ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ဗီဇာ သက်တမ်းတိုးဖို့ စောင့်ဆိုင်းနေတဲ့ ရွေ့ပြောင်းမြန်မာအလုပ်သမားတွေကို ယာယီနေထိုင်အလုပ်လုပ်ခွင့် ခြောက်လ သက်တမ်းတိုးပေးမယ်လို့ ထိုင်နိုင်ငံအလုပ်သမား ဝန်ကြီးဌာနက‌ ကြေညာထားပါတယ်။

အခုတကြိမ် ယာယီသက်တမ်းတိုးပေးလိုက်တာဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာလည်း ထိုင်းအစိုးရကနေ ယာယီ ၆လ သက်တမ်းတိုးခဲ့တာပါ။ ယခုတိုးပေးတဲ့ သက်တမ်းဟာ လာမယ့် ဩဂုတ်လ ၁၄ ရက်ကနေ ၂၀၂၆ ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ အကျုံးဝင်မှာပဲ ဖြစ်ပါတယ်။

“အရင်ကတော့ ၈လပိုင်းထိ ယာယီသက်တမ်းတိုးပေးတယ်။ အခုက ၈လပိုင်းကျော်တော့ ထပ်ပြီး ယာယီ သက်တမ်းတိုးပေးတာပေါ့နော်။ အမှန်က အခုလက်ရှိ သက်တမ်းတောင် မကုန်သေးပါဘူး။ ရှေ့လဆိုရင် CI ထုတ်ပေးမယ့် စခန်းတွေ လာဖွင့်မယ်လို့ ကြေညာထားတယ်။ ဒါပေမယ့် လူသစ်တွေ အတွက်ပဲဖြစ်ပါမယ်။ အဲဒီစခန်းမှာ လူအဟောင်းတွေကို သက်တမ်းတိုးပေးမပေးကတော့ သေချာမသိရသေးပါဘူး။ ဒါပေမယ့် ထိုင်းဘက်ကနေတော့ သူတို့ မလုပ်ပေးလည်း နေထိုင်အလုပ်လုပ်ခွင့်ရအောင် ယာယီ လုပ်ထားပေးတဲ့ သဘောပေါ့ ” လို့ FED အလုပ်သမားရေးဌာနက ဦးမင်းဦးက မောင်းကို ပြောပါတယ်။

ပုံစာ- အလုပ်သမားကတ်ရရှိဖို့ လုပ်ဆောင်နေတဲ့ မြန်မာရွေ့ပြောင်းလုပ်သားများ (ပုံဟောင်း)

အလုပ်ဗီဇာသက်တမ်းတိုး စောင့်ဆိုင်းနေသူတွေဟာ ယာယီသက်တမ်းတိုးပေးထားတဲ့ ခြောက်လတာ ကာလအတွင်း ကျန်းမာရေးစစ်ဆေးထားရမှာဖြစ်ပြီး လိုအပ်တဲ့ အာမခံတွေနဲ့ စာရွက်စာတမ်းတွေကိုလည်း ပြင်ဆင်ထားရမယ်လို့ သိရပါတယ်။

ဒါ့အပြင် အလုပ်လုပ်ခွင့် သက်တမ်းတိုးပေးချိန် ရောက်ရှိလာပါက မိမိတို့ရဲ့ ပတ်စပို့စ်၊ CI စတဲ့ စာအုပ်တွေက အနည်းဆုံး ခြောက်လ သက်တမ်းကျန်ရှိရမှာဖြစ်ပြီး သက်တမ်း ကုန်ဆုံးခါနီးစာအုပ်တွေကို ကြိုတင် လဲလှယ်ထားရမှာ ဖြစ်တယ်လို့လည်း ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

“အခုလို သက်တမ်းတိုးပေးတာက လောလောဆယ်မှာ ရွေ့ပြောင်းမြန်မာအလုပ်သမားတွေ နေထိုင်ခွင့် အဆင်ပြေအောင်လောက်ပါပဲ။ ဒါပေမယ့် နစ်နာတာလည်း အများကြီးပါ။ အလုပ်ပြောင်းရွေ့တာတွေ၊ ယာဉ်မောင်း လိုင်စင် သက်တမ်းတိုးတာတွေ၊ ဘဏ်ကိစ္စတွေ၊ ခရီးသွားလာတာတွေမှာ ဒါတွေ အကုန်လုံးအခက်ခဲ ဖြစ်ကြတယ်” လို့ ဦးမင်းဦးက ဆက်ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မလေးရှားရောက် ချင်းဒုက္ခသည်များ UNHCR ကို ဆန္ဒပြ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

နယူးယောက်တွင် ရောင်နီ မဖျော်ဖြေခင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအတွက် ငြိမ်သက်ဆုတောင်းခဲ့

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့က ရောင်နီ ဖျော်ဖြေပွဲ ကျင်းပခဲ့ပြီး ပွဲမစတင်ခင်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေဖို့ တစ်မိနစ် ငြိမ်သက် ဆုတောင်းခဲ့ကြတယ်လို့ သိရပါတယ်။
Read More

မြန်မာဘက်မှာ လူကုန်ကူးခံထားရသူတွေကို တစ်ရက် လူ ၅၀၀ နှုန်း ထိုင်း လွှဲပြောင်းလက်ခံမယ်

မြဝတီမြို့နယ်က ကျားဖြန့်လုပ်ငန်းတွေထံမှာ လူကုန်ကူးခံထားရတဲ့ နိုင်ငံခြားသားတွေကို ထိုင်းဘက်က တစ်ရက်ကို လူ ၅၀၀ နှုန်း လက်ခံသွားဖို့ သဘောတူထားကြောင်း သိရပါတယ်။ ဖေဖော်ဝါရီ ၁၅ရက် ဒီနေ့ ပြုလုပ်ခဲ့တဲ့ ထိုင်း-မြန်မာ နယ်စပ်ကော်မတီ အစည်းအဝေးမှာ နှစ်နိုင်ငံကြား အခုလို သဘောတူညီခဲ့တာ ဖြစ်တယ်လို့ ထိုင်းသတင်းမီဒီယာတွေမှာ ရေးသားဖော်ပြထားပါတယ်။
Read More

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ပြီဟု ဗာတီကန်နန်းတော် ကြေညာ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဒီနေ့ဧပြီ ၂၁ ရက် မနက်ပိုင်းမှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ ဗာတီကန်နန်းတော်က ဒီကနေ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
Read More

မဲဆောက်တွင် မြန်မာအမျိုးသမီး၏ လည်ပင်းကို ဓားဖြင့်လှီးသူအား ဖမ်းဆီးရမိ

ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ လည်ပင်းကို ဓားနဲ့လှီးပြီး ထွက်ပြေးသွားတဲ့ အမျိုးသားကို ဖမ်းဆီးရမိခဲ့ပြီလို့ သိရပါတယ်။
Read More

မင်းအောင်လှိုင်က သူ့ကိုယ်သူ ဘုရင်လို့သုံးနှုန်းပြီး လက်နက်စကြာရှင် ပူတင်နှင့် တွေ့ဆုံမှုဟာ မြတ်စွာဘုရားရှင်၏ ဗျာဒိတ်တော်အရ ဖြစ်သည်ဟု ပြောဆို

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။