မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်း ပခုက္ကူမြို့ကနေ ပေါက်မြို့နယ်အထိ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်ကြောင့် ပေါက်မြို့နယ်အရှေ့ခြမ်းက အရပ်သား ရာနဲ့ချီ မိုးထဲလေထဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကိုပြောပါတယ်။

မေလ ၂၇ရက် မနက်ပိုင်းကစပြီး ပခုက္ကူမြို့အခြေစိုက် တပ်မ (၁၀၁) ကနေ ထွက်လာတဲ့ အင်အား ၁၅၀ပါ အကြမ်းဖက်စစ်ကြောင်းဟာ သဃ်န်းဝတ် ပျူစောထီးဘုန်းကြီး ဝါယမရဲ့ ညောင်ဂျစ်ပင်ရွာကို မေလ ၂၈ရက်နေ့မှာ ရောက်ရှိပြီး တစ်ညအိပ်ဝင်ရောက်တပ်စွဲခဲ့ကြောင်း သိရပါတယ်။

“ဝါယမက ညောင်ဂျစ်ပင်ရွာ ဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင်ပါ။ ပျူစောထီးခေါင်းဆောင်ပါ။ အာဏာမသိမ်းခင်ကတည်းက မဘသဘုန်းကြီးပါ။ အမေစု မုန်းတီးရေး တရားဟောတယ်။ အာဏာသိမ်းတာကို ထောက်ခံကြောင်း အဦးဆုံးပြောတဲ့ဘုန်းကြီးပါ။ ညောင်ဂျစ်ပင်နဲ့ အခုတော်လှန်ရေးတပ်တွေ သိမ်းထားတဲ့ ရေလာလေးကို သူခေါင်းဆောင်တယ်။ စခတွေပျူတွေကို သူ့ကျောင်းမှာ ထားတယ်။ ပခုက္ကူ-ကမ္မ-ပေါက်လမ်းပိုင်းမှာ ငွေညှစ်တယ်။ မရရင် ဖမ်းတယ်” လို့ အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကိုပြောပါတယ်။

မေလ ၂၉ရက် နောက်တစ်နေ့မနက်ပိုင်းမှာတော့ ဒီစစ်ကြောင်းဟာ ညောင်ဂျစ်ပင် ပျူစောထီးရွာကနေ ဆက်လက်ထွက်ခွာလာခဲ့ပြီး ရေလာကြီး ကျေးရွာက အရပ်သား၇ယောက်ကို လူသားဒိုင်းအဖြစ်ဖမ်းဆီးကာ ကမ္မတပ်ပေါင်းစု (KMDF)ရဲ့ စခန်းတစ်ခုကိုလည်း ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

ပုံစာ- ပခုက္ကူခရိုင်အတွင်းက စစ်ရှောင်အရပ်သားပြည်သူများ (ပုံဟောင်း)

မေလ ၂၉ရက်နေ့မှာတော့ အကြမ်းဖက်စစ်ကြောင်းဟာ ပခုက္ကူမြို့နယ် အင်းဘတ်ရွာကတဆင့် ပေါက်မြို့နယ်အတွင်း ဆက်လက်ဝင်ရောက်ပြီး ငမို့ကြီး၊ ငမို့လေးနဲ့ နတ်ဥယာဉ်ကျေးရွာတွေမှာ တထောက်နားကာ အရပ်သား ၂ယောက်ကို ထပ်မံဖမ်းဆီးခဲ့တယ်လို့လည်း သိရပါတယ်။

အဲ့ဒီနောက် မေလ ၃၀ရက်နေ့မှာတော့ အထက်ပါစစ်ကြောင်းဟာ ပေါက်မြို့နယ် ရေပြာ ရဲစခန်းကို ရောက်ရှိသွားခဲ့ပြီး လက်ရှိအချိန်အထိ တပ်စွဲထားကြောင်း စစ်ကြောင်းအခြေအနေကို စောင့်ကြည့်နေကြောင်း အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ပါတယ်။

“ကမ္မနဲ့ ရေပြာကြားက ကျေးရွာတွေ ရှောင်ကြရတယ်။ အခုက ရေပြာရဲစခန်းရောက်နေပြီဆိုတော့ ရေပြာနားက ရွာတွေသတိနဲ့ ရှောင်နေရပါတယ်။ ပေါက်အရှေ့ခြမ်းက အရပ်သားရာနဲ့ချီ ရှောင်နေရပါတယ်” လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ဆက်ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မြင်းမူမြို့၊ ရွှေဧကရာဇ်ရွှေဆိုင်မှ ဓားပြတိုက်လာသူ ၄ဦးကို ဧရာဝတီမြစ်ကြောင်းအတွင်း PDF များဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ကနေ ရွှေဆိုင်ဓားပြတိုက်ပြီး ပြန်လာတဲ့အဖွဲ့ကို တိုက်ရာပါပစ္စည်းတွေနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဧရာဝတီမြစ်ကြောင်းတစ်နေရာမှာ အသင့်စောင့်ကြို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူမြို့နယ်၊ နှောကုန်းရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး နေအိမ် ၁၈၀ ကျော်ကို မီးရှို့ဖျက်ဆီး၊ အမျိုးသမီး ၃ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ် …

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က နှောကုန်းရွာကို ဝင်ရောက်စီးနင်းကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးရင် အဘွားအို ၁ ယောက်အပါဝင် အမျိုးသမီး ၃ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့တယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မင်းအောင်လှိုင်က သူ့စစ်တပ်ကို အမွှန်းတင်၊ ဒီချုပ်အစိုးရကာလကို အပြစ်တင်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို ကတိမတည် အခွင့်အရေးသမားတွေအဖြစ် စွပ်စွဲ

ပြီးခဲ့တဲ့ ဒီချုပ်အစိုးရဟာ တိုင်းတစ်ပါးသားတွေကို ယုံကြည်မှုလွန်ကဲလို့ တိုင်းပြည်ဘဏ္ဍာတွေ ဆုံးရှုံးခဲ့ရပြီး ပြည်တွင်းရေးလျှို့ဝှက်ချက်တွေလည်း ပေါက်ကြားခဲ့ရတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ဝက်လက်နယ် အရှေ့တောင်ခြမ်းကို စစ်အုပ်စု လေကြောင်း ဗုံးကြဲ၍ လသားအရွယ် ကလေးတစ်ဦးအပါ လေး​ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်နယ်အရှေ့တောင်ခြမ်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဗုံးကြဲလို့ လသားအရွယ်ကလေးတစ်‌ ယောက်အပါအဝင် လေးယောက် သေဆုံးသွားတယ်လို့ ဝက်လက်နယ်ခံ ကိုဖေဖော်ဝါရီဝမ်းက ပြောပါတယ်။
Read More

တရုတ်-မြန်မာနယ်စပ် ကန်ဖန့်ရွာက ပြည်သူ့စစ် ၁၀၀ ကျော် လက်နက်တွေနဲ့အတူ အညံ့ခံ

တရုတ် - မြန်မာနယ်စပ် ကန်ဖန့်ရွာက ပြည်သူ့စစ် ၁၀၀ ကျော်ဟာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေထံ လက်နက်ချခဲ့တယ်လို့ ကချင် စစ်ရေးသတင်းရင်းမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

အင်းစိန် မြို့သစ် (ဂ) ရပ်ကွက်ရုံးကို မြို့ပြပြောက်ကျား၂ ဖွဲ့ လက်ပစ်ဗုံးများ ပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲရောင်းစားနေတဲ့ အကြမ်းဖက်စစ်ကော်မရှင် လက်အောက်ခံ မြို့သစ်(ဂ)ရပ်ကွက်ရုံးကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army အဖွဲ့က မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။