်လို့ တမာအင်စတီကျုက ဆိုပါတယ်။ 

ကပစ စက်ရုံတွေဟာ “ကမ္ဘာပျက်ရင်တောင် ထုတ်လုပ်ရေးပဲ လုပ်ရမယ်” လို့ ကြွေးကြော်ထားတဲ့ စစ်တပ်ရဲ့ လက်ရုံးတပ်ဖွဲ့တွေဖြစ်ပြီး ကပစစက်ရုံတွေက စစ်သားတွေဟာ အရပ်သားတွေကို ဥပဒေမဲ့ ဖမ်းဆီးတာတွေ၊ ညှင်းပန်းနှိပ်စက်တာတွေ၊ သတ်ဖြတ်တာတွေ၊ ကျေးရွာတွေကို စစ်ကြောင်းထိုးတာတွေကို ကျူးလွန်နေတာတွေကိုလည်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် အခုလို သွေးစွန်းလက်ပိုင်ရှင်တွေကို ပြည်တွင်း၊ ပြည်ပကနေ ဒဏ်ခတ်ပိတ်ဆို့ဖို့နဲ့ အမည်ပျက်စာရင်း ကြေညာဖို့ကိုလည်း တမာအင်စတီကျုက တောင်းဆိုထားပါတယ်။ 

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့လည်း အခု အစီရင်ခံစာမှာ ဖော်ထုတ်ထားတဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံး ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ စက်ရုံမှူးတွေအားလုံးကို  အမည်ပျက်စာရင်းသွင်းကြေညာဖို့ကိုလည်း  တမာအင်စတီကျုက တောင်းဆိုထားပါသေးတယ်။

0 Shares:
You May Also Like
Read More

ကျောက်မဲမြို့နယ်၊ ပင်တီးကျေးရွာတွင် အကြမ်းဖက်စစ်တပ် လေကြောင်းမှ ဗုံးများ ကြဲချတိုက်ခိုက်၊ ဘုန်းကြီးကျောင်း ၁ ကျောင်း ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းတင်းအုပ်စု၊ ပင်တီးကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀) ဗုံး(၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြိုင်မှာ အကြမ်းဖက်စစ်ကြောင်းကြောင့် မြို့အနောက်တောင်ပိုင်းဇုန်က ရွာ ၁၀ရွာ ထက်မနည်း တိမ်းရှောင်နေရ၊ အရေးပေါ်လိုအပ်ချက်တွေ မြင့်တက်နေ

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် မြို့အနောက်တောင်ပိုင်းတကြောက ကျေးရွာတွေမှာအရပ်သားတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
Read More

ရေးအခြေစိုက် ခလရ (၂၉၉) တပ်ရင်းမှ စစ်သားနှစ်ဦး လက်နက်ခဲယမ်းဖြင့် အလင်းဝင်ရောက်လာခဲ့

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ခလရ (၂၉၉) တပ်ရင်းက စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ဒေါနစစ်ကြောင်း (၂)၊ ရေးပြောက်ကျားတပ်(YGF) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စကခ (၁၉) က ပြန်လာသည့် စစ်ကားကို ရေးပြောက်ကျားတပ်က ကြားဖြတ်တိုက်ခိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကမ -၁၉) က ထွက်လာတဲ့ စစ်ကားကို စောင့်ကြိုတိုက်ခိုက်ရာမှာ ကားပေါ်ပါလာတဲ့ တပ်ရေးဗိုလ်ကြီး ၁ယောက်အပါအဝင် ၄ ယောက် ထိခိုက်ခဲ့ကြောင်း ရေးပြောက်ကျားတပ်-YGF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ညောင်ဦးတွင် ဧည့်စာရင်းစစ်တာ အကြောင်းပြပြီး လူငယ်များကို အိမ်ပေါ်တက် ဖမ်းဆီးနေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့က ရပ်ကွက်တွေမှာ စစ်ကော်မရှင်က ဧည့်စာရင်းစစ်တာကို အကြောင်းပြပြီး လူငယ်တွေကို ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်နေတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ပုသိမ်မြို့နယ် မကျီးဇင်ကျေးရွာ ရဲစခန်းကို AA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီက ကျုံပျော်ကနေ ကား ၇ စီးနဲ့ စစ်ကူပို့

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီး မကျီးဇင်ကျေးရွာက ရဲစခန်းနဲ့ နေရာအတော်များများကို ရခိုင့်တပ်တော် AA ပူးပေါင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီးတဲ့နောက် စစ်တပ်က အဲဒီရွာဘက် ကျုံပျော်အခြေစိုက် ခလရ ၃၆ တပ်ရင်းက ထုတ်နုတ်အင်အားတွေ စစ်ကူပို့နေတယ်လို့ ကျုံပျော်မြို့ ဒေသခံတွေဆီက သိရပါတယ်။