စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်က အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်ကို ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုအတွင်း စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ထိခိုက်ပျက်စီးမှုတချို့ရှိကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့က ဒီကနေ့ညနေမှာ ထုတ်ပြန်ပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်သား ၆ ဦးသေဆုံးခဲ့တဲ့အပြင် တပ်တွင်းအချုပ်သား ၂ ဦးလည်း သေဆုံးခဲ့ပြီး၊ တပ်မ ၃၃ အတွင်းက ဗဟိုကင်းအဆောက်အအုံ၊ လိုင်းခန်းတစ်ခန်း၊ တပ်သုံး မော်တော်ယာဥ် ၂ စီးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ BWM အဖွဲ့ကဆိုပါတယ်။

ဒါ့အပြင် မော်တော်ယာဥ်မှူးနဲ့ စစ်သည် ၃ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး၊ တပ်တွင်း လိုင်းခန်း ထိခိုက်ပျက်စီးမှုကြောင့် ရဲမေ ၃ ဦးဒဏ်ရာရှိခဲ့တယ်လို့လည်း သိရပါတယ်။

ရှော့တိုက်ဒုံးပစ်ခတ်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့က သူတို့ရဲ့ BWM Mission 40 အဖြစ် ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး Shadow (စစ်ကိုင်း) အဖွဲ့၊ No More Dictatorship (NMD) နဲ့ စစ်ကိုင်းမြို့ပြ ပြောက်ကျား (Infinity) တို့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

“ထိပ်သီးခေါင်းဆောင်တစ်ယောက် လာမယ်ဆိုတာ သေချာတယ်၊ စစ်ကိုင်းတစ်မြို့လုံး လုံခြုံရေးတင်းကြပ်ထားသလို စစ်ကြောင်းတွေလည်း ဖြန့်ထိုးနေပါတယ်” လို့ ရှော့တိုက်ဒုံး ပစ်ခတ်မှုမှာ ပါဝင်ခဲ့တဲ့ No More Dictatorship (NMD) တာဝန်ရှိသူကလည်း မောင်းကိုပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

လွိုင်ကော်မြို့နယ်အတွင်းရှိ စစ်တပ်စခန်းနဲ့ စစ်ကူစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၂၀ ‌ထက်မနည်းသေဆုံးပြီး လက်နက် ၈လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်အတွင်း အခိုင်အမာတပ်စွဲထားတဲ့ စစ်တပ်စခန်းနဲ့ စစ်ကူစစ် ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ထက်မနည်းသေဆုံးပြီး လက်နက် ၈ လက် သိမ်း ဆည်းရရှိခဲ့တယ်လို့ KNDF မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကမ္မရဲစခန်းထဲ ဗုံးသီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့ရဲစခန်းထဲကို ဗုံးသီး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Three Brother Defence Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူတပ်မ ၁၀၁ ကို လက်နက်ကြီး ပစ်ခတ်မှုအတွင်း ရဲဘော်များ ပိတ်ဆို့တိုက်ခိုက်ခံရကာ ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တပ်မ ၁၀၁ ကို ၆၀ မမ လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ချိန် စစ်ကောင်စီတပ်ရဲ့ မြေပြင်ဝေဟင်ပိတ်ဆို့ခံရပြီး ‌ရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Burma Revolution Rangers အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဒီပဲယင်းမြို့နယ်မှာ ဘောလုံးပွဲကြည့်နေတဲ့ အရပ်သားတွေ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသူ ၂၀ နီးပါးထိရှိလာ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းမှာ မြန်မာနှင့်ဖိလစ်ပိုင် အမျိုးသမီးဘောလုံးအသင်းကို လက်ဖက်ရည်ဆိုင်မှာ အားပေးနေတဲ့ အရပ်သားတွေ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသူ ၂၀ နီးပါးထိရှိလာပြီဖြစ်တယ်လို့ ဒေသခံများဆီက သိရပါတယ်။ ဒီဇင်ဘာ ၅ ရက် ညပိုင်းက မိတ္ထီလာရှမ်းတဲလေတပ်ကနေ တက်လာတဲ့ MiG - 29 ဂျက်ဖိုက်တာ ၁ စီးဟာ မရကန်ကျေးရွာမှာ ဆီးဂိမ်းပြိုင်ပွဲအဖြစ် မြန်မာအမျိုးသမီးအသင်းနှင့် ဖိလစ်ပိုင်အမျိုးသမီး အသင်း ဘောလုံးပွဲကို ကြည့်ရှုနေတဲ့ လက်ဖက်ရည်ဆိုင်ကို ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

မန္တလေး ဂေါ်ဝန်ဆိပ်ကမ်းမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ရေယာဉ်အုပ်စုကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့သို့ လာတဲ့ စစ်ရေယာဉ်အုပ်စုကို ချင်းတွင်းမြစ်ကြောင်းတစ်နေရာမှာ ကြား ဖြတ်တိုက်ခိုက်ခဲ့တယ်လို့ One Star Task Force - OSTF အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်-ပြည်လမ်း စစ်ကွင်းတာဆုံဂိတ်ကို စီးနင်းတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၈ ဦး သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ စစ်ကွင်းမြို့၊ အုတ်တွင်းကျေးရွာအနီး ရန်ကုန်-ပြည်လမ်းပိုင်းမှာ တပ်အထိုင်ချပြီး ပြည်သူ တွေထံက ငွေညှစ်နေတဲ့ စစ်ကွင်းတာဆုံ စစ်ဆေး‌ရေးဂိတ်ကို မတ်လ ၂၀ ရက် မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ ထံက သိရပါတယ်။