စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ် (တပ်မ ၃၃) ကို ရှော့တိုက်ဒုံးပစ်ခတ်တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုတွေရှိကြောင်း Brave Warriors For Myanmar (BWM) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မေလ ၃၁ ရက်၊ နေ့လယ်ပိုင်းက စစ်ကိုင်းမြို့ပေါ်မှာရှိတဲ့ တပ်မ (၃၃) ဌာနချုပ်ဝန်းထဲကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးအောင်အောင်မြင်မြင်နဲ့ ပစ်ခတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

နွေဦးတော်လှန်ရေးကာလတစ်လျှောက် အရပ်သားပြည်သူတွေအပေါ် ညှင်းဆဲ သတ်ဖြတ်ရာမှာ အရက်စက်ဆုံးတပ်အဖြစ် နာမည်ထွက်ခဲ့သလို လက်ရှိမှာလည်း ဒုတပ်မမှူးဆိုသူ ကိုယ်တိုင်ဦးစီးပြီး ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ တပ်မ ၃၃ ဌာနချုပ်ကို အခုရက်ပိုင်းအတွင်း စစ်ကောင်စီ ထိပ်သီးခေါင်းဆောင်တစ်ယောက် ရောက်လာဖို့ရှိတာကြောင့် အခုလို တိုက်ခိုက်ခဲ့တာလို့ Brave Warriors For Myanmar (BWM) တာဝန်ရှိသူက ပြောပါတယ်။

“စကစ ခေါင်းဆောင်ပိုင်း ခရီးစဉ်ရှိတယ် ဆိုလို့လုပ်တာပါ။ အမြန်စီစဉ်ရတာမို့ အခက်အခဲတွေရှိခဲ့ပါတယ်။ လာမယ့် စစ်ကောင်စီထပ်သီးခေါင်းဆောင် ဘယ်သူဘယ်ဝါ စုံစမ်းနေဆဲဖြစ်ပြီး အဲ့ဒီလူ ထိခိုက်မှုရှိ၊ မရှိနဲ့ အခြား စစ်ကောင်စီဘက် ထိခိုက်မှုအခြေအနေအသေးစိတ်ကို စုံစမ်းနေဆဲပါ။ မစ်ရှင် အောင်မြင်အောင် ကူညီကြသော နယ်မြေခံတော်လှန်ရေးအဖွဲ့တွေကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်” လို့ Brave Warriors For Myanmar (BWM) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ရှော့တိုက်ဒုံးပစ်ခတ်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့က သူတို့ရဲ့ BWM Mission 40 အဖြစ် ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး Shadow (စစ်ကိုင်း) အဖွဲ့၊ No More Dictatorship (NMD) နဲ့ စစ်ကိုင်းမြို့ပြ ပြောက်ကျား (Infinity) တို့ကပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

“ထိပ်သီးခေါင်းဆောင်လာမယ်ဆိုတာ သေချာတယ်။ စစ်ကိုင်းတစ်မြို့လုံး လုံခြုံရေးတင်းကြပ်ထားသလို စစ်ကြောင်းတွေလည်း ဖြန့်ထိုးနေပါတယ်။” လို့ ရှော့တိုက်ဒုံး ပစ်ခတ်မှုမှာပါဝင်ခဲ့တဲ့ No More Dictatorship (NMD) တာဝန်ရှိသူကလည်း မောင်းကို ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူခရိုင်အခြေစိုက် အညာမြေတပ်ပေါင်းစုထံ တပ်ဖွဲ့ ၂ ခု ထပ်မံ ပေါင်းစည်းလာပြီး ဒေသတွင်း စစ်ရေးအရှိန်မြှင့်သွားဖို့ရှိနေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်အခြေစိုက် အညာမြေတပ်ပေါင်းစုတပ်ဖွဲ့ထံ တော်လှန်ရေးတပ်ဖွဲ့ ၂ခု ထပ်မံပေါင်းစည်းဝင်ရောက်လာပြီးတဲ့နောက် ဒေသတွင်းစစ်ရေး အရှိန်တိုးမြှင့်သွားဖို့ရှိတယ်လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

မြို့ပြတော်လှန်ရေးတပ်ဦး(URF) မှ တော်လှန်ရေး (၄) နှစ်တာကာလအတွင်း စိတ်ပိုင်း၊ ရုပ်ပိုင်း ထိခိုက်ခံစားခဲ့ရသည့် ရဲဘော်များအတွက် စိတ်ခွန်အားကူညီစောင့်ရှောက်မှုသင်တန်း ပြုလုပ်

မြို့ပြတော်လှန်ရေးတပ်ဦး(Urban Revolutionary Front - URF) ရဲ့ စခန်းတစ်နေရာမှာ စိတ်ပိုင်းဆိုင်ရာကူညီစောင့်ရှောက်မှုနဲ့ပတ်သက်တဲ့ (၂) ရက်တာ သင်တန်းကို စက်တင်ဘာလနောက်ဆုံးအပတ်အတွင်း ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်အတွက် ရက်လည်ဆွမ်းကပ်တရားနာ ပြုလုပ်…

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ရဲ့ လေယာဥ်ဗုံးစထိမှန်ပြီး ကျဆုံးခဲ့တဲ့ ရဲဘော် အညာသားရဲ့ ရက်လည်ဆွမ်းကပ်တရားနာကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

အမ်းကို စစ်ကူပို့တဲ့ စစ်ကောင်စီတပ်သားတွေ အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခံနေရပြီး ရခိုင်ရိုးမထဲ ကစဉ့်ကလျား ထွက်ပြေးနေရ

ရခိုင်ပြည်နယ်၊ အမ်းကို စစ်ကောင်စီက ကုန်းလမ်းကရော ဝေဟင်ကပါ စစ်ကူတွေပေးပို့နေပေမယ့် ကြားဖြတ်တိုက်ခိုက်ခံရမှုတွေကြောင့် စစ်ကူတွေ မရောက်ရှိတဲ့ အခြေအနေမျိုးစုံနဲ့ ကြုံတွေ့နေရကြောင်း CDM စစ်တပ်အရာရှိတွေ က ပြောပါတယ်။
Read More

ချောက်မှာ အကြမ်းဖက်စစ်တပ်က မြေပြင်ဝေဟင် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလို့ အရပ်သား ၂သောင်းကျော် ထွက်ပြေးနေရ၊ တိုက်ပွဲအတွင်း အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ပေတ ကျဆုံးခဲ့

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ အင်အားအလုံးအရင်းသုံးကာ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ ၃ ရက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မြင်းခြံခရိုင် အထူးလှုပ်ရှားစစ်ကြောင်းကို ခရိုင်အတွင်းလှုပ်ရှားနေသည့် တပ်ရင်းတပ်ဖွဲ့ ၈ခုဖြင့် စတင်ဖွဲ့စည်း

အကြမ်းဖက်စစ်အုပ်စု အထိနာစေမယ့် စစ်ဆင်ရေးတွေအတွက် မြင်းခြံခရိုင်အတွင်းက တပ်ရင်းတပ်ဖွဲ့ ၈ ခုပေါင်းပြီး မြင်းခြံခရိုင် အထူးလှုပ်ရှားစစ်ကြောင်းအဖြစ် စတင်ဖွဲ့စည်းလိုက်ကြောင်း အဲ့ဒီစစ်ကြောင်းမှာ ပါဝင်တဲ့ Myingyan Black Tiger (MBT) က အသိပေးထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာလ ၂၈ရက်နေ့ညပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ အဲ့ဒီအသိပေးချက်ထဲမှာ မြင်းခြံခရိုင်အတွင်းက ပြန့်ကျဲနေတဲ့ တပ်ရင်းတပ်ဖွဲ့တွေကို စုစည်းပြီး စစ်အုပ်စုအထိနာစေမယ့် စစ်ဆင်ရေးတွေ လုပ်ဆောင်နိုင်ဖို့ "မြင်းခြံခရိုင် အထူးလှုပ်ရှားစစ်ကြောင်း" ကိုဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ ဆိုထားတာပါ။