စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းမှု ကြောင့် လူနေရပ်ကွက်အတွင်း မြေပြိုမှုဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မေလ ၂၀ ရက်ကတည်းက မိုးများ အဆက်မပြတ်ရွာသွန်းနေပြီး တစ်ပတ်ကျော်အကြာ မေလ ၃၀ ရက် နေ့လယ်ပိုင်းမှာ လေရှီးမြို့ အမှုထမ်းရပ်ကွက်ရှိ လူနေအိမ်တစ်လုံး မြေပြိုကျမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မြေပြိုကျမှုမှာ လူနေအိမ်အတွင်း လူများမရှိတဲ့အတွက် ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

Video-Eno Rey Sing

0 Shares:
You May Also Like
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် မိုင်တိုင် အမှတ် ၃၁၉ မိုင် ၆ ဖာလုံမှာ ဒီနေ့ မတ်လ ၁၉ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ခရီးသွားပြည်သူတွေထံက သိရပါတယ်။
Read More

မြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာမှာ ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာမှာ ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှ အောင်ပွဲနှင့်အတူ ပြန်လာသည့် ကသာခရိုင်အမှတ် ၂ တပ်ရင်း ရဲဘော်များ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ပြီး အောင်ပွဲနဲ့အတူ ပြန်လာကြတဲ့ ကသာခရိုင်အမှတ် ၂ တပ်ရင်းရဲဘော်တွေကို ပြည်သူတွေက ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားတဲ့ စစ်ကော်မရှင်တပ်သားတွေ ဝှက်ထားတဲ့ လက်နက်တွေကို သိမ်းဆည်းရရှိ (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားတဲ့ စစ်ကော်မရှင်တပ်သားတွေ ဝှက် ထားတဲ့ လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Chin Defence Force - Mindat မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

နမခ ကနေ တပ်သားသစ်တွေ တင်ဆောင်လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ စစ်ကိုင်းတပ်မ ၃၃ ဆီ တပ်သားသစ်တွေ တင်ဆောင်ပြီး ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 peoples defense force အဖွဲ့ထံက သိရပါတယ်။
Read More

ဆင်ဖြူကျွန်းမြို့အနီး ကျေးရွာ ၂ ရွာကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်၊ အုန်းတောရွာ နဲ့ ကညှပ်ရွာကို ဇန်နဝါရီ ၃၀ ရက်မှာ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။